Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ပိုမိုက်လှပတဲ့ ရိုက်ချက်တွေဖြစ်စေမယ့် iPhone 12 Series ရဲ့ Dolby Vision HDR အကြောင်း

ပိုမိုက်လှပတဲ့ ရိုက်ချက်တွေဖြစ်စေမယ့် iPhone 12 Series ရဲ့ Dolby Vision HDR အကြောင်း

iPhone 12 Series မှာပထမဆုံးအနေနဲ့ပါလာတဲ့ Dolby Vision HDR ဆိုတာ တကယ့်ကင်မရာတစ်လုံးရဲ့ ရုပ်ပုံအရောင်ထွက်နီးနီးလောက်ကို ရိုက်ကူးဖမ်းယူပေးနိုင်မယ့် Features သစ်တစ်ခုပဲ ဖြစ်ပါတယ်။ - ဒီ Dolby Vision HDR ရဲ့ အရင်ထွက်ခဲ့တဲ့ iPhone Camera နဲ့ဘာတွေကွာခြားသွားမလဲဆိုရင်တော့ Dolby Vision HDR ဟာ 12 Bit Color အထိ Support ပေးတာကြောင့် Color bit rate တွေပိုများလာပြီး ကာလာအပြောင်းအလဲတွေမှာ သာမာန် HDR တွေထက် အရောင်အနေအထားမှန်မှန်နဲ့ Smooth ဖြစ်တဲ့ ပုံရိပ်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ - သူ့ရဲ့ စွမ်းဆောင်ရည်က Color bit rate ပိုင်းမှာပိုအသေးစိတ်ကျလာတာဖြစ်တဲ့အတွက် အလင်းအမှောင်နဲ့ပတ်သတ်ပြီး ဓာတ်ပုံရိုက်လို့အကောင်းဆုံးအချိန်ဖြစ်တဲ့ Sunset, Sunrise တို့လိုရှုခင်းမျိုးတွေနဲ့ Outdoor Shooting မျိုးတွေမှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Professional Level Photography တွေကိုကောင်းကောင်းဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ (Outdoor တင်မဟုတ်ပါဘူး Indoor မှာလည်းကောင်းပါတယ်) - ဒါကြောင့် အရင်လိုမျိုး ဗီဒီယိုရိုက်ကူးပြီး Color Grading ပြန်ညှိတာတွေ၊ ဘာတွေလုပ်နေဖို့လည်းသိပ်မလိုတော့သလို၊ ကိုယ့်မျက်စိနဲ့မြင်ရတဲ့ အရောင်အနေအထားနီးပါးကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါကိုမှစိတ်တိုင်းမကျသေးဘူး ထပ်ကွန့်မြူးချင်တယ်ဆိုရင်လည်း Photos, iMoves, Apple’s Clips စတဲ့ App တွေနဲ့စိတ်တိုင်းကျတည်းဖြတ်တာတွေ လုပ်နိုင်ပါသေးတယ်။
Previous article Battery Health ဘာကြောင့်ကျရတာလဲ...
Next article Performance အကောင်းဆုံးနဲ့ Game ကစားချင်တာလား?