Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iSure မှာ ကိုယ့် Device အဟောင်းတွေကို အကောင်းအတိုင်းဖြစ်အောင် ဘယ်လိုပြင်ဆင်ပေးသလဲ

iSure မှာ ကိုယ့် Device အဟောင်းတွေကို အကောင်းအတိုင်းဖြစ်အောင် ဘယ်လိုပြင်ဆင်ပေးသလဲ

တကယ်လို့ ကိုယ့်ဆီမှာ မသုံးဖြစ်တော့တဲ့ ဖုန်းအဟောင်း၊ iPad အဟောင်းတွေကို သိမ်းထားဖြစ်တဲ့သူတွေရှိကောင်းရှိမှာပါ။ မသုံးဖြစ်တော့တာကလည်း Battery မကောင်းတာပဲဖြစ်ဖြစ်၊ တခြား Display တွေ၊ Body တွေကွဲနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ 

ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဖုန်း၊ iPad အနွမ်းလေးတွေကို အကောင်းအတိုင်းပြန်ဖြစ်အောင် ပြင်ချင်တဲ့စိတ်ရှိနေတယ်​၊​ ဒါမှမဟုတ် ပြင်ချင်ပေမယ့် ပြင်ရမယ့်အပိုင်းတွေများလွန်းလို့ စျေးအများကြီးကျမှာကို စိတ်ပူနေတယ်ဆိုရင် iSure ဆီမှာ သတင်းကောင်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဖုန်းအဟောင်းတွေကို အကောင်းဖြစ်အောင် ပြန်ပြင်ပေးမယ့် All Fine Promotion ပဲဖြစ်ပါတယ်။ 

iSure ရဲ့ All Fine Promotion မှာ ဘယ် Device တွေအကျုံးဝင်တယ်၊ ဘယ်လိုမျိုး အာမခံချက်တွေပေးထားသလဲဆိုတာကိုတော့ ယခု Web Blog Link လေးမှာ အသေးစိတ်ဝင်ရောက်ဖတ်ရှုနိုင်မှာပါ။ အကျဥ်းချုံးပြောရမယ်ဆိုရင်တော့ ကိုယ့်ရဲ့ Device တွေအတွက် ဘယ်ပစ္စည်း၊ ဘယ်အစိတ်အပိုင်းပဲဖြစ်ဖြစ် ဘယ်လောက်ပြင်ပြင် စျေးတစ်မျိုးတည်းနဲ့ အကောင်းအတိုင်းဖြစ်အောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ 

All Fine Promotion ကို စိတ်ဝင်စားပြီး လာရောက်ပြင်ဆင်မယ်ဆိုရင်တော့ နီးစပ်ရာ iSure ဆိုင်ကို ကိုယ်ပြင်ချင်တဲ့ Device လေးကို ယူဆောင်လာဖို့ပဲ လိုအပ်မှာဖြစ်ပါတယ်။ iSure ဆိုင်ထဲကို ဝင်လိုက်တာနဲ့ သက်ဆိုင်ရာဝန်ထမ်းကနေ ကိုယ်ဆောင်ရွက်ချင်တဲ့ Service ကို မေးမြန်းပြီး Token ထုတ်ပေးသွားမှာပါ။ 

Token ရရှိပြီးရင်တော့ ကိုယ့်ရဲ့ အလှည့်ရောက်ရှိဖို့အတွက် Waiting Area မှာ ထိုင်စောင့်နေနိုင်သလို တခြားလိုအပ်တဲ့ Accessories တွေကိုလည်း iSure ဆိုင်မှာ စိတ်ကြိုက်ကြည့်ရှုနိုင်ပါတယ်။

ကိုယ့်ရဲ့ အလှည့်ရောက်ရှိတဲ့အချိန်မှာတော့ သက်ဆိုင်ရာတာဝန်ရှိသူကနေတစ်ဆင့် ကိုယ့် Device ကို သေချာစစ်ဆေးပြီး ဘယ်အစိတ်အပိုင်းတွေပြင်ဆင်ဖို့လိုအပ်တယ်၊ အချိန်ဘယ်လောက်ကြာမယ်ဆိုတာ အပြင် ကျသင့်မယ့်စျေးနှုန်းတစ်ခုကို ပြောပြပေးမှာဖြစ်ပါတယ်။ 

ပြင်ဆင်မယ်ဆိုရင်တော့ ကျသင့်တဲ့စျေးနှုန်း၊ ပြန်လည်လာယူရမယ့်အချိန်တွေကို ရေးပေးထားတဲ့ Repair Receipt ကို ပေးအပ်သွားမှာဖြစ်ပြီး Customer တွေအနေနဲ့ စိတ်ချလက်ချ အပ်နှံသွားရုံပါပဲ။

အဲ့ဒီနောက်မှာတော့ iSure ကျွမ်းကျင်တဲ့ ပညာရှင်ကနေ လဲလှယ်ပြင်ဆင်ဖို့ လိုအပ်တဲ့အစိတ်အပိုင်းကို စနစ်တကျနဲ့ လက်ရာသေသပ်စွာပြင်ဆင်ပေးမှာဖြစ်ပါတယ်။ အသုံးပြုတဲ့စက်တွေကလည်း အကောင်းဆုံးတွေကို အသုံးပြုတာဖြစ်တဲ့အတွက် ပုံမှန်ထက် ပိုပြီး မြန်ဆန်တိကျစေမှာဖြစ်ပါတယ်။ 

ပြီးရင်တော့ ကိုယ့်ရဲ့ ဖုန်းအဟောင်းလေးတွေ၊ iPad အဟောင်းလေးတွေက လုံးဝကို အသစ်အတိုင်းနီးပါး ပြန်လည်ကောင်းမွန်သွားမှာဖြစ်ပါတယ်။​

iSure ဘက်ကနေ ပြန်လည်ပြင်ဆင်ပေးထားတဲ့ Spare Part တွေအတွက် အာမခံအပြည့်အဝပေးထားသလို စိတ်ကျေနပ်မှုမရှိပါကလည်း လုံးဝ 100% Money Back Guarrantee ပါပေးထားတဲ့အတွက် Customer တွေအနေနဲ့ တစ်နေရာတည်းမှာ စိတ်တိုင်းကျစေမှာ အသေအချာပါပဲ။ 

Previous article Kase Lens တွေကို ဘယ်လိုမျိုးအသုံးချပြီး အလန်းစားဓါတ်ပုံတွေ ဖန်တီးကြမလဲ
Next article Apple iPad ၊ MacBook တွေထုတ်လုပ်မှုကိုထိခိုက်နေတဲ့ Global Chip Shortage ဆိုတာ