Blog

airpod

AirPods Pro ကို ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ…?

AirPods Pro တွေက သာမန် AirPods တွေနဲ့ယှဥ်ရင် Active Noise Cancellation (ANC) ပါဝင်လာပြီး In-Ear Design ဖြစ်သွားတဲ့အတွက် အမြဲတမ်း အသစ်အတိုင်းဖြစ်နေဖို့ သန့်ရှင်းရေးပုံမှန်ပြုလုပ်နိုင်ရင် အကောင်းဆုံးပါ။ ဒါကြောင့် AirPods Pro တွေကို သုံးနေတယ်ဆိုရင် ဘယ်လိုမျိုး သန့်ရှင်းရေးပြုလုပ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်…။​
အရင်ဆုံး AirPods Pro တွေကို သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ လုံးဝမပြုလုပ်သင့်တာတွေကတော့ Earbuds သို့မဟုတ် Charging Case ကို ရေနဲ့ တိုက်ရိုက်ဆေးကြောတာမျိုး၊ ချွန်ထက်တဲ့အရာဝတ္ထုတွေကို အသုံးပြုတာမျိုးကို ရှောင်ကျဥ်ရမှာဖြစ်ပါတယ်။
သန့်ရှင်းရေးပြုလုပ်တဲ့အချိန်မှာ အသင့်တော်ဆုံးပစ္စည်းတွေကတော့ Cotton Swab ၊​ Flosser Pick ၊​ Microfiber Cloth ၊ Isopropyl Alcohol နဲ့ Clorox Wipe တွေပဲဖြစ်ပါတယ်။
AirPods Pro Earbuds ကို သန့်ရှင်းရေးလုပ်နည်း
  • အရင်ဆုံး AirPods Pro ကို သန့်ရှင်းတဲ့ Microfiber Cloth ဖြင့် ပွတ်ပါ (ရေအနည်းငယ်စွတ်နိုင်ပါတယ်)​
  • တကယ်လို့ Microfiber Cloth မရှိပါတဲ့ 70% Alcohol Wipe သို့မဟုတ် Clorox Disinfecting Wipe တွေကို အသုံးပြုနိုင်ပါတယ်
  • Charging Case သို့မဟုတ် နားထဲမထည့်ခင် အခြောက်ခံထားပါ
  • ထောင့်အစွမ်းတွေအတွက် Cotton Swab သို့မဟုတ် Flosser Pick ကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်
AirPods Pro Eartips တွေကို သန့်ရှင်းရေးလုပ်နည်း
  • အရင်ဆုံး သန့်ရှင်းတ့ Microfiber Cloth သို့မဟုတ် Cotton Swab ဖြင့် အပြင်ပန်းကို သန့်ရှင်းရေးလုပ်ပါ
  • သေချာစွာဆေးကြောဖို့အတွက် AirPods Pro ကနေ Eartips တွေကို ဖြုတ်ပြီး ရေဖြင့် သန့်ရှင်းနိုင်ပါတယ် (ဆပ်ပြာ သို့မဟုတ် တခြားသော Cleaner တွေ အသုံးမပြုပါနဲ့)​
  • ရေဖြင့် ဆေးကြောပြီး အဝတ်ဖြင့် ခြောက်သွေ့အောင် သုတ်ပါ
  • Speaker Grille နေရာတွေကို ဂရုတစိုက်သန့်ရှင်းပါ
  • AirPods Pro မှာ Click အသံကြားရတဲ့အထိ ပြန်လည်တပ်ဆင်ပြီး အသုံးပြုနိုင်ပါပြီ
AirPods Pro Charging Case ကို သန့်ရှင်းရေးလုပ်နည်း
  • အပြင်ပန်းကို သန့်ရှင်းခြောက်သွေတဲ့ Microfiber Cloth ဖြင့် သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်
  • တကယ်လို့ Microfiber Cloth မရှိပါတဲ့ 70% Alcohol Wipe သို့မဟုတ် Clorox Disinfecting Wipe တွေကို အသုံးပြုနိုင်ပါတယ်
  • သန့်ရှင်းရေးပြုလုပ်တဲ့အချိန်မှာ Charging Port သို့မဟုတ် Earbuds Contact Point တွေကို မထိမိအောင် ဂရုစိုက်ပြုလုပ်ပါ
  • Charging Case အတွင်းပိုင်းနဲ့ Case အပိတ်အဖွင့်ကြား နေရာတွေကို Cotton Swab သို့မဟုတ် Flosser Pick ဖြင့် သန့်ရှင်းရေးပြုလုပ်နိုင်ပါတယ်။
Older

iOS 16 Home Screen က Search Button ကို ဘယ်လိုဖြုတ်မလဲ…?

Newer

M.S.T University & iSure Partnership Signing Ceremony

Start typing to see products you are looking for.
Shopping cart
Sign in


No account yet?

Create an Account

Delivery

၃သိန်းနှင့်အထက် ဝယ်ယူမှုများအတွက် ရန်ကုန်နှင့် မန္တလေးမြို့များကို Next Day Delivery ဖြင့် ပို့ဆောင်ပေးနေပါသည်။

အခြားမြို့များအတွက် မှာယူသည့်နေ့တွင် သက်ဆိုင်ရာ Delivery Service အပ်ပေးပါသည်။

Return

၇ရက်အတွင်းဖြစ်ပေါ်သော မူလချို့ယွင်းမှုများ အတွက် 24နာရီ အတွင်း အာမခံအပြည့်ပါသော ပစ္စည်းများဖြင့် အစားထိုးပေးပါသည်။

We Accept

လွယ်ကူမြန်ဆန်တဲ့ M Banking ကနေ No Service Charges နဲ့ ငွေပေးချေ ဝယ်ယူနိုင်ပါပြီ။

Call Us 09880441122

Operating Hour 9:00am to 7:30pm

Packing ဖွင့်ပြီးခါစ iPhone Factory Error တွေ့ရှိပါက iSure မှ ချက်ခြင်း Warranty အပြည့်ပါသည့် အမျိုးအစားတူနောက်တစ်လုံးနှင့် လဲလှယ်ပေးပါမည်။