Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPhone တွေမှာပါတဲ့ IP68 အကြောင်း

iPhone တွေမှာပါတဲ့ IP68 အကြောင်း

ဒီတခေါက်မှာတော့ iPhone, AirPods, Apple Watch စတဲ့ Apple Devices တွေမှာ မြင်တွေ့နေကြဖြစ်တဲ့ IP68 ဆိုတာ တကယ့်တကယ်မှာ ဘယ်လိုအဓိပ္ပါယ်ရှိမလဲဆိုတာကို ဒီပိုစ့်လေးထဲမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ iP68 လို့ဆိုရာမှာ အရှေ့ဆုံးမှာမြင်ရတဲ့ IP ( Ingress Protection Code လို့ခေါ်ဝေါ်ကြပြီး တစ်ခါတရံမှာ International Protection Code ) ဆိုတာကတော့ ရေနှင့်ဖုန်များဒဏ်ကနေ ကာကွယ်နိုင်တဲ့စံနှုန်း ဖြစ်ပါတယ်။ သူ့နောက်ကပ်ရပ်မှာပါတဲ့နံပါတ်ကတော့ အမှုန်အမွှားကာကွယ်နိုင်မှုကို ကိုယ်စားပြုပြီး၊ နောက်ဆုံးနံပါတ်ကတော့ ရေဒဏ်ကာကွယ်နိုင်ခြင်းကို ကိုယ်စားပြုတာပဲဖြစ်ပါတယ်။ ရှေ့ဆုံးနံပါတ်မှာ 5(ဖုန်မှုန့်တွေကို မကာကွယ်နိုင်ခြင်း) နှင့် 6(ကာကွယ်နိုင်ခြင်း) ဆိုပြီး (၂)မျိုးရှိပါတယ်။ ဒါကြောင့် iP6 ဆိုရင်ဖုန်မှုန့်နဲအမှုန်အမွှားဒဏ်တွေကို ရာနှုန်းပြည့်ကာကွယ်နိုင်တယ်လို့ပြောလို့ရပါတယ်။ ရေဒဏ်ခံနိုင်ခြင်းနဲ့ပတ်သတ်တဲ့ နောက်ဆုံးနံပါတ်ကတော့ စွမ်းဆောင်ရည်အနိမ့်ဆုံးဖြစ်တဲ့ နံပါတ် (3) ကနေစတင်တာဖြစ်ပြီး၊ နံပါတ် (5) နဲ့အထက်နံပါတ်တွေကတော့ စွမ်းဆောင်ရည်ကောင်းကြတယ်လို့ဆိုရပါမယ်။ ဆိုတော့ ဒီ IP68 မှာပါဝင်တဲ့ နံပါတ် (8) ဟာဆိုရင်တော့ ထုတ်လုပ်သူများဘက်ကစမ်းသပ်ထားတဲ့ သတ်မှတ်ချိန်အတွင်းမှာ ရေအနက်တစ်မီတာထက် အနည်းငယ်ပိုနက်တဲ့ နေရာတွေအထိယူဆောင်သွားနိုင်တယ်ဆိုတဲ့ စံနှုန်းရှိပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားဖို့လိုတာက အချို့ထုတ်လုပ်သူတွေဖြစ်တဲ့ Apple လို Company မျိုးတွေဟာ ရေစိမ်ခြင်းကို အားမပေးပါဘူး။ အကြောင်းကတော့ ရေဖိအားဒဏ်ကိုခံလိုက်ရတဲ့အခါမှာ ဖုန်းရဲ့ စွမ်းဆောင်ရည် ကျသွားစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် IP68 ဟာ ဖုန်မှုန့်၊ အမှုန်အမွှားတွေနဲ့ မိုးရေ၊ ချွေး၊ သာမာန်ရေစိုခြင်းတွေကို ကောင်းကောင်းကာကွယ်နိုင်မှာဖြစ်ပါတယ်။
Previous article Performance အကောင်းဆုံးနဲ့ Game ကစားချင်တာလား?
Next article ပိုမြန်ရုံသက်သက်မဟုတ်တဲ့ M1 MacBook တို့ရဲ့ Wifi 6