Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPhone 11 ကနေ 12 ကိုပြောင်းကိုင်မယ့်သူတွေ ထည့်သွင်းစဉ်စားသင့်တဲ့ 7nm+ & 5nm

iPhone 11 ကနေ 12 ကိုပြောင်းကိုင်မယ့်သူတွေ ထည့်သွင်းစဉ်စားသင့်တဲ့ 7nm+ & 5nm

iPhone 12 Series ထွက်လာတော့ iPhone User တော်တော်များများဟာ မဖြစ် ဖြစ်တဲ့နည်းနဲ့ iPhone 12 ကိုလဲကိုင်ဖို့ကြိုးစားကြမှာပါ။ ဒီထဲမှာ iPhone 11 User တွေလည်းပါသလို၊ 12 ရဲ့ Battery ဟာ 11 ထက်နည်းနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ပြောင်းကိုင်ဖို့တွေဝေနေတာကိုလည်း User တော်တော်များများကြုံရမှာပါ။ ဒါကြောင့် 11 ကနေ 12 ကိုပြောင်းကိုင်မယ့်သူတွေအတွက် Battery ဟာအရမ်းကြီးပြဿနာမဟုတ်ဘူးဆိုတာကို ဒီ Content လေးထဲမှာရှင်းပြသွားပါမယ်။ တော်တော်များများထင်ကြလိမ့်မယ်၊ Battery mAh ကအသိသာကြီးကို ဒီဘဲ ဘာတွေလာဂျင်းနေတာလဲပေါ့။ အဲ့ဒါဆိုရင်တော့ ဒီပိုစ့်လေးကိုသေချာဖတ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ 12 ရဲ့ Battery သုံးစွဲမှုကြာချိန်ဟာ 11 နဲ့မကွာဘူးဆိုတာကိုပြောပြမှာဖြစ်ပြီး၊ ဘာကြောင့် မကွာရတာလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်။ အကြောင်းကတော့ iPhone 12 ရဲ့ Chipset ထဲမှာပါတဲ့ အစိတ်အပိုင်းလေးတွေကြောင့်ပါ။ မျက်လုံးထဲမြင်အောင်ပြောရရင် iPhone 12 မှာပါတဲ့ Chipset ဟာ A14 Bionic(5nm) ဖြစ်ပြီး၊ 11 မှာကတော့ A13 Bionic(7nm+) ဖြစ်ပါတယ်။ အားလုံးသိကြတာက Bionic ဆိုတဲ့စာအရှေ့က A13/ A14 လောက်ပဲသိကြတာများပါတယ်၊ နောက်မှာပါတဲ့ 7nm+/5nm ဆိုတာလေးရဲ့အသုံးဝင်ပုံကိုမသိကြပါဘူး။ ဒါဆိုအဲ့ဒါလေးတွေက ဘာဖြစ်မလဲ? 7nm/5nm/3nm ဆိုတဲ့နေရာမှာ အနောက်က nm ဆိုတာက Nanometer ကိုကိုယ်စားပြုခြင်းဖြစ်ပါတယ်။ ဆိုတော့ 7nm/5nm Blah Blah ဆိုတာကတော့ Chipset ထဲမှာပါတဲ့ Transistors လေးတွေရဲ့ အရွယ်အစားကိုဆိုလိုခြင်း ဖြစ်ပါတယ်။ နောက်ပြီး 7nm ဟာ 5nm ထက်ပိုပြီး Power စားလည်းနည်းတဲ့ နည်းပညာလည်းဖြစ်ပါတယ်။ သို့ပေမယ့် 7nm Processor ဖြစ်ဖြစ်၊ 5nm Processor ဖြစ်ဖြစ် နှစ်ခုလုံးဟာ FinFET(Fin Field Effective Transistors) တွေကိုအသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် Performance ပိုင်းမှာဆိုရင်တော့ 5nm ဟာ 7nm ထက်ပိုလည်းကောင်းသလို Power စားသုံးမှုပိုင်းမှာလည်း အများကြီးသက်သာသွားတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် A14 Bionic(5nm) သုံးထားတဲ့ iPhone 12 ဟာ Battery mAh ပိုင်းမှာ iPhone 11 ထက်ပိုနည်းတယ်ဆိုပေမယ့် အသုံးခံချိန်ကတော့ အတူတူလောက်ဖြစ်သွားမှာပဲဖြစ်ပါတယ်။ ဆိုတော့ 11 ကနေ 12 ပြောင်းကိုင်မယ့်သူတွေအတွက် 12 မှာ Battery နည်းတယ်ဆိုတာ သိပ်ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး။
Previous article Apple နဲ့ပက်သက်ရင် တစ်နေတည်းမှာအစုံရှိတာ iSure ပါ။
Next article Battery Health ဘာကြောင့်ကျရတာလဲ...