Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Apple iPad ၊ MacBook တွေထုတ်လုပ်မှုကိုထိခိုက်နေတဲ့ Global Chip Shortage ဆိုတာ

Apple iPad ၊ MacBook တွေထုတ်လုပ်မှုကိုထိခိုက်နေတဲ့ Global Chip Shortage ဆိုတာ

ယခု Article မှာတော့ လက်ရှိတကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ Global Chip Shortage အကြောင်းနဲ့ Apple ရဲ့ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Apple iPad ပဲဖြစ်ဖြစ် MacBook ပဲဖြစ်ဖြစ် ဝယ်ယူဖို့ စဥ်းစားနေတယ်ဆိုရင် စိတ်ဝင်စားဖို့ကြောင်းတဲ့အကြောင်းအရာဖြစ်မှာပါ။ 

Global Chip Shortage က ဘာကြောင့်ဖြစ်ပွားနေရသလဲ

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက တကမ္ဘာလုံးမှာ COVID-19 ကြောင့် လုပ်ငန်းခွင်တွေတော်တော်များများရပ်ဆိုင်းသွားခဲ့ပါတယ်။ ဒီထဲမှာ နည်းပညာကုမ္ပဏီတွေအပြင် Chipset တွေကို ထုတ်လုပ်နေတဲ့ Semiconductor ကုမ္ပဏီတွေလည်းပါဝင်တဲ့အတွက် တော်တော်လေးကို အထိနာသွားခဲ့တာဖြစ်ပါတယ်။ 

အခုအချိန်မှာ လုပ်ငန်းတွေက အနည်းနဲ့အများဆိုသလို ပြန်လည်စတင်နေကြပြီဆိုပေမယ့် Semiconductor ကုမ္ပဏီတွေအနေနဲ့ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိဖို့က အချိန်လိုအပ်နေပါသေးတယ်။ ကွန်ပျူတာ Processor တွေ၊ Graphic Card တွေကစပြီး စမတ်ဖုန်းတွေရဲ့ Chipset တွေ၊ တခြားမော်တော်ကားမှာ ထည့်သွင်းရတဲ့ Chip တွေအထိ ဒီ Semiconductor ကုမ္ပဏီတွေက အရေးပါနေတာလည်းဖြစ်ပါတယ်။ 

မနှစ်က စတင်ပြီး COVID-19 အခြေအနေကြောင့် Work from Home Lifestyle လည်း ခေတ်စားလာတဲ့အတွက် လူတွေက ကွန်ပျူတာတွေ၊ iPad တွေနဲ့ စမတ်ဖုန်းတွေကို ပိုပြီးဝယ်ယူလာကြတာဖြစ်ပါတယ်။ ဥပမာ ကွန်ပျူတာတွေရဲ့ ရောင်းအားဟာဆိုရင် ယခင်နှစ်တွေထက်တောင် သိသိသာသာတိုးတက်ခဲ့တာပါ။ ဒီလိုမျိုးပဲ Apple Product တွေဖြစ်တဲ့ MacBook နဲ့ iPad တွေရဲ့ ရောင်းအားကလည်း ယခင်နှစ်တွေထက် ပိုပြီးတိုးတက်ခဲ့ပါတယ်။ 

အခုလို ဝယ်လိုအားမြင့်တက်လာပေမယ့် တဖက်မှာတော့ Chipset တွေကို အလုံအလောက်မထုတ်လုပ်နိုင်တော့တဲ့အတွက် လက်ရှိတကမ္ဘာလုံးမှာ ကြုံတွေ့နေရတဲ့ Global Chip Shortage ပြဿနာဖြစ်ပွားနေတာဖြစ်ပါတယ်။ 

Apple ကရော Global Chip Shortage ကို ဘယ်လိုရင်ဆိုင်နေသလဲ

အစောပိုင်းတုန်းက Apple ဟာ Global Chip Shortage ပြဿနာကို အတတ်နိုင်ဆုံးရှောင်ရှားနိုင်ဖို့ ကြိုးစားခဲ့တယ်လို့ Apple CEO ဖြစ်တဲ့ Tim Cook ကနေ ပြောကြားခဲ့ဖူးပါတယ်။ ဒီလိုမျိုး ရှောင်ရှားနိုင်ခဲ့တာကလည်း Apple Product တွေဟာ Global Chip Shortage ကို အဓိကခံရတဲ့ လူသုံးများတဲ့ Chip တွေကို အသုံးပြုခြင်းမရှိတာ၊ ကိုယ်ပိုင် Apple M1 Chip လိုမျိုးကို စတင်ထုတ်လုပ်အသုံးပြုနိုင်တာနဲ့ တခြား Semiconductor ကုမ္ပဏီတွေရဲ့ Chip တွေကို အသုံးပြုတဲ့အချိန်မှာလည်း ပစ္စည်းပြတ်တောက်ခြင်းမရှိတဲ့ High-end Chip တွေကိုပဲ အသုံးပြုတာကြောင့် ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Apple ဟာ ကိုယ်ပိုင် Chip တွေဖြစ်တဲ့ Apple M1 Chip နဲ့ A Series Chip တွေအတွက်လိုအပ်တဲ့ “Legacy Node” Chip တွေရရှိနေမှုမှာ အခက်ကြုံနေပြီလို့ သိရပါတယ်။ Tim Cook ကိုယ်တိုင်ကလည်း ယခုသတင်းကို Investor Meeting မှာ ဝန်ခံပြောကြားသွားခဲ့ပြီး အဓိကအခက်ကြုံနေရတဲ့ iPad နဲ့ Mac ကွန်ပျူတာတွေ ထုတ်လုပ်မှုကို ခတ္တနှောင့်နှေးရဖွယ်ရှိတယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ 

Apple ရဲ့ Chief Financial Officer ဖြစ်တဲ့ Lae Maestri ရဲ့ ပြောကြားချက်အရတော့ Apple ဟာ ယခု Semiconductor Chip Shortage ကြောင့် ဒေါ်လာ ၃ ဘီလီယံကနေ ၄ ဘီလီယံအတွင်း ဆုံးရှုံးမယ်လို့ သိရပါတယ်။ အချိန်အနေနဲ့ ဘယ်လောက်အထိ နှောင့်နှေးနိုင်မလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ 

Apple Product တွေရဲ့ အခြေအနေ ဘယ်လိုမျိုးဖြစ်သွားနိုင်မလဲ

လက်ရှိအချိန်အထိ သိရှိထားသလောက်ကတော့ Apple iPhone တွေဟာ ယခု Chip Shortage မှာ ထိခိုက်ခြင်းမရှိတဲ့အတွက် ပုံမှန်အတိုင်းပဲ ဝယ်ယူနိုင်သလို iPhone အသစ်တွေကိုလည်း လက်ရှိခန့်မှန်းထားတဲ့အချိန်မှာပဲ မိတ်ဆက်နိုင်မယ်လို့ ယူဆရပါတယ်။ 

ဒါပေမယ့် တစ်ဖက်မှာတေ့ာ အထူးသဖြင့် M1 Chip အသုံးပြုထားတဲ့ Apple iPad တွေနဲ့ Mac ကွန်ပျူတာတွေကတော့ ထုတ်လုပ်နိုင်မှုမှာ လျော့နည်းသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လာမယ့်လပိုင်းအတွင်းမှာ ဝယ်လိုအားဆက်လက်မြင့်တက်နေဦးမယ်ဆိုရင် တချို့သော Model တွေက ပစ္စည်းပြတ်လပ်တာအထိ ဖြစ်နိုင်ပါတယ်။ 

တဖက်မှာလည်း Apple ကနေ ၂ နှစ်အတွင်း Mac ကွန်ပျူတာတွေကို ကိုယ်ပိုင် Apple Chip ကို လုံးဝပြောင်းလဲသွားမယ်လို့ ဆိုထားပေမယ့် ယခုပြဿနာကြောင့် Mac ကွန်ပျူတာအသစ်တွေနဲ့ Apple M2 လိုမျိုး Chip အသစ်တွေကို မိတ်ဆက်နိုင်မှုမှာလည်း နှောင့်နှေးနိုင်ဖွယ်ရှိပါတယ်။ Apple ဘက်က အတည်ပြုခြင်းမရှိခဲ့ပေမယ့်လည်း မနှစ်တုန်းက WWDC Keynote မှာ Apple M1 Chip နဲ့ Mac ကွန်ပျူတာအသစ်တွေကို မိတ်ဆက်ခဲ့ပေမယ့် ဒီနှစ်မှာ MacBook အသစ်တွေကို မိတ်ဆက်နိုင်ခြင်းမရှိတာကလည်း Chip Shortage ပြဿနာကြောင့် အဆင်သင့်မဖြစ်သေးတာလို့ ယူဆရပါတယ်။ 

အခုအချိန်မှာ Apple iPad တွေနဲ့ Mac ကွန်ပျူတာတွေကို ဝယ်ထားသင့်သလား 

ဒီလိုမျိုး Global Chip Shortage ပြဿနာဟာ လူတိုင်းက လပိုင်းနဲ့ဖြေရှင်းနိုင်မှာမဟုတ်ဘဲ ပုံမှန်ပြန်ဖြစ်ဖို့အတွက် နှစ်နဲ့ချီပြီး ကြာသွားနိုင်တယ်လို့ ခန့်မှန်းနေကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Apple iPad နဲ့ MacBook တွေ ပစ္စည်းရရှိနိုင်မှုမှာလည်း ယခင်ကထက် အနည်းနဲ့အများထိခိုက်နေဦးမှာဖြစ်ပါတယ်။ 

ဒါကြောင့် ကိုယ့်အနေနဲ့ iPad သို့မဟုတ် MacBook အသစ်ကို လိုအပ်နေတယ်၊ အထူးသဖြင့် Apple M1 Chip ကို အသုံးပြုထားတဲ့ Model တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ လက်ရှိရနိုင်တဲ့အချိန်မှာ ဝယ်ယူထားတာအကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ အသစ်ထွက်လာတဲ့ Model တွေကို ပိုကြိုက်လို့ အဆင့်မြှင့်တင်မယ်ဆိုရင်တောင် Apple Product တွေက တော်ရုံစျေးနှုန်းကျဆင်းခြင်းမရှိတာကြောင့် အလဲအထပ်ပဲဖြစ်ဖြစ်၊ ပြန်ရောင်းပြီး စျေးအနည်းငယ်ထပ်လိုက်ရုံနဲ့တင် ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ 

တကယ်လို့ အခုအချိန်မှာ Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure Website ဖြစ်တဲ့ “www.isuremyanmar.com” မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ KBZ ၊ CB Bank Tranfer နဲ့ KBZ Pay လို Digital Payment နဲ့လည်း ငွေကျပ် (၁၀) သိန်းအထိ ပေးချေနိုင်တဲ့အတွက် လက်ထဲမှာ ငွေသားအများကြီးမရှိရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ 

Previous article iSure မှာ ကိုယ့် Device အဟောင်းတွေကို အကောင်းအတိုင်းဖြစ်အောင် ဘယ်လိုပြင်ဆင်ပေးသလဲ
Next article WWDC 2021 မှာ Apple မိတ်ဆက်ခဲ့သမျှ Feature အသစ်တွေ