Blog

Web Size

အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ 10th Gen iPad နဲ့ M2 iPad Pro

Apple ကနေ အခုအချိန်မှာ iPad အသစ် ၂ မျိုးဖြစ်တဲ့ iPad 10th Gen နဲ့ iPad Pro အသစ်တွေကို တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။ အခု iPad အသစ် ၂ မျိုးစလုံးမှာ အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်တဲ့အတွက် ဘာတွေ ဘယ်လိုမျိုး ပြောင်းလဲသွားသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…။​
iPad 10th Gen
iPad 10th Gen ဟာ ယခင်တုန်းကလိုမျိုး Home Button ပါဝင်တဲ့ Design အစား လုံးဝ All-Screen Design အသစ်ဖြစ်သွားပါပြီ။​ အရောင်အနေနဲ့ Blue ၊ Pink ၊ Yellow နဲ့ Silver ဆိုပြီး ပိုမိုလှပတဲ့အရောင်အသစ်တွေကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Display အနေနဲ့ကတေ့ာ 10.9-inch Liquid Retina Display ကို အသုံးပြုထားပြီး 500nits Brightness ၊​ True Tone နည်းပညာတွေကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Touch ID ကလည်း ယခင် Home Button အစား iPad Air 5 လိုမျိုး Top Button မှာ ပြောင်းလဲထားပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာ A14 Bionic Chip ကို အသုံးပြုထားပြီး ယခင်ထက် CPU ပိုင်းမှာ ၂၀ ရာခိုင်နှုန်းအထိ ပိုမိုစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ Wi-Fi 6 အပြင် 5G ကိုပါ ထောက်ပံ့ပေးနိုင်ပြီဖြစ်သလို USB-C Port ကို ပြောင်းလဲအသုံးပြုထားတဲ့အတွက် ပိုမိုမြန်ဆန်စွာချိတ်ဆက်နိုင်ပါပြီ။
12MP Ultra Wide Front Camera ကို Video Call ပြောဆိုမှုတွေမှာ ပိုပြီးအဆင်ပြေသွားစေဖို့အတွက် Landscape အနေနဲ့ ပြောင်းလဲထည့်သွင်းပေးလိုက်ပါပြီ။​ တခြားသော Accessories တွေအနေနဲ့ Apple Pencil 1st Gen ကိုဆက်လက်ထောက်ပံ့ပေးထားသလို Function Keys ၊ TrackPad တွေပါဝင်တဲ့ Magic Keyboard Folio အသစ်ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
M2 iPad Pro
နောက်ထပ် Apple ကနေ လက်ရှိ M1 iPad Pro တွေကို ထပ်မံအဆင့်မြှင့်တင်ထားတဲ့ M2 iPad Pro အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ M2 Chip ကို အဆင့်မြှင့်တင်ထားတဲ့အတွက် ယခင်ထက် CPU ပိုင်း ၁၅ ရာခိုင်နှုန်း ၊​ GPU ပိုင်းမှာ ၃၅ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်ထက် Unified Memory Bandwidth ကို 100GB/s အထိ ထောက်ပံ့ပေးနိုင်တာကြောင့် ၅၀ ရာခိုင်နှုန်းအထိ ပိုမိုမြန်ဆန်မှာဖြစ်သလို 16GB Memory ပါဝင်တဲ့အတွက် Multitasking တွေ၊ ကြီးမားတဲ့ Project တွေကို ဆောင်ရွက်တဲ့အချိန်မှာ ပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ်။
M2 iPad Pro တွေဟာ Camera ပိုင်းမှာလည်း ပိုမိုအဆင့်မြှင့်တင်ပေးထားပြီး iPhone တွေလိုမျိုးပဲ ProRes Video တွေကို ရိုက်ကူးနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် M2 Chip မှာပါဝင်တဲ့ Media Engine ကို အသုံးပြုပြီး ProRes Video တွေကို iPad Pro ပေါ်မှာပဲ ယခင်ထက် ၃ ဆအထိ ပိုမိုမြန်ဆန်စွာ ရိုက်ကူးတည်းဖြတ်နိုင်ပါပြီ။​
အခုလိုမျိုး M2 Chip ကြောင့် စွမ်းဆောင်ရည်ပိုကောင်းလာတဲ့အပြင် Apple Pencil အသုံးပြုတဲ့အချိန်မှာလည်း Pencil Hover ဆိုတဲ့ Feature အသစ်ကို ရရှိလာပြီဖြစ်ပါတယ်။ အဆိုပါ Apple Pencil Hover Feature ဟာ Pencil ကို iPad Display ကနေ 12mm အကွာအဝေးကနေ သိရှိနိုင်ပြီး အသုံးပြုသူတွေကို Preview အနေနဲ့ ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Brush Size ကို ကြိုပြီး အရွယ်အစားချိန်ညှိတာတွေ၊ Scribble ဖြင့် စာရေးတဲ့အချိန်မှာ Text Field Box ကို အရွယ်အစားကြီးပေးတာတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။​
တခြားချိတ်ဆက်မှုပိုင်းမှာလည်း iPad Pro တွေဟာ 5G ကိုဆက်လက်ထောက်ပံ့ပေးထားမယ့်အပြင် Wi-Fi 6E ကိုပါ ထောက်ပံ့ထားပြီဖြစ်ပါတယ်။​ Design ပိုင်း ပြောင်းလဲခြင်းမရှိတာကြောင့် ယခင် Magic Keyboard အပြင် တခြားသော Accessories တွေကိုပါ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။​
Software ပိုင်းမှာလည်း iPadOS 16 ကြောင့် Stage Manager ၊​ Reference Mode လိုမျိုး Feature တွေကို အသုံးပြုနိုင်တော့မယ့်အပြင် iPad တွေမှာ ပထမဆုံးအနေနဲ့ Professional Color Grading & Video Editing Software တစ်ခုဖြစ်တဲ့ Davinci Resolve ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် M2 iPad Pro တွေဟာ လုံးဝကို Professional တွေအတွက် ပိုပြီး On The Go အသုံးပြုနိုင်ဖို့ ထုတ်လုပ်ထားတယ်လို့တောင် ပြောနိင်ပါတယ်။
Older

Belkin Product များကို Official Distributor အဖြစ်တင်သွင်းမယ့် iSure Myanmar

Newer

iPhone 14 မှာ အသစ်ပါလာတဲ့ Action Mode ကို ဘယ်လိုအသုံးချမလဲ…?

Start typing to see products you are looking for.
Shopping cart
Sign in


No account yet?

Create an Account

Delivery

၃သိန်းနှင့်အထက် ဝယ်ယူမှုများအတွက် ရန်ကုန်နှင့် မန္တလေးမြို့များကို Next Day Delivery ဖြင့် ပို့ဆောင်ပေးနေပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09880441122

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။