Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
iPhone 12 Series ဝယ်ရင် MagSafe Charger လက်ဆောင်ရနိုင်မယ့် အခွင့်အရေး

iPhone 12 Series ဝယ်ရင် MagSafe Charger လက်ဆောင်ရနိုင်မယ့် အခွင့်အရေး

Apple ဟာ iPhone 12 Series ကို စတင်မိတ်ဆက်တဲ့အချိန်မှာ Charger ထည့်သွင်းမပေးတော့တာကို လူတိုင်းသိပြီးဖြစ်မှာပါ။ ဒီလိုမျိုး Charger ထည့်သွင်းပေးခြင်းမရှိတော့ပေမယ့်လည်း iPhone 12 Series မှာ ယခင် iPhone တွေနဲ့မတူတဲ့ Feature တစ်ခုပါဝင်လာပါတယ်။ 

ဒါကတော့ Wireless နည်းနဲ့ အားသွင်းပေးနိုင်တဲ့ MagSafe Charger ကိုပါ Apple ကနေ အတူမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။

MagSafe Charger ရဲ့ အားသာချက်တွေက ဖုန်းမှာ Magnetic အနေနဲ့ ကပ်နေတာဖြစ်တဲ့အတွက် အားသွင်းနေတဲ့အချိန်မှာလည်း ပုံမှန်အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော iPhone Wireless Charger တွေက အမြင့်ဆုံး 7.5W Charging ကိုပဲ Support လုပ်တဲ့အချိန်မှာ Apple MagSafe Charger က 15W Fast Charging ကို Support ပေးနိုင်ပါသေးတယ်။ အဲ့ဒီအတွက် Wireless နည်းလမ်းနဲ့ ပထမဆုံး Fast Charging ကိုပါ Support ပြုလုပ်တဲ့ Charger ဆိုရင် MagSafe ကိုပဲ ညွှန်းရမှာပါ​။​

နောက်ထပ် MagSafe Charger ရဲ့ အားသာချက်တော့ Apple ကနေ ထုတ်လုပ်ထားတဲ့ MagSafe Protective Case တွေနဲ့ပါ တွဲဖက်ပြီး Mix & Match ပြုလုပ်သုံးစွဲနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone 12 Series ဖုန်းတွေဝယ်မယ်ဆိုရင် MagSafe Charger က အလိုက်ဖက်ဆုံးပေါင်းစပ်မှုလို့တောင် ပြောနိုင်ပါတယ်။ 

အခုအချိန်မှာတော့ ဒီလိုမျိုး iPhone 12 Series ဖုန်းတွေနဲ့ အလိုက်ဖက်ဆုံးပေါင်းစပ်မှုဖြစ်တဲ့ ငွေကျပ် ၇၉,၀၀၀ တန် MagSafe Charger ကို iSure ကနေ ဝယ်ယူစရာမလိုအပ်ဘဲ အခမဲ့ရယူနိုင်အောင် Promotion ပြုလုပ်လိုက်ပါပြီ။​ အဲ့ဒီအတွက် နှစ်သက်ရာ iPhone 12 Series ဖုန်းကို ဝယ်လိုက်တာနဲ့ MagSafe Charger ကို လက်ဆောင်ရယူနိုင်တော့မှာဖြစ်ပါတယ်။ 

ဒီ Promotion အသေးစိတ်အနေနဲ့ကတော့ 

  1. iPhone 12 Series ဖုန်း (၁) လုံးဝယ်ယူမယ်ဆိုရင် MagSafe Charger ကို 50% Discount ရရှိမှာဖြစ်ပါတယ်။ 
  2. iPhone 12 Series ဖုန်း (၂) လုံးဝယ်ယူမယ်ဆိုရင် MagSafe Charger (၂) ခုကို အခမဲ့လက်ဆောင်ရရှိမှာဖြစ်ပါတယ်။ 
  3. iPhone 12 Series ဖုန်း (၃) လုံးဝယ်ယူမယ်ဆိုရင် MagSafe Charger (၃) ခုကို အခမဲ့လက်ဆောင်ရရှိမှာဖြစ်ပါတယ်။

*ဒီ MagSafe Charger အခမဲ့ရရှိနိုင်မယ့် Promotion မှာ ကန့်သတ်ချက်အနေနဲ့ကတော့ Customer တစ်ဦးကို iPhone 12 Series (၃) လုံးထက် ပိုပြီးဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ တခြားသော iSure ကနေ ပြုလုပ်နေတဲ့ Promotion တွေနဲ့ တွဲဖက်ပြီး ဝယ်ယူနိုင်မှာလည်း မဟုတ်ပါဘူး။ 

iPhone 12 Series ဖုန်းတွေထဲမှာ iPhone 12 Mini ဟာ Stock ဝင်ရောက်မှုအခက်အခဲရှိနေတဲ့အတွက် MagSafe Charger အခမဲ့ရရှိနိုင်မယ့် Promotion မှာပါဝင်မှာမဟုတ်ဘူး။ 

အကောင်းဆုံးကတော့ iSure ကို အခုပဲပြေးလာပြီး iPhone 12 Series ထဲက စိတ်ကြိုက်အရောင်ကို ရွေးချယ်ဝယ်ယူပြီး MagSafe Charger နဲ့ စတိုင်လ်ကျလို့ရပါပြီ။ အနည်းဆုံး ၂ လုံးဝယ်မှ MagSafe Charger ကို အခမဲ့ရမှာဆိုတော့ ကိုယ့်မိသားစု၊ ချစ်သူ၊ သူငယ်ချင်းတွေနဲ့ အတူတူလာပြီး ဝယ်မယ်ဆိုရင် ပိုပြီးအဆင်ပြေမှာပါ။ 

ယခု MagSafe Charger Promotion အတွက် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူနိုင်ပြီး ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် iSure မှာ iPhone 12 Series ကို ၂ လုံးအနည်းဆုံးဝယ်လိုက်တာနဲ့ Apple Original MagSafe Charger ကို ဖုန်းတစ်လုံးအတွက် တစ်ခုစီရရှိမယ့်အခွင့်အရေးက လာမယ့် ဇွန်လ ၂၆ ရက်နေ့အထိပဲဆိုတော့ လုံးဝလက်လွတ်မခံသင့်ဘူးနော်...။​

Previous article Feature အသစ်အများအပြားရရှိလာတဲ့ AirPods တွေကို အခုအဝယ်သင့်ဆုံးဖြစ်နေပြီလား
Next article Kase Lens တွေကို ဘယ်လိုမျိုးအသုံးချပြီး အလန်းစားဓါတ်ပုံတွေ ဖန်တီးကြမလဲ