Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)

FAQs

iSure က Apple Authorized လား?

iSure က Authorized Reseller မဟုတ်ပါဘူး။ Customer တွေ Apple Device ဝယ်ယူတာပဲ ဖြစ်ဖြစ် Service လုပ်ဆောင်တာပဲဖြစ်ဖြစ် စိတ်ချမ်းသာဆုံးဖြစ်တဲ့ Brand တစ်ခု ဖြစ်အောင်တည်ဆောက်ကြိုးစားနေတာပါ.... ဝန်ဆောင်မှုတိုင်း မှန်ကန် တိကျ မြန်ဆန်ပြီး အာမခံအပြည့် နဲ့ နေ့စဉ် အကောင်းဆုံး ကြိုးစားလျက်ပါ။

Trade in Service ဆိုတာဘာလဲ?

ကျွန်တော်တို့ iSure မှာ လုပ်ဆောင်ပေးနေတဲ့ Trade in Program လေး အကြောင်းကို ရှင်းပြပေးပါမယ်။ကျွန်တော်တို့iSure မှာ ဖုန်းကို အလဲအထပ်လုပ်ချင်တဲ့ Customer များ အတွက် ကျွန်တော်တို့နဲ့ချိတ်ဆက်ထားတဲ့ Second Partner များ ကို ရောင်းချပေးခြင်းဖြစ်ပါတယ်။ရောင်းချတဲ့ အချိန်မှာလည်း Customer များရဲ့ဖုန်းများကို ဈေးအများဆုံးပေးတဲ့ Second Partner များကို သာရောင်းချပေးမှာပါ။အခုလို ပြုလုပ်ခြင်းကလည်း ကျွန်တော်တို့ရဲ့Customer များကို အဆင်ပြေလွယ်ကူပြီးတော့ တစ်နေရာတည်းမှာ One-Stop ဖြစ်သွားအောင် လုပ်ပေးခြင်းဖြစ်ပါတယ်။လုပ်ဆောင်ပေးမဲ့ Model ကတော့ iPhone 11 ကနေ စတင်ပါမယ်။

Home Service ရှိလား ?

အိမ်မှာတော့ လာမပြင်ပေးပါဘူး, သတ်မှတ်ထားတဲ့ မြို့နယ်အတွင်းမှာ ဆိုရင်တော့ အိမ်အရောက် လာယူပေးပါတယ်/အခမဲ ပြန်ပို့ပေးပါတယ်။ 

E-SIM နဲ့ Dual-SIM ဘာကွာလဲ?

ကွာတာကတော့ Region ပါပဲ, eSIM က ZP/A (Singapore) နဲ့ Dual SIM က ZA/A (Hong Kong) ပါ, တကယ်တော့ ၂ မျိုးစလုံးက Dual type တွေပါပဲ, eSIM ကတော့ Nano SIM + eSIM သုံးလို့ ရပြီးတော့ Dual SIM က Nano SIM + Nano SIM ပါ။ iPhone Xs ကနေ စပြီးတော့ Apple က eSIM နည်းပညာကို မိတ်ဆက်ခဲ့ပြီးတော့ Hong Kong / China တို့မှာ က eSIM မသုံးတာကြောင့်မလို့ သူတို့အတွက် သီးသန့် Physical Dual SIM ဆိုပြီးတော့ ထုတ်ပေးတာပါ, မြန်မာမှာလည်း eSIM က သိပ်ပြီး မတွင်ကျယ်သေးတာကြောင့်မလို့ ဒီကို ပစ္စည်းဝင်နေတာပါ, အဓိကကတော့ Customer အသုံးပြုမယ့် SIM Operator အပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

iSure မှလက်ခံသောငွေပေးချေမှုစနစ်


ဆိုင်တွင် လာဝယ်သော Customer များ အနေဖြင့် Cash down, Bank transfer, Card Payment တို့ဖြင့် ပေးချေနိုင်ပါသည်။Bank transfer / KPay တို့ဖြင့် ပေးချေမည် ဆိုပါက Description တွင် Customer နာမည် (သို့) ဝယ်ယူသည့် Device ကို မဖြစ်မနေ ထည့်ရေးပေးပါရန်။
ရန်ကုန် နှင့် မန္တလေး မြို့တွင်းမှာလည်း Cash on delivery,  Bank transfer, Card Payment တို့ဖြင့် ပေးချေနိုင်ပါသည်။

နယ်ကနေရော ဘယ်လိုဝယ်ယူရမလဲ?ဘာတွေလိုအပ်မလဲ?

နယ်မှ ဝယ်ယူရော Customer များအနေဖြင့် လိုချင်သည့် Model အတိအကျ နာမည် ဖုန်းနံပါတ် နှင့် လိပ်စာအတိအကျအားပေးပြီး ငွေအပြည့်ပေးချေပြီးပါက Delivery Service ဖြင့် နယ်မြို့ပေါ်ဆိုပါက အိမ်အရောက်ပို့ဆောင်မှုဖြင့်ပို့ဆောင်ပေးမည်ဖြစ်ပြီး မြို့ပေါ်မဟုတ်ပါက Delivery Service ရုံးတွင်သွားရောက်ထုတ်ယူနိုင်ပါသည်။
မြို့ပေါ်မူတည်၍ အချိန်၃ရက်မှ၅ရက်ကြာမြင့်နိုင်ပြီး စိတ်ချရသော Delivery service များဖြင့်သာပို့ဆောင်ပေးခြင်းကြောင့် ယုံကြည်စ်တ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။

iSure ၏အခမဲ့ ဝန်ဆောင်မှုများ

  1. Replacement လုပ်စရာ မလိုသော Service များ (Silent ခလုတ် ကျွံ, ဖုန်ရှင်း, သန့်ရှင်းရေးလုပ်, Error စစ်)
  2. OS Update for iPhone & iPad 
  3. X, Xs, Xs Max, 11 Pro, 11 Pro Max ကို SILVER color ဖြစ်တယ်ဆိုရင် အခမဲ့ Polish တိုက်ပေးခြင်း
  4. သံဃာတော်များ အတွက် ပိဋကတ် (၃) ပုံ Software များ Free
  5. Charging Cable များ ပျက်စီးနေလျှင် အခမဲ့ ဖာထေးပေးခြင်း
  6. MacBook အတွက် Microsoft apps များ Free ထည့်ပေးခြင်း
  7. MacOSအသုံးပြုနည်းကို သင်ကြားပေးခြင်း
  8. MacBook များအတွက် Normal Cleaning Service အခမဲ့ ပြုလုပ်ပေးခြင်း
  9. Online Customer Support (via iSure Page or Phone)

Iphone Storage ထဲမှာ Other ဆိုတဲ့ data တွေများပြီးနေရာယူနေတာကိုဘယ်လိုလုပ်လို့ရမလဲ?

Setting > Safari > Clear History and Website dataဆိုတာကိုနှိပ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်ပါတယ်ခင်ဗျ။data clearလုပ်ပြီးရှင်းလို့အဆင်မပြေဘူးဆိုရင်တော့ Softwareပြန်ရေးမှပဲရပါမယ်။

Apple Original Accessories Warranty

Original accessories တိုင်းတွင် Apple မှ Official warranty 1 year ပါဝင်ပါသည်။ ဆိုင်အနေနဲ့ warranty ပေးထားခြင်းမရှိတာကြောင့် Error တစ်ခုခုကြောင့် Warranty ပြန်ပို့လျင် customer ဖက်မှ shipping fees ကျခံရပါမည်။ user fault ကြောင့်ဖြစ်တဲ့ error မျိုးဆို warranty အကျုံးမဝင်ပါ factory error မှသာ Warranty အကျုံးဝင်ပါသည်။ factroy error ဖြစ်လို့ apple ကိုပြန်ပို့မည်ဆို အချိန် ၁ လ ကြာမြင့်ပါမည်။

ဒီနေ့မှာရင် ဘယ်နေ့ရမလဲ?

ရန်ကုန်မြို့တွင်းမှာယူခြင်းများအတွက် ၂၄နာရီအတွင်း အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ်ပြီး
နယ်မှ မှာယူခြင်းများအတွက် အချိန် ၃ရက်မှ ၅ရက်ကြာမြင့်နိုင်ပါသည်။
လတ်တလောအခြေအနေအရ သတ်မှတ်အချိန်ထက်ပိုကြာခြင်းများလဲရှိနိုင်ပါသည်။

Order ဘယ်လို Cancel ရမလဲ?

မှာယူထားသော Order အား 24Hours အတွင်း Cancel လုပ်နိုင်ပြီး Cancel လုပ်မည်ဆိုပါက မှာယူထားသော နာမည်, ဖုန်းနံပါတ်နှင့် Device အား Hot Line - 09969911666 ကို ဆက်သွယ်သွယ်၍ Order Cancel ခြင်းပြုလုပ်နိုင်ပါသည်။