Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
WWDC 2021 မှာ Apple မိတ်ဆက်ခဲ့သမျှ Feature အသစ်တွေ

WWDC 2021 မှာ Apple မိတ်ဆက်ခဲ့သမျှ Feature အသစ်တွေ

Apple ရဲ့ နှစ်စဥ်ကျင်းပနေကြဖြစ်တဲ့ Worldwide Developer Conference (WWDC 2021) ဟာ ဒီနှစ်မှာတော့ Hardware ပိုင်း Product အသစ်တွေတစ်ခုမှ မိတ်ဆက်သွားခြင်းမရှိဘဲ Software ပိုင်းကိုပဲ Update တွေပြုလုပ်သွားခဲ့ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Apple Device တွေကို အသုံးပြုနေတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ ဘယ် Apple Device တွေက ဘယ်လိုမျိုး Feature အသစ်တွေရရှိလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

iOS 15

iPhone အသုံးပြုသူတွေ စောင့်ဆိုင်းနေတဲ့ iOS 15 ကိုလည်း တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ iOS 15 မှာတော့ Visual ပိုင်း အများအပြားပြောင်းလဲသွားမှာတော့ မဟုတ်ဘဲ FaceTime ၊ Focus Mode ၊​ Live Text​ ၊ Apple Wallet နဲ့ Apple Maps တွေကိုပဲ ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

FaceTime

FaceTime ကိုအသုံးပြုနေတဲ့သူတွေအတွက်ကော့ Spatial Audio Support ရရှိလာတဲ့အပြင် Microphone ကိုလည်း Background အသံကို ဖယ်ရှားနိုင်ပြီဖြစ်ပါတယ်။ နောက်ထပ်လည်း FaceTime Call တွေပြောဆိုနေတဲ့အချိန်မှာ နောက်ကွယ်ကို Blur ပြုလုပ်ပေးမယ့် Portrait Mode လည်း ထည့်သွင်းပေးလိုက်ပါတယ်။ ပိုပြီး ထူးခြားတဲ့အချက်ကတော့ FaceTime ကို တခြား Desktop နဲ့ Android အသုံးပြုသူတွေပါ Browser ကနေ အသုံးပြုနိုင်ဖို့အတွက် Link အနေနဲ့ မျှဝေပေးနိုင်ပြီဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်အတူကြည့်နိုင်ဖို့အတွက်လည်း SharePlay Feature ကို မိတ်ဆက်ပေးခဲ့ပါတယ်။ 

Focus Mode

Apple ရဲ့ ဒီနှစ် WWDC မှာ အဓိက Feature တစ်ခုကတော့ Focus Mode Feature ပဲဖြစ်ပါတယ်။ ဒီ Focus Mode က Work ၊ Personal ၊ Casual ၊ Do Not Disturb လိုမျိုး ကိုယ်နှစ်သက်တဲ့ Profile ကို ထားထားနိုင်ပြီး ကိုယ်ရွေးချယ်ထားတဲ့ Profile ပေါ်မှုတည်ပြီး သက်ဆိုင်တဲ့ App တွေ၊ Widget တွေနဲ့ Notification တွေကိုပဲ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒါက အလုပ်ချိန်မှာ တခြား အနှောင့်အယှက်ဖြစ်စေတဲ့ Notification တွေ ဝင်ရောက်တာကို ထိထိရောက်ရောက်တားဆီးပေးနိုင်မှာပါ။ 

နောက်ထပ်လည်း Apple ကနေ Notification တွေကို ကိုယ်ဖတ်ရှုချင်တဲ့အချိန်မှာပဲ တစ်စုတစည်းထဲ မြင်ရမယ့် Notification Summary Feature ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအတွက် Notification တွေက အမြဲတမ်းဆက်တိုက်ဝင်ရောက်နေမယ့်အစား မနက်နိုးတဲ့အချိန်လိုမျိုး အချိန်မှာပဲ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ 

Live Text 

Live Text Feature ကတော့ iOS အသုံးပြုသူတွေ အကြိုက်တွေ့ဦးမယ့် Feature ဖြစ်ပါတယ်။​ ဓါတ်ပုံတွေထဲမှာရှိတဲ့ လက်ရေး သို့မဟုတ် Printing ထဲမှာပါတဲ့ စာတွေကို သိရှိပြီး Select ၊ Copy အပြင် ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Text တွေတင်မဟုတ်ဘဲ ဖုန်းနံပါတ်နဲ့ အရာဝတ္ထုတွေ တိရစ္ဆာန်အမျိုးအစားတွေကိုပါ သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။ 

ကျန်တဲ့ iOS 15 ရဲ့ Update တွေကတော့ Apple Wallet မှာ Hotel Key တွေ၊​ Smart Home Key နဲ့ ဝန်ထမ်းကဒ်တွေကိုပါ မှတ်ယူထားနိုင်မှာဖြစ်ပြီး Apple Maps ကိုလည်း 3D ပုံစံနဲ့ Design ပြောင်းလဲထားမှာဖြစ်ပါတယ်၊ US နိုင်ငံအတွင်းက မြို့ကြီးအချို့မှာလည်း AR နည်းပညာနဲ့ Turn-by-Turn Direction ကိုပါ အသုံးပြုနိုင်တော့မှာပါ။ 

Apple iOS 15 ကတော့ အဓိကအနေနဲ့ အထက်ပါ Feature တွေပဲ​အဓိကပါဝင်လာမှာဖြစ်ပါတယ်။ iPad တွေအတွက်လည်း iPadOS Update အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

iPadOS

Home Screen Improvement 

iPadOS အသစ်မှာ အဓိကအနေနဲ့ Home Screen Widget တွေပါဝင်မှာဖြစ်ပြီး iOS မှာပါဝင်တဲ့ Widget အရွယ်အစားထက် ပိုပြီးကြီးမားမှာဖြစ်ပါတယ်။ မနှစ်တုန်းက iOS 14 မှာပါဝင်ခဲ့တဲ့ App Library Feature ကိုလည်း iPadOS မှာ အသုံးပြုနိုင်ပြီဖြစ်တဲ့အတွက် Home Screen တွေကို စိတ်ကြိုက်ပုံစံပြင်ဆင်ထားနိုင်ပြီဖြစ်ပါတယ်။ 

ဒါတင်မဟုတ်သေးဘဲ Apple ကနေ iPadOS အတွက် Multitasking Menu ကိုလည်း ပုံစံထပ်ပြောင်းလဲခဲ့ပြီး App တွေကို ယခင်ထက် Side-by-Side View အနေနဲ့ အသုံးပြုဖို့ ပိုပြီးလွယ်ကူလာမှာဖြစ်ပါတယ်။ ကိုယ့် Side-by-Side အသုံးပြုနေတဲ့ App Window တွေကိုလည်း အောက်ခြေမှာ Shelf အနေနဲ့ သိမ်းဆည်းထားလို့ရတဲ့အတွက် iPadOS မှာ Mulitasking အသုံးပြုရတာက macOS နဲ့ပိုပြီးဆင်တူလာပါတယ်။ 

Notes App 

Apple ကနေ iPadOS မှာ Note မှတ်တဲ့ Experience ကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပြီး လာရောက်ကြည့်ရှု၊ Edit ပြုလုပ်စေချင်တဲ့သူကို Mention ခေါ်နိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ iPad ရဲ့ အောက်ခြေထောင့်ကနေဆွဲပြီး နှစ်သက်ရာ App တွေပေါ်မှာ အသုံးပြုနိုင်တဲ့ Quick Notes Feature ကိုလည်း အသစ်ထည့်သွင်းပေးခဲ့ပါတယ်။ 

Translate 

မနှစ်တုန်းက iOS 14 မှာ စတင်ပါဝင်လာခဲ့တဲ့ Translate Feature ကို အခုအချိန််မှာ iPadOS မှာလည်း အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Live Text Feature နဲ့ ပေါင်းစပ်ပြီး System-wide Translation အပြင် In-person Conversation တွေကိုပါ တချိန်တည်းဘာသာပြန်ပေးနိုင်မယ်လို့ သိရပါတယ်။ 

Swift Playgrounds

iPadOS အသစ်ဟာ အများမျှော်လင့်နေကြသလိုမျိုး macOS App တွေနဲ့ တခြား Professional App တွေကို အသုံးပြုနိုင်ခြင်းမရှိသေးပေမယ့် Coding ပိုင်းအတွက် Swift Playgrounds ကို Update အများအပြားပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် iPad မှာပဲ App ကို Build လုပ်နိုင်တော့မှာဖြစ်သလို App Store ထဲကိုလည်း Submit ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 

iPad လိုမျိုးပဲ​ macOS ကလည်း Feature အသစ်တွေအများအပြားပါဝင်လာပြီးတော့ နာမည်ကိုလည်း macOS Monterey လို့ ခေါ်ဆိုသွားမှာဖြစ်ပါတယ်။ macOS Monterey မှာပါဝင်လာမယ့် Feature အသစ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ 

macOS Monterey

Universal Control 

macOS Monterey ရဲ့ အကောင်းဆုံး Feature ကတော့ Universal Control ပဲဖြစ်မှာပါ။​ ဒါက ကိုယ့်မှာရှိတဲ့ iPad နဲ့ Mac ကွန်ပျူတာတွေကို လက်ရှိအသုံးပြုနေတဲ့ Mac ကွန်ပျူတာဘေးမှာ ကပ်ထားလိုက်တာနဲ့ အလိုအလျောက် သိရှိပြီး Keyboard/Mouse Input တွေအပြင် File တွေကိုပါ Drag & Drop ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါက Device ၂ ခုထက်ပိုပြီး အလုပ်လုပ်နိုင်တဲ့အတွက် ကိုယ့်ဆီမှာ Apple Device တွေအများအပြားရှိနေတယ်ဆိုရင် တကယ်ကို အသုံးဝင်လာမယ့် Feature တစ်ခုပါ။ 

AirPlay

နောက်ထပ် macOS Monterey နဲ့အတူ Mac ကွန်ပျူတာတွေကို AirPlay အသုံးပြုပြီး iOS Device တွေကနေ Screen Share နိုင်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် AirPlay ကို ယခင်တုန်းကလိုမျိုး TV တွေမှာပဲ အသုံးပြုနေမယ့်အစား ကြိုက်တဲ့ Mac ကွန်ပျူတာမှာပါ အသုံးပြုနိုင်မှာပါ။ 

Shortcuts 

iOS မှာ အသုံးပြုသူတွေများပြားနေပြီဖြစ်တဲ့ Shortcuts Feature ဟာ ယခုအချိန်မှာတော့ macOS Monterey ဆီကိုပါ ရောက်ရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အလုပ်အတွက် အမြဲတမ်းဖွင့်ထားဖြစ်တဲ့ Application တွေကို Shortcuts အနေနဲ့ တစ်ချက်တည်းနဲ့ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ 

Safari 

Safari Browser ကလည်း ယခု Update မှာ UI ပိုင်း သိသိသာသာကို ပြောင်းလဲလာမှာဖြစ်ပါတယ်။ Multiple Device တွေအသုံးပြုနေတဲ့သူတွေအတွက် Tab တွေကို Automatic Sync ပြုလုပ်ပေးမှာဖြစ်သလို ကိုယ်အသုံးများတဲ့ Tab တွေကိုလည်း Tab Group အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Tab Group တွေကလည်း iCloud မှာ Sync ပြုလုပ်ထားမှာဖြစ်တဲ့အတွက် တခြားသော Device တွေမှာလည်း အသုံးပြုနိုင်မှာပါ။ 

နောက်ထပ် Apple Watch တွေအတွက် WatchOS ကိုလည်း Feature အသစ်တွေထည့်သ္ငင်းပေးခဲ့ပါတယ်။ 

ဒါတွေကတော့ တစ်မိနစ်မှာ အသက်ရှုနှုန်းကို တိုင်းတာပေးနိုင်မှာဖြစ်သလို အိပ်စက်နေတဲ့အချိန်မှာလည်း အသက်ရှုနှုန်းမှန်မမှန် တိုင်းတာပေးသွားမှာဖြစ်ပါတယ်။ Watchface တွေကိုလည်း ကိုယ့်ရဲ့ Portrait ဓါတ်ပုံတွေနဲ့ ပြောင်းလဲထားနိုင်တော့မယ်လို့ သိရပါတယ်။​ ကျန်တဲ့ Text Input ပြုလုပ်တဲ့ပုံစံကိုလည်း ပြောင်းလဲထားပြီး Scribble အနေနဲ့ Handwriting တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။​

ဒီလိုမျိုး OS Update တွေအပြင် Apple Device အသုံးပြုနေတဲ့သူတွေအတွက် မရှိမဖြစ် ဖြစ်လာတဲ့ AirPods တွေအတွက်လည်း Feature အသစ်တွေကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ 

Conversation Mode 

AirPods Pro ကို အသုံးပြုနေပြီး စကားပြောဆိုမယ်ဆိုရင် ကိုယ်နဲ့ စကားပြောနေတဲ့သူရဲ့ စကားသံကို ပိုပြီးကြားရအောင် လုပ်ပေးပြီး ပတ်ဝန်းကျင်အသံကို လျော့ချပေးနိုင်မယ့် Conversation Mode ပါဝင်လာပြီဖြစ်ပါတယ်။ ဒါက အကြားအာရုံအားနည်းတဲ့သူတွေအတွက် အသုံးဝင်လာမှာပါ။ 

Find My 

Apple AirPods တွေကို မတော်တဆပျောက်သွားတယ်ဆိုရင် အခုအချိန်မှာ Find My App ကို အသုံးပြုပြီး ပြန်လည်ရှာဖွေနိုင်ပြီဖြစ်ပါတယ်။ ဒါက ၂ ဖက်လုံးမဟုတ်ဘဲ တစ်ဖက်နဲ့ တစ်ဖက်က အရမ်းဝေးသွားပြီဆိုရင်လည်း အသိပေးသွားမှာဖြစ်ပါတယ်။ 

နောက်ထပ် tvOS နဲ့ M1 Mac ကွန်ပျူတာတွေမှာပါ Spatial Audio Feature ကို အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။​

နောက်ထပ် Apple ကနေ Privacy Feature အသစ်တွေကိုပါ မိတ်ဆက်ထားပါသေးတယ်။ ဒီလိုမျိုး Feature အသစ်တွေထဲမှာ ဝင်ရောက်လာတဲ့ Mail တွေအတွက် ဘယ်အချိန်ဖွင့်ဖတ်ထားတယ်၊ Location နဲ့ IP Address တွေကို Hide နိုင်မယ့် Mail Privacy Protection က Marketing Email တွေနဲ့ Phishing Email တွေအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ 

နောက်ထပ် Safari မှာလည်း Intelligent Tracking Prevention ပါဝင်လာပြီး IP Address ကို Hide ထားပေးမယ့်အပြင် ဘယ် Website တွေက Tracking ယူနေသလဲဆိုတာကိုပါ သိရှိနိုင်မှာပါ။ App Privacy Report အနေနဲ့လည်း ဘယ် App တွေက ဘယ်လိုမျိုး Permission တွေကို ရယူထားသလဲ၊ ဘယ် Domain Website တွေဆီကို Data ပြန်လည်ပေးပို့နေသလဲဆိုတာကိုပါ မြင်ရမှာဖြစ်ပါတယ်။ 

နောက်ထပ်အနေနဲ့ Siri ကို Offline Commend တွေ စတင်ခိုင်းစေနိုင်ပြီဖြစ်သလို ယခင်ထက်လည်း ပိုပြီးမြန်ဆန်လာမှာဖြစ်ပါတယ်။  

အခုပြောသွားတဲ့ OS Update တွေကိုတော့ Developer Beta ကို စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လာမယ့် ဇူလိုင်လမှာစတင်ပြီးတော့ Public Beta ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Stable OS Update ကိုတော့ ယခုနှစ်ကုန်ဝန်းကျင်မှာ ရရှိလာဖွယ်ရှိပါတယ်။ 

Previous article Apple iPad ၊ MacBook တွေထုတ်လုပ်မှုကိုထိခိုက်နေတဲ့ Global Chip Shortage ဆိုတာ
Next article စျေးတစ်မျိုးနဲ့ ဖုန်းအဟောင်းတွေ အကုန်ကောင်းမယ့် All Fine Repair Promotion