Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ပိုမြန်ရုံသက်သက်မဟုတ်တဲ့ M1 MacBook တို့ရဲ့ Wifi 6

ပိုမြန်ရုံသက်သက်မဟုတ်တဲ့ M1 MacBook တို့ရဲ့ Wifi 6

Wifi Router တစ်ခုတည်းမှာ Devices တွေအများကြီးချိတ်ဆက်အသုံးပြုလို့ Wifi လိုင်းဆွဲအားကျသွားတာမျိုး ကြုံဖူးကြလား၊ ဒါဆိုရင်တော့ အခုနောက်ဆုံးထွက်ထားတဲ့ M1 MacBook တွေမှာ ဒီပြဿနာလုံးဝဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သိပ်မကြာသေးခင်ကမှထွက်ရှိခဲ့တဲ့ စွမ်းဆောင်ရည်အကောင်းဆုံး M1 Chipset နဲ့ MacBook တွေမှာ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ Wifi 6 Features ပါဝင်လာတာကြောင့်ပဲဖြစ်ပါတယ်။ Wifi 6 ဆိုတာ Admin တို့အခုအသုံးပြုနေတဲ့ Wifi 5 တွေထက်ပိုမိုမြန်ဆန်တဲ့ Wifi Speed ကိုထောက်ပံ့ပေးမယ်၊ Devices များများချိတ်ဆက်ထားရင်တောင် Latency, Ping ငြိမ်ပြီးပိုကောင်းတဲ့ Speed ကိုရမယ့်အပြင် ပိုမိုလုံခြုံစိတ်ချရတဲ့ နည်းပညာနဲ့ ဖန်တီးထားတဲ့ Wifi Version တစ်မျိုးလို့ပြောရပါလိမ့်မယ်။ ဒါကြောင့် Wifi 6 ဆိုတာ အိမ်မှာတင်မဟုတ်ဘဲ Devices တွေအများကြီးချိတ်ဆက်အသုံးပြုရတဲ့ Public Area လိုနေရာမျိုးမှာတောင် ကိုယ့် Devices ကိုလိုင်းငြိမ်ငြိမ်အသုံးပြုနိုင်မှာပါ။ CCTV, Cloud Gaming, Streaming, Telepresence လုပ်တာတွေနဲ့ အနာဂတ်မှာပိုမိုတွင်ကျယ်လာတော့မယ့် 5G Network တွေနဲ့ ချိတ်ဆက်အသုံးပြုမယ်ဆိုရင်တော့ Wifi 5 ထက် Wifi 6 ကိုပိုလိုအပ်လာမှာဖြစ်ပါတယ်။ အဲ့ဒီ Wifi 6 ဆိုတာကတော့ ကျွန်တော်တို့အသုံးပြုနေကြဖြစ်တဲ့ Wifi 5 နဲ့ကြီးကြီးမားမားကွာခြားသွားတာမျိုးတော့ သိပ်မရှိမယ့် အနာဂတ်မှာ လိုအပ်လာနိုင်တဲ့နည်းပညာတစ်ခုလို့လည်းပြောလို့ရပါတယ်။
Previous article iPhone တွေမှာပါတဲ့ IP68 အကြောင်း