Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
အိမ်မှာပဲနေပြီး ကိုယ့် Apple Device တွေကို iSure နဲ့ ပြင်ဆင်ကြမယ်

အိမ်မှာပဲနေပြီး ကိုယ့် Apple Device တွေကို iSure နဲ့ ပြင်ဆင်ကြမယ်

အခုလိုမျိုးအချိန်မှာ တတ်နိုင်သလောက် အိမ်မှာပဲနေပြီး ကိုယ့်ကျန်းမာရေးကိုဂရုစိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အိမ်မှာပဲနေတဲ့အချိန်မှာ ကိုယ့် iPhone ၊ MacBook လိုမျိုး Apple Device တွေပျက်နေပြီဆိုရင် အပြင်ထွက်ပြီး ပြင်ဆင်ဖို့မတတ်နိုင်တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ 

ဒါပေမယ့် iSure ကနေ လုံးဝစိတ်ပူစရာမလိုအပ်အောင် Apple Device တွေကို အိမ်တိုင်ရာရောက်လာရောက်ပြီး Pickup ပြုလုပ်ပြီး ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။ နေ့တိုင်းပိတ်ရက်မရှိ ကိုယ်ပြင်ဆင်ချင်တဲ့ Apple Device ကို အမြန်ဆုံးလာရောက်ကောက်ယူပေးသွားမှာဖြစ်သလို ချက်ချင်းပြင်ဆင်ပြီး အိမ်အရောက်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး Pickup လာကောက်ယူတာနဲ့ ပြန်ပြီးပေးပို့ပေးတာအတွက်လည်း လုံးဝအခကြေးငွေပေးရမှာမဟုတ်ပါဘူး။ 

iSure ရဲ့ အိမ်အရောက်လာပြီး Pickup ရယူပြီး ပြင်ဆင်ဖို့အတွက် ဘယ်လိုမျိုး ဆောင်ရွက်ဖို့လိုသလဲဆိုတာကို ပြောပြပေးသွားပါမယ်။ 

အရင်ဆုံးကတော့ iSure ရဲ့ Hotline Number ဖြစ်တဲ့ 09 773000099 နဲ့ 09 969911666 တွေကို ဆက်သွယ်လိုက်ရုံပါပဲ။ အဲ့ဒီနောက်မှာတော့ iSure ကနေ အမြန်ဆုံးလာရောက်ကောက်ယူမယ့်အချိန်ကို ညှိနှိုင်းပေးသွားမှာပါ။ 

ပြီးရင်တော့ iSure က တာဝန်ရှိသူတွေကနေ အမြန်ဆုံး ကိုယ်ပြင်ဆင်ချင်တဲ့ Apple Device ကို အိမ်အရောက်လာရောက်ကောက်ယူပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုးကောက်ယူတဲ့အချိန်မှာလည်း ကျန်းမာရေးအတွက် Face Mask ၊ Face Shield တွေတပ်ဆင်ထားမှာဖြစ်တဲ့အပြင် Contactless အနည်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးသွားမှာပါ။ 

Error တွေကို ပြန်လည်ပြင်ဆင်တဲ့အချိန်မှာလည်း တော်ရုံ Error တွေဆိုရင် နေ့ချင်းပြီး ပြုပြင်ပေးမှာဖြစ်ပြီး အိမ်အရောက်ပြန်ပို့ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်နေ့စဥ်အသုံးပြုနေတဲ့ Apple Device တွေပျက်သွားခဲ့ရင်တောင် အချိန်အကြာကြီး ပြတ်လပ်သွားမှာမဟုတ်ဘဲ အချိန်ခဏလေးအတွင်း အကောင်းအတိုင်းပြန်လည်ရရှိမှာပါ။ 

ဒီတော့ iPhone, iPad, MacBook တွေ ဘာပဲပျက်ပျက် .. ဘယ်လိုပဲပျက်ပျက်...iSure ကိုသာ ဆက်သွယ်လိုက်ပါ။ 

HOTLINE: 09 773 000 099/ 09 969 911 666

Previous article မနက်လာယူ၊ ညနေပြန်အပ် Repair Service
Next article iPhone 12 ဝယ်မယ်ဆိုရင် eSIM နဲ့ Dual SIM ဘာကိုရွေးချယ်မလဲ၊ ဘာတွေကွာခြားလဲ