Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
လတ်တလောဖြစ်နေရတဲ့ Wifi Error ရဲ့အကြောင်းအရင်းများ

လတ်တလောဖြစ်နေရတဲ့ Wifi Error ရဲ့အကြောင်းအရင်းများ

ခုရက်ပိုင်းထဲမှာ wifi နဲ့ပက်သက်တဲ့ Error တော်တော်များများတွေ့နေရပါတယ်။

  1. Wifi ချိတ်ထားပြီး Wifi Sign လေးပေါ်မနေတာ
  2. တစ်အိမ်တည်းမှာပဲ ကျန်တဲ့ဖုန်းတွေတော့ရနေပြီး ဖုန်း၁လုံးတည်းပဲရမနေတာမျိုး
  3. App Store ထဲဝင်မရဖြစ်နေတာ
  4. VPN ချိတ်မရဖြစ်နေတာ

အဲ့ဒီ Error အတော်တော်များများက VPN ကြောင့်လဲဖြစ်တတ်တာများပါတယ်။အဲ့တော့အရင်ဦးဆုံး ကိုယ် ဘယ် VPN သုံးနေလဲအရင်ကြည့်ပါ။ကိုယ်သုံးနေတ​ဲ့ VPN က Free ကို limit နဲ့ပေးထားပြီး နောက်ပိုင်းဆက်သုံးချင်ရင် ဝယ်သုံးရတာမျိုးလား? Free GB ကို Upgrade လုပ်ရတာမျိုးလားဆိုတာအရင်သိထားပြီးမှ သုံးစေချင်ပါတယ်။

အဲ့တော့မှ ကိုယ်သုံးနေတဲ့ VPN ကြောင့်ဖြစ်နေတာလား ဘာကြောင့်လဲဆိုတာ အရင်သိမှာပါ။

VPN ကလဲ အဆင်ပြေနေတယ်။အဲ့တာကိုမှ ထပ်ဖြစ်နေတုန်းဆို နောက်တစ်ခုလုပ်ကြည့်လို့ရတာကတော့ Reset All Setting Or Reset Network Setting တချက်လုပ်ကြည့်ပေးပါ။

ဖုန်းတစ်လုံးနဲ့တစ်လုံး တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေသွားတဲ့ Solution ကလဲမတူတာကြောင့် တစ်ချက် Try ကြည့်တာတော့အကောင်းဆုံးဖြစ်မှာပါ။

လတ်တလော အခြေအနေများမှာလဲ တချို့ Wifi တွေကပိတ် တချို့ Wifi တွေကဖွင့်နဲ့ Error လဲတော်တော်များနေတဲ့ကာလမို့ ပုံမှန်အဆင်ပြေနေတယ်ဆို အဲ့တိုင်းပဲဆက်သုံးပြီး ဘာ app နဲ့မှထပ်မစမ်းရင်တော့ အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျ။

ဒီနည်းလမ်းတွေနဲ့ ဖြေရှင်းကြည့်လို့မှအဆင်မပြေသေးဘူးဆိုရင်လည်း အောက်က Form လေးကိုဖြည့်စွက်ပြီး iSure ရဲ့ ကျွမ်းကျင် Technician တွေရဲ့ Video Call Support ကိုအခမဲ့ရယူကာ တိုင်ပင်ဖြေရှင်းနိုင်ပါတယ်။ 


Video Call ဖြင့်ဆက်သွယ်ရန် - https://calendly.com/isure

Wifi တွေ Fiber တွေအားလုံးပိတ်သွားခဲ့ရင်တော့ တစ်ယောက်နဲတစ်ယောက်ဆက်သွယ်ဖို့ ကောင်းမွန်တဲ့ app တွေကို ထပ်ဖော်ပြပေးသွားပါဦးမယ်။

Next article VPN App တွေအများကြီထည့်သုံးထားပြီးအဆင်မပြေဖြစ်နေတာလား?

အခုချိန်မှာ လူတိုင်းအပြင်ထွက်နေရတဲ့ ရည်ရွယ်ချက်လိုဘဲ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ iPhone, iPad, MacBook တွေကို ကာကွယ်ဖို့အတွက် Cover လေးတွေဝယ်တော့မယ်ဆိုရင် iSure ရဲ့ Clearance Sale Promotion ကိုသတိရဖို့လိုမယ်နော်။ ဒီ Promotion မှာဘာတွေဝယ်ရင် ဘာတွေရမလဲဆိုတာကတော့...

iPhone သမားတွေအတွက် K-Doo/ G-Case/ Defense Case တစ်ခုကိုဝယ်ယူလိုက်မယ်ဆိုရင် Sapphire Lens Glass တစ်ခုလက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ ESR iPhone Cover တစ်ခုကို ဝယ်လိုက်မယ်ဆိုရင် 15,000 ကျပ်တန် Sapphire Lens Glass တစ်ခုကိုလည်း လက်ဆောင်အနေနဲ့ပြန်ပေးသွားမှာပါ။

iPad သမားတွေအတွက်ကတော့ ရိုးရိုး iPad Case (or) Keyboard Case တစ်ခုဝယ်လိုက်တာနဲ့ iPhone Cover တစ်ခု ဒါမှမဟုတ် iPad Tempered Glass တစ်ခုလက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်။

MacBook သမားတွေအတွက်ကတော့ MacBook HardShell တစ်ခုဝယ်လိုက်တာနဲ့ Keyboard Protector တစ်ခု (သို့မဟုတ်) Screen Guard (သို့မဟုတ်) iPhone Case တစ်ခုလက်ဆောင်ပြန်ပေးသွားမှာပါ။

အကယ်၍ ၂၀၀၀၀ တန် Screen Guard တစ်ခုဝယ်လိုက်မယ်ဆိုရင်တော့ 55% Off အထိစျေးလျှော့ပြီး ၉၀၀၀ ကျပ်တည်းနဲ့ရောင်းချပေးသွားမှာပါ။
ရက်အကန့်အသက်ရယ်လို့ သက်မှတ်မထားပေမယ့် ပစ္စည်းအရေအတွက်ပေါ်မူတည်ပြီး ရှိသလောက်သာ ပေးသွားမှာဖြစ်တာကြောင့် အရင်ဝယ်တဲ့သူ အရင်ရမှာပါနော်...