Skip to content
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
MacBook ဝယ်ပြီးရင် ဘယ် Accesories တွေကို အရင်ဆုံးဝယ်သင့်သလဲ

MacBook ဝယ်ပြီးရင် ဘယ် Accesories တွေကို အရင်ဆုံးဝယ်သင့်သလဲ

တကယ်လို့ သင်က MacBook တစ်လုံးကို ဝယ်ထားတာပဲဖြစ်ဖြစ်၊​ အခုမှ MacBook ကို ဝယ်ဖို့စိတ်ကူးနေတဲ့သူတွေပဲဖြစ်ဖြစ် အသုံးဝင်မယ့် Article တစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ MacBook အတွက် ကျိန်းသေရှိထားသင့်တဲ့ Accessories တွေပဲဖြစ်ပါတယ်။ 

အခုဖော်ပြသွားမယ့် Accessories တွေဟာ အကုန်လုံးကို ကျိန်းသေရှိထားရမယ်လို့ ဆိုလိုတာတော့မဟုတ်ပေမယ့် အနည်းငယ်ပဲဖြစ်ဖြစ် ရှိထားတာက ကိုယ့်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေကို ပိုပြီးမြန်ဆန်စေမှာပါ။ 

USB Type C Hub

ဒါကတော့ အခုနောက်ပိုင်းထွက်ရှိထားတဲ့ MacBook အသုံးပြုနေတဲ့သူတွေအတွက် ကျိန်းသေဝယ်ထားသင့်တဲ့ ပစ္စည်းလေးပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် MacBook တွေဟာ နောက်ပိုင်းမှာ USB C ကိုပဲ အသုံးပြုလာပြီးတော့ တချို့ MacBook တွေဆိုရင် USB C ၂ ပေါက်ပဲ ပါဝင်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် USB A Flash Drive နဲ့ Cable တွေကအစ SD Card ၊ HDMI ၊​ LAN Post အဆုံးအသုံးပြုချင်တယ်ဆိုရင် USB Type C Hub တွေက ဆောင်ထားဖို့လိုအပ်လာပါတယ်။ 

iSure ဆိုင်တွေမှာဆိုရင် ကိုယ်အသုံးပြုချင်တဲ့ Port နဲ့ Budget အပေါ်မှုတည်ပြီး 4-in-1 Type C Hub ကနေ 9-in-2 Type C Hub တွေအထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အမျိုးအစားကလည်း Aukey ၊ Verbatim နဲ့ HyperDrive စသဖြင့် Warranty အပြည့်ပါဝင်တဲ့ နာမည်ကြီး Brand တွေကိုပဲ ရောင်းချပေးနေတာဖြစ်ပါတယ်။ 

Charging Station 

MacBook တွေကို Original Charger နဲ့ပဲ အသုံးပြုတာက အကောင်းဆုံးဆိုပေမယ့် တကယ်လို့ ကိုယ့် iPhone နဲ့ တခြားသော Device တွေကိုပါ တစ်ချိန်တည်းအားသွင်းချင်တာပဲဖြစ်ဖြစ်၊ Original Charger ကို အပြင်မယူသွားချင်တာမျိုးရှိလာတယ်ဆိုရင် Charging Port တွေပိုမိုပါဝင်တဲ့ Charging Station တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Charging Station ထဲမှာဆိုရင် Aukey Charging Station တွေက လက်ရှိအချိန်မှာ Recommend ပေးလို့အကောင်းဆုံးဖြစ်နေပြီးတော့ ကိုယ်အသုံးပြုနေတဲ့ MacBook ပေါ်မှုတည်ပြီး 45W သို့မဟုတ် 65W အပြည့်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော iPhone နဲ့ Device အများအပြားကို တစ်ချိန်တည်းအားသွင်းနိုင်မယ့် USB Port ၁ ပေါက် သို့မဟုတ် ၂ ပေါက်အထိ ပါဝင်နေမှာလည်းဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ဆီမှာ Quick Charge 3.0 Support ပြုလုပ်တဲ့ Device တွေရှိတယ်ဆိုရင်လည်း Charging Speed အပြည့်နဲ့ အားသွင်းနိုင်ဦးမှာပါ။ 

MacBook Stand 

MacBook တွေဟာ အခုနောက်ပိုင်းမှာ ပါးလွှာပြီးတော့ နေရာမရွေးအလွယ်တကူသယ်ယူပြီး အလုပ်လုပ်ဖို့အတွက် အသင့်တော်ဆုံး Laptop တွေဖြစ်ပါတယ်။ ဒါပေမယ့် MacBook တွေကို တစ်နေရာထဲမှာ အထိုင်ချပြီး အလုပ်လုပ်နေတဲ့သူတွေလည်း အများအပြားရှိမှာပါ။

တကယ်လို့ သင်က အခုလိုမျိုး တစ်နေရာထဲမှာ အလုပ်လုပ်တာများနေတယ်ဆိုရင် MacBook Stand တွေဟာ ဆောင်ထားသင့်တဲ့ Accessory တွေဖြစ်ပါတယ်။ ဒီလိုမျိုး MacBook Stand နဲ့အသုံးပြုတာက MacBook Screen ကို ကိုယ့်ရဲ့ မျက်လုံးနဲ့ level အတူတူဖြစ်သွားစေတဲ့အတွက် မျက်လုံးကို အားစိုက်အသုံးပြုရတာက သိသိသာသာလျော့ကျသွားစေမှာပါ။ ဒါတင်မဟုတ်သေးဘဲ Body Posture အနေနဲ့လည်း ပိုပြီး မှန်ကန်စေပြီး အချိန်အကြာကြီးအသုံးပြုရတဲ့အတွက် ခါးနာတာလိုမျိုး ထိခိုက်မှုတွေကို သက်သာစေမှာဖြစ်ပါတယ်။ 

iSure မှာဆိုရင် MacBook Stand တွေကို ပုံစံမျိုးစုံနဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး တကယ်လို့ အပြင်ယူသွားချင်တဲ့သူတွေအတွက် ခေါက်ထားနိုင်တဲ့ Foldable Design တွေအပြင် MacBook ရဲ့အောက်ဖက်မှာပဲ​ကပ်ထားနိုင်တဲ့ Invisible Stand တွေကိုလည်း ဝယ်ယူနိုင်ဦးမှာပါ။​

Apple Original Accessories 

တကယ်လို့ သင့်က Third-party Accesories တွေထက် Apple ကနေ ထုတ်လုပ်ထားတဲ့ Original Accesories တွေကိုပဲ အသုံးပြုချင်တယ်ဆိုရင်လည်း iSure မှာ အလွယ်တကူဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Apple Original Accesories တွေထဲမှာဆိုရင် USB-C to USB ၊​ HDMI ၊ SD Card Reader နဲ့ LAN Adapter တွေကို ရရှိနိုင်တဲ့အတွက် ယခင်တုန်းက MacBook တွေဆိုရင်လည်း MagSafe Charger တွေကို ဝယ်ယူနိုင်မှာပါ။ 

နောက်ထပ်ရှိထားသင့်တာကတော့ ကိုယ့်ရဲ့ Productivity ကို ပိုပြီးမြှင့်ပေးနိုင်တဲ့ Apple Magic Mouse 2 လိုမျိုး Accesory တွေအပြင် အလုပ်လုပ်ချိန်မှာ ပြင်ပအသံတွေကို ဖယ်ရှားပေးနိုင်ပြီး အလုပ်ကိုပဲ ပိုမိုအာရုံစိုက်နိုင်စေဖို့အတွက် AirPods Pro ကလည်း ရှိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ AirPods တွေဟာ MacBook အပြင် iPhone ၊ iPad တွေမှာလည်း ကိုယ်အသုံးပြုနေတဲ့ Device ကို အလိုအလျောက်ပြောင်းလဲချိတ်ဆက်နိုင်တဲ့အတွက် ဖုန်းဝင်တာပဲဖြစ်ဖြစ်၊​ MacBook နဲ့အသုံးပြုနေတုန်း ဖုန်းကို ပြောင်းလဲအသုံးပြုတာမျိုးအတွက်လည်း အနှောင့်အယှက်မရှိဘဲ အသုံးပြုနိုင်ဦးမှာပါ။ 

Protective Accessories 

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့ MacBook ကို တန်ဖိုးထားကြပြီးတေ့ာ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မိမှာကိုတော့ လိုလားကြမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့် MacBook ကို ကာကွယ်ပေးနိုင်တဲ့ Accessories တွေကလည်း ရှိထားသင့်ပါတယ်။ 

ဒီလိုမျိုး Accessories တွေထဲမှာဆိုရင် Premium Leather Design နဲ့ ကိုယ့် MacBook ကို ကာကွယ်ပေးနိုင်မယ့် MacBook Leather Sleeve တွေပါဝင်သလို Keyboard ကို မတော်တဆကော်ဖီဖိတ်ကျတာမျိုးကနေ ကာကွယ်နိုင်မယ့် MacBook Keyboard Protector ၊ ကိုယ့် Screen ကို ဘေးဘက်ကလူတွေ လိုက်ကြည့်လို့မရအောင် ကာကွယ်ပေးနိုင်တဲ့ Privacy Screen Protector တွေလည်းပါဝင်ပါတယ်။ 

ဒီလိုမျိုး MacBook နဲ့ ပတ်သက်တဲ့ Accessories ပစ္စည်းတွေကို စိတ်ဝင်စားတယ်ဆိုရင် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article Premium ဆန်တဲ့ MagSafe Charger ကို ရှာဖွေနေတယ်ဆိုရင် စဥ်းစားသင့်တဲ့ Belkin