Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Battery Health ဘာကြောင့်ကျရတာလဲ...

Battery Health ဘာကြောင့်ကျရတာလဲ...

iOS 11.2 မှာစတင်မိတ်ဆက်ခဲ့တဲ့ Battery Health Feature ဟာတော်တော်လေးလည်းအသုံးဝင်ခဲ့ပေမယ့် သူ့နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ကတော့ User တွေက ငါ့ဘတ်ထရီအားခံရဲ့လား Factory Fault များဖြစ်နေ လားဘာလားညာလားဆိုပြီး Psycho တွေဝင်လာတော့တာပါပဲ။
ဒါဆို Battery Health တွေဘာကြောင့်ဘယ်လိုကျတတ်ထင်လဲ၊ တကယ်တော့ Battery Health ကျရတဲ့အကြောင်းအရင်းတွေက အားဘယ်လိုသွင်းလဲ ဘာတွေသုံးလဲဆိုတဲ့အပေါ်မှာ မူတည်တယ်ဆိုပြီးတထစ်ချမှတ်ယူလို့ မရပါဘူး၊ ကျွန်တော်တို့နေစဉ်ဘဝတွေမှာပြုမူနေတဲ့ သတိမမှုမိတဲ့အရာလေးတွေကနေလည်း Battery Health ကိုထိခိုက်စေနိုင်ပါတယ်။

ပုံမှန် Battery Health ကျဆင်းမှုနှုန်းကဘယ်လောက်ဖြစ်မလဲ။ Battery Health ကျဆင်းမှုနှုန်းက မိတ်ဆွေသုံးစွဲတဲ့ပုံစံအပေါ်မူတည်ပါတယ်။ CPU, GPU, Ram အလွန်အကျွံသုံးစွဲတာ၊ GPS, Bluetooth, Internet, Wifi တွေကိုအအမြဲတမ်းဖွင့်ထားတာမျိုးတွေစသဖြင့် အများကြီးရှိပါတယ်။ Battery အားမခံရခြင်းရဲ့ အဓိကပြဿနာဟာ ရာသီဥတုအပူချိန်မူမမှန်တာ၊ Background Process တွေများနေတာ၊ Battery နဲ့ပတ်သတ်တဲ့ IC လေးတွေထိခိုက်ကုန်တာ၊ Battery သက်တမ်းကြာလာတာတွေကြောင့်ပဲဖြစ်ပါတယ်။
ဒါဆိုရင် Battery Health လည်း 80% အထက်ရှိသေးတဲ့အပြင် အားကလည်းအကုန်မြန်နေတယ် ဆိုတာဘာကြောင့် ဖြစ်နိုင်မလဲ။ ကိုယ့်ဖုန်းက အသစ်လည်းဖြစ်နေတယ်၊ Battery Health ကလည်း 80% အထက်ရှိသေးတယ်၊ Battery Replacement လည်းမလုပ်ထားဘူးဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ ကိုယ်သုံးစွဲတဲ့ပုံစံကိုပြောင်းကြည့်သင့်ပါတယ်။

ဥပမာ - နေရောင်တိုက်ရိုက်ရတဲ့နေရာတွေနဲ့ နေပူထဲမှာဖုန်းသုံးတာတွေက ဖုန်းအားကို အကုန်မြန်စေပါတယ်။ နောက်ပြီး Brightness အမြင့်ဆုံးတင်ထားတာ၊ Background Process တွေ၊ App ကို နောက်ကွယ်မှာအများကြီး Run နေစေတာ ဒါမှမဟုတ် နဂိုတည်းကပါလာတဲ့ Battery Drain Fast Error လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဖုန်းကဘာလို့ အားမခံတာလဲသိနိုင်ဖို့အတွက် အရင်ဦးစွာလုပ်ကြည့်သင့်တာကတော့ Background Process တွေ၊ App တွေနဲ့ Recent တွေရှင်းကြည့်လိုက်ပါ။Brightness ကိုအမြင့်ဆုံးတင်ထားတယ်ဆိုရင် ကိုယ်မြင်ရနိုင်လောက်တဲ့ အလင်းအမှောင်လောက်ကို သာပြောင်းထားသင့်ပါတယ်။ ပတ်ဝန်းကျင်အပူချိန်များတဲ့အခါမှာလည်း Mobile Phone တွေဟာအပူလွန်ကဲမှုကိုထိန်းသိမ်းဖို့အတွက် အထဲကအစိတ်အပိုင်းလေးတွေဟာအလုပ်ပိုလုပ်ရပါတယ်။
အဲ့ဒါရဲ့နောက်ဆက်တွဲကတော့ ဖုန်းကိုပိုအားကုန်စေတာပါပဲ။ ဒါကြောင့် ပတ်ဝန်းကျင်အပူလွန်ကဲနေရင် အပူချိန်လျော့ပါးနေတဲ့နေရာမှာဖုန်းကိုပြောင်းထားပြီး သုံးကြည့်သင့်ပါတယ်။ Apple ကတော့ Charge Cycle 500 ပြည့်တဲ့အခါ Battery Health 80% ဖြစ်သွားမှာဖြစ်ပြီး 80% ရောက်ရင်တော့ Battery အသစ်တစ်လုံးလဲဖို့အကြံပြုထားပါတယ်။

Previous article iPhone 11 ကနေ 12 ကိုပြောင်းကိုင်မယ့်သူတွေ ထည့်သွင်းစဉ်စားသင့်တဲ့ 7nm+ & 5nm
Next article ပိုမိုက်လှပတဲ့ ရိုက်ချက်တွေဖြစ်စေမယ့် iPhone 12 Series ရဲ့ Dolby Vision HDR အကြောင်း