Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
VPN App တွေအများကြီးထည့်သုံးထားပြီးအဆင်မပြေဖြစ်နေတာလား?

VPN App တွေအများကြီးထည့်သုံးထားပြီးအဆင်မပြေဖြစ်နေတာလား?

အရင်ကဆို VPN သုံးဖို့ဆိုတာ Game ဆော့ဖို့လိုတဲ့အချိန်လောက်မှာပဲသုံးဖို့လိုပေမယ့်အခုချိန်မှာဆိုရင်တော့ ဘာသုံးသုံး VPN ခံသုံးမှရမယ်ဆိုတဲ့အနေအထားတွေဖြစ်လာပါပြီ။အဲ့တော့လူတိုင်းက VPN တွေဒေါင်းကြတယ် သုံးကြတယ်။အဲ့ထဲကမှ VPN ကိုတခုတည်းသုံးတာမျိုးမဟုတ်ပဲ ,, ခုလောက် install လုပ်ထားပြီး တိုင်ပတ်နေတဲ့သူများလဲရှိပါတယ်။

အဲ့လိုသုံးရင် ဘာတွေဖြစ်လာမလဲဆို ေတာ့ ရှိသမျှ VPN အကုန်ဖွင့်ထားပြီးသုံးတဲ့အခါ  internet ဖွင့်ထားပါလျက်/Wifi ချိတ်ထားပါလျက် လိုင်းမတက်လာဘူးဆိုတဲ့ Error တွေဖြစ်လာပါတယ်။အဲ့အတွက်ကြောင့် အကြံပေးချင်တာတော့ ကိုယ်နဲ့အဆင်ပြေတဲ့ VPN ၁ခုပဲသုံးဖို့လိုပါလိမ့်မယ်။ 

အဲ့၁ခုကအဆင်မပြေတော့ဘူးဆိုရင်လဲ အဲ့ဒါကို uninstall လုပ်ပြိး နောက်တခုကို Install လုပ်ပြီးသုံးပေးပါ။အဲ့လိုလုပ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။VPN တွေအများကြီးထည့်ထားပြီး အဆင်မပြေဖြစ်နေတဲ့သူများလဲ အဆင်ပြေတဲ့ VPN တခုတည်းပဲထည့်ပြီး စမ်းသုံးကြည့်စေချင်ပါတယ်။

မသုံးတော့တဲ့ VPN ကို Uninstall လုပ်တဲ့အခါSetting>>General>>VPN ထဲက VPN name ကိုပါ Delete လုပ်ပေးပါ။VPN App ကိုဖျက်ပြီးတဲ့အခါ အထက်ပါအဆင့်တိုင်းလုပ်ပေးဖို့လိုပါမယ်။

Setting>>General>>VPN ထဲက VPN name ကိုပါ Delete မလုပ်ပေးချင်လဲရပါတယ်။
ဒါပေမယ့် VPN တွေများနေတဲ့အခါ အဆင်မပြေဖြစ်ဖို့ပိုများတာကြောင့် ဖျက်ပေးလိုက်တာကပိုအဆင်ပြေပါတယ်။

အားလုံးပဲ VPN ခံပြီးမှ Internet သုံးလို့ရတဲ့ ခုလိုချိန်ကနေအမြန်ဆုံး လွတ်မြောက်ကြပါစေ။

Previous article လတ်တလောဖြစ်နေရတဲ့ Wifi Error ရဲ့အကြောင်းအရင်းများ
Next article Apple နဲ့ပက်သက်ရင် တစ်နေတည်းမှာအစုံရှိတာ iSure ပါ။