Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPhone 12 ဝယ်မယ်ဆိုရင် eSIM နဲ့ Dual SIM ဘာကိုရွေးချယ်မလဲ၊ ဘာတွေကွာခြားလဲ

iPhone 12 ဝယ်မယ်ဆိုရင် eSIM နဲ့ Dual SIM ဘာကိုရွေးချယ်မလဲ၊ ဘာတွေကွာခြားလဲ

Apple ကနေ လက်ရှိရောင်းချနေတဲ့ iPhone 12 Series ဖုန်းတွေအကုန်လုံးဟာ SIM Card ၂ ခုကို Support ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်တဲ့ပေါ်မှုတည်ပြီးတော့ ဘယ်လိုမျိုး SIM Card ၂ ခုကို အသုံးပြုနိုင်သလဲဆိုတာကတော့ ကွာခြားသွားနိုင်ပါတယ်။ 

လောလောဆယ် iSure မှာရရှိနိုင်တဲ့ iPhone 12 Model ဆိုရင် eSIM နဲ့ Dual SIM ဆိုပြီး ၂ မျိုးစလုံးကို စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ရွေးချယ်ရတာက သိရှိပြီးသားသူတွေအတွက်ကတော့ လွယ်ကူပေမယ့် အခုမှစတင်ပြီး iPhone 12 ဝယ်မယ့်သူတွေအတွက် အနည်းငယ်ခေါင်းရှုပ်နိုင်ပါတယ်။ 

အဲ့ဒီအတွက် အခု Article မှာတော့ iPhone 12 ဝယ်မယ်ဆိုရင် eSIM ဝယ်သင့်လား၊ Dual SIM ဝယ်သင့်လားဆိုတာနဲ့ ဒီ ၂ မျိုးက ဘာတွေကွာခြားသလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။  

အရင်ဆုံးကွာခြားချက်တွေကို မပြောခင် eSIM နဲ့ Dual SIM တွေရဲ့ တူညီတဲ့အချက်တွေကို ပြောသွားပါမယ်။ 

Apple ကိုယ်တိုင်က ဒီလိုမျိုး Dual SIM ကို ၂ မျိုးမိတ်ဆက်ထားတာဖြစ်တဲ့အတွက် ဘယ်အမျိုးအစားပဲရွေးရွေး Quality ပိုင်းအရရော၊ iSure ကနေ ပေးထားတဲ့ Warranty ပိုင်းကလည်း တူညီမှာဖြစ်ပါတယ်။ ဘယ်အမျိုးအစားကို ရွေးလိုက်လို့ Quality လျော့သွားတယ်ဆိုတာမျိုး လုံးဝမရှိတဲ့အတွက် ဒါကိုတော့ စိတ်ချလက်ချရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

နောက်ထပ်တစ်ခုကတော့ eSIM ကို အသုံးပြုမယ်ဆိုရင်လည်း Physical SIM Card ထည့်သုံးသလိုပဲ တူညီတဲ့လိုင်းဆွဲအား၊ အင်တာနက်အမြန်နှုန်းရှိမှာဖြစ်ပါတယ်။ လက်ထဲကိုင်ထားနိုင်တဲ့ SIM Card မဟုတ်တဲ့အတွက် လိုင်းဆွဲအားနှေးတာမျိုးရှိမှာမဟုတ်ပါဘူး။ 

အခုလိုမျိုး တူညီတဲ့အချက်တွေကို သိပြီဆိုရင် ကွာခြားတဲ့အဓိကအချက်တွေကို ပြောသွားပါမယ်။ 

အဓိကအနေနဲ့ အခု အမျိုးအစား ၂ မျိုးရဲ့ ကွာခြားချက်ကတော့ ရောင်းချတဲ့ Region ကွာခြားတာပဲဖြစ်ပါတယ်။ eSIM Device တွေက ပုံမှန်အားဖြင့် ZP/A (Singapore) ဖြစ်ပြီး Dual SIM ကတော့ ZA/A (Hong Kong) Region ဖြစ်ပါတယ်။ 

ဘာကြောင့် ဒီလိုမျိုး Dual SIM Version က Region ကွာနေတာလည်းဆိုရင်တော့ Apple ကနေ iPhone XS မှစတင်ပြီးတော့ eSIM Version ကိုမိတ်ဆက်ခဲ့ပေမယ့် Hong Kong/China Region တွေမှာ eSIM ကို အသုံးပြုတာနည်းပါးတဲ့အတွက် သီးသန့် Physical Dual SIM Version ထုတ်ထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက်ကတော့ eSIM ကို အသုံးတွင်ကျယ်ခြင်းမရှိတဲ့အတွက် Version ၂ မျိုးစလုံး ဝယ်ယူနိုင်နေတာဖြစ်ပါတယ်။

Version ၂ မျိုးစလုံး Dual-SIM အမျိုးအစားဖြစ်ပေမယ့် e-SIM Version က Nano SIM + e-SIM ပဲ အသုံးပြုနိုင်မှာဖြစ်ပြီး Dual-SIM Version ကတော့ Phyiscal Nano SIM + Nano SIM အသုံးပြုနိုင်မှာပါ။ 

အဲ့ဒါဆိုရင် eSIM နဲ့ Dual SIM ဘာတွေတူညီတယ်၊ ဘာတွေကွာခြားတယ်ဆိုတာကို သိလောက်ပြီလို့ ထင်ပါတယ်။ ဘယ် Version ကို ဘယ်သူတွေအနေနဲ့ ရွေးချယ်သင့်လဲဆိုတာကိုပါ အနည်းငယ်ထပ်ပြောပြပေးသွားပါမယ်။ 

အရင်ဆုံး Dual SIM အကြောင်းကတော့ အထွေအထူးပြောစရာမလိုဘဲ ကိုယ့်စိတ်ကြိုက် Physical SIM Card တွေကို ကြိုက်တဲ့အချိန်၊ ကြိုက်သလို လဲလှယ်အသုံးပြုနိုင်တာက အဓိကအားသာချက်ဖြစ်မှာပါ။ အထူးသဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ Telecom Operator တွေကလည်း eSIM ကို ကောင်းကောင်းထုတ်ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် Dual SIM Version က SIM Card တွေမကြာခဏ ပြောင်းလဲတတ်တဲ့သူတွေ၊ Secondary SIM ထားတတ်တဲ့ လုပ်ငန်းရှင်တွေအတွက် ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ 

eSIM ကတော့ ယခင်တုန်းက မြန်မာနိုင်ငံမှာ Telecom Operator တစ်ခုကနေ အသုံးပြုနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ တခြား Operator တွေက ထုတ်ပေးထားခြင်းမရှိတဲ့အတွက် ပုံမှန်အားဖြင့် Single SIM အတိုင်းပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့် eSIM ရဲ့ အားသာချက်ကတော့ Website တွေကနေ ဝယ်ယူနိုင်တဲ့ Airolo ၊ SIM2Fly နဲ့တခြားသော eSIM Service တွေကို အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ အဆိုပါ eSIM Service တွေက အဓိကအနေနဲ့ တခြားသောနိုင်ငံတွေကို အလည်အပတ်သွားရောက်တဲ့သူတွေအတွက် အဓိကထုတ်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်က တခြားနိုင်ငံတွေကို မကြာခဏသွားနေဖြစ်တယ်၊ အမြဲတမ်းလည်း SIM Card ရှာမဝယ်ချင်ဘူးဆိုရင် eSIM က ပိုပြီးအဆင်ပြေနိုင်ပါတယ်။ 

အခု Article ကနေ ကိုယ့်အတွက် ဘယ် iPhone 12 Version ကို ရွေးချယ်ရမလဲဆိုတာကို သိရှိသွားပြီဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article အိမ်မှာပဲနေပြီး ကိုယ့် Apple Device တွေကို iSure နဲ့ ပြင်ဆင်ကြမယ်
Next article Feature အသစ်အများအပြားရရှိလာတဲ့ AirPods တွေကို အခုအဝယ်သင့်ဆုံးဖြစ်နေပြီလား