Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Premium ဆန်တဲ့ MagSafe Charger ကို ရှာဖွေနေတယ်ဆိုရင် စဥ်းစားသင့်တဲ့ Belkin

Premium ဆန်တဲ့ MagSafe Charger ကို ရှာဖွေနေတယ်ဆိုရင် စဥ်းစားသင့်တဲ့ Belkin

Apple ဟာ iPhone 12 Series မှာ MagSafe Charging နည်းပညာကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး MagSafe နည်းပညာကြောင့် Apple iPhone 12 Series ကို Wirless နည်းလမ်းနဲ့ အားသွင်းတဲ့အချိန်မှာ ပုံမှန် Wireless Charger တွေထက် ပိုမြန်ဆန်တဲ့ 15W Fast Wireless Charging အထိ ထောက်ပံ့ပေးနိုင်တာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း Apple MagSafe Charger ကို အသုံးပြုချင်တယ်ဆိုရင် အစောပိုင်းအချိန်အထိ Apple ကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ MagSafe Charger ကိုပဲ အသုံးပြုရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Charger Stand အနေနဲ့ အသုံးပြုချင်တယ်ဆိုရင် တခြား Third-party MagSafe Charger တွေကို ရွေးချယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ 

အခုအချိန်မှာတော့ iSure မှာ iPhone 12 Series ကို အသုံးပြုနေတဲ့သူတွေအတွက် Apple Original MagSafe Charger လိုမျိုးပဲ MagSafe Charger Stand တွေကို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒီ MagSafe Charger Stand တွေကလည်း နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Belkin ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။​အဲ့ဒါကြောင့် Quality ပိုင်းမှာ Premium ဆန်နေမှာဖြစ်သလို အာမခံပိုင်းမှာလည်း ၁ နှစ်အာမခံ အပြည့်အဝရရှိဦးမှာဖြစ်ပါတယ်။​

iSure မှာ ဝယ်ယူနိုင်တဲ့ Belkin MagSafe Charger တွေကတော့ BOOST CHARGE PRO Series ထဲက 2-in-1 နဲ့ 3-in-1 Wireless Charger with MagSafe ဖြစ်ပါတယ်။​ အဲ့ဒါကြောင့် iPhone 12 Series တင်မဟုတ်ဘဲ တခြားသော Apple Device တွေကိုပါ တပြိုင်တည်းအားသွင်းပေးနိုင်မှာပါ။ ဒီ Belkin MagSafe Wireless Charger တွေဟာ “Made For MagSafe” ဖြစ်တာကြောင့် Apple Original MagSafe Charger ကို အသုံးပြုနေတဲ့အတိုင်း စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

အရင်ဆုံး Design ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ရိုးရှင်းပြီး ကိုယ့်အလုပ်စားပွဲ သို့မဟုတ် အိမ်ခန်းမှာ ထားပြီးအသုံးပြုမယ်ဆိုရင် ဘယ်လိုပဲကြည့်ကြည့် လိုက်ဖက်နေမှာဖြစ်ပါတယ်။ iPhone 12 Series အပါအဝင် Apple Device တွေရဲ့ မြင့်မားတဲ့ Build Quality ကိုအကောင်းဆုံးတွဲဖက်နိုင်ဖို့အတွက် ကိုယ်ထည်ကိုလည်း Stainless Steel Architecturally Inspired Design နဲ့ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Belkin ရဲ့ BOOST CHARGE PRO Series MagSafe Wireless Charger တွေဟာ တခြားသော Wireless Charger တွေထက် ပိုပြီးအရည်အသွေးကောင်းသလို Design ပိုင်းအရလည်း လှပနေမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကလည်း ရိုးရှင်းတဲ့ အဖြုရောင်အပြင် Minimalist Color ဖြစ်တဲ့ အနက်ရောင် ၂ မျိုးဆိုပြီး ရွေးချယ်နိုင်မှာပါ။ 

နောက်ထပ်”Made For MagSafe” ဖြစ်တာရဲ့ အားသာချက်ကတော့ iPhone 12 Series ကို အားသွင်းတဲ့အချိန်မှာ Apple Original MagSafe Charger အတိုင်း 15W Fast Charging ကို ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ AirPods အပါအဝင် တခြားသော Qi Wireless Charging Support ပြုလုပ်တဲ့ Device တွေကို အားသွင်းပေးနိုင်တဲ့ Qi Wireless Charging Pad ကိုပါ MagSafe Charger အောက်မှာ ထည့်သွင်းပေးထားပါတယ်။ တကယ်လို့ Belkin BOOST CHARGE PRO 3-in-1 Wireless Charger with MagSafe ကို ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ Apple Watch အတွက် Magnetic Charging Module ကိုပါ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ 

iPhone 12 Series ကို အားသွင်းပေးမယ့် MagSafe Charging Module ကို Floating Design ပြုလုပ်ထားတာကြောင့် ဖုန်းဟာ လုံးဝကို လေပေါ်မှာ ဝဲနေသလိုမျိုးဖြစ်နေမှာဖြစ်ပြီး အလုပ်စားပွဲပေါ်မှာတင်ထားမယ်ဆိုရင် တကယ်ကို အကောင်းဆုံး Viewing Angle ကိုလည်း ရရှိစေဦးမှာဖြစ်ပါတယ်။ MagSafe နဲ့အားသွင်းထားတုန်း Notification တွေကြောင့် Vibration ဖြစ်နေလည်း ပြုတ်ကျမှာ စိတ်ပူစရာမလိုတဲ့ အားကောင်းတဲ့ သံလိုက်တွေကို အသုံးပြုထားပါတယ်။ အဲ့ဒါကြောင့် MagSafe နဲ့ 15W Wireless Fast Charging အားသွင်းနေရင်း ဖုန်းကို စိတ်ကြိုက် Floating Stand အနေနဲ့ Portrait သို့မဟုတ် Landscape Mode ၂ မျိုးစလုံးနဲ့ အသုံးပြုနေနိုင်မှာပါ။ 

ဒီလိုမျိုး Belkin BOOST CHARGE PRO Wireless Charger with MagSafe Series ဟာဆိုရင် AC Adapter ကိုလည်း တပါတည်းထည့်သွင်းပေးထားတာကြောင့် Apple Original MagSafe Charger လိုမျိုး သီးသန့် AC Adapter ကိုလည်း ဝယ်ယူစရာလိုအပ်မှာမဟုတ်ပါဘူး။​ ဒါတင်မဟုတ်သေးဘဲ Warranty ပိုင်းမှာ 1 Year Limited Warranty ပါဝင်တာကြောင့် ဝယ်ယူတဲ့အချိန်မှာ စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။​

စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Next article MacBook ဝယ်ပြီးရင် ဘယ် Accesories တွေကို အရင်ဆုံးဝယ်သင့်သလဲ