Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Feature အသစ်အများအပြားရရှိလာတဲ့ AirPods တွေကို အခုအဝယ်သင့်ဆုံးဖြစ်နေပြီလား

Feature အသစ်အများအပြားရရှိလာတဲ့ AirPods တွေကို အခုအဝယ်သင့်ဆုံးဖြစ်နေပြီလား

Apple iPhone တွေကို အသုံးပြုနေတယ်၊ သီချင်းနားထောင်၊ ဖုန်းပြောဖို့အတွက် Wireless Earbuds ကို ရှာဖွေနေတယ်ဆိုရင် AirPods တွေက အကောင်းဆုံးရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ WWDC 2021 Keynote မှာ AirPods တွေအတွက် Feature အသစ်တွေကို မိတ်ဆက်ခဲ့ပြီး AirPods ကို အခုထိမဝယ်ရသေးဘူးဆိုရင် ကျိန်းသေဝယ်ယူသင့်နေတဲ့အချိန်လို့တောင် ပြောရမှာပါ။ 

အခု Article မှာတော့ ဒီအချိန်မှာ AirPods တွေအတွက် ရရှိလာမယ့် Feature အသစ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘာကြောင့် AirPods တွေဟာ Apple Devices တွေအတွက် အကောင်းဆုံးအဖော်ဖြစ်လာပြီးတော့ ဘာကြောင့် ဝယ်ထားသင့်တယ်ဆိုတာကိုပါ သိရှိနိုင်မှာပါ။ 

အရင်ဆုံးအနေနဲ့ကတော့ AirPods တွေက Apple ရဲ့ Find My Network Support ကို ရရှိလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Find My AirPods Feature ကို AirPods Pro နဲ့ AirPods Max တွေပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။  

ဘာပဲဖြစ်ဖြစ် AirPods တွေကို အမြဲတမ်းသယ်သွားပြီး ပျောက်မှာစိတ်ပူနေတတ်တယ်ဆိုရင် ဒီ Find My AirPods Feature ကြောင့် ပိုပြီး စိတ်ချလက်ချသယ်သွားနိုင်တော့မှာပါ။ တကယ်လို့ အိမ်ထဲမှာ ပျောက်နေတယ်ဆိုရင်လည်း AirPods ကို အသံမည်အောင် Alarm ပေးနိုင်သလို AirTag တွေလိုမျိုး Proximity View နဲ့ပါ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ 

နောက်ထပ် အသုံးဝင်တဲ့ Feature ကတော့ တကယ်လို့ AirPods ကနေ ကိုယ့်ဖုန်းကို အဝေးယူသွားမိတယ်ဆိုရင် ဖုန်းမှာ AirPods ကျန်ခဲ့တယ်ဆိုတာကို အသိပေးနိုင်ဦးမှာပါ။ ဒါကြောင့် ဘယ်သွားသွား AirPods ကျန်ခဲ့မှာ၊​ ပျောက်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။

ဒီလိုမျိုးပဲ AirPods Pro မှာပဲ​ ရရှိနိုင်တဲ့ Feature တစ်ခုလည်းရှိပါသေးတယ်။ ဒါကတော့ Conversation Boost ဖြစ်ပြီး အကြားအာရုံအားနည်းတဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature ဖြစ်လာမှာပါ။ ဘယ်လိုမျိုး အလုပ်လုပ်သလဲဆိိုရင် AirPods Pro ရဲ့ Microphone တွေကို အသုံးပြုပြီး ကိုယ့်ရဲ့ အရှေ့မှာ စကားပြောနေတဲ့သူရဲ့ စကားသံကို ပိုပြီးကျယ်လောင်စွာကြားရအောင် Boost လုပ်ပေးမှာဖြစ်ပါတယ်။ 

AirPods Pro အပြင် AirPods တွေအကုန်လုံးမှာ အသုံးပြုနိုင်မယ့် Feature တွေလည်းရှိနေပါသေးတယ်။ ဒါကတော့ Notification တွေကို Announce ပြုလုပ်ပေးနိုင်တော့မှာဖြစ်ပါတယ်။​အဲ့ဒီအတွက် အလုပ်လုပ်နေတဲ့အချိန်၊ ဖုန်းကို ကြည့်ဖို့ လက်မအားတဲ့အချိန်မျိုးမှာ ဝင်ရောက်လာတဲ့ Message တွေကို ဖတ်ပြပေးမှာဖြစ်ပါတယ်။ Siri ကို အသုံးပြုထားတဲ့အတွက် Shopping List တွေကို ဖတ်ပြပေးနိုင်သလို iOS 15 ရဲ့ Focus Mode အသစ်နဲ့လည်း တွဲဖက်အလုပ်လုပ်မှာဖြစ်ပါတယ်။ 

နောက်ထပ် AirPods Pro နဲ့ AirPods Pro Max တွေအတွက် tvOS နဲ့ macOS မှာပါ Spatial Audio ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ ပုံမှန် Apple Music အသုံးပြုနေတဲ့သူတွေအတွက်တော့ Spatial Audio နဲ့ Dolby Atmos ကို AirPods တိုင်းမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး iPhone တွေနဲ့ အကောင်းဆုံးတွဲဖက်အသုံးပြုနိုင်မယ့် AirPods တွေကို စိတ်ဝင်စားတယ်ဆိုရင် iSure Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူလိုက်တာနဲ့ အိမ်အရောက် Free Delivery ရရှိမှာဖြစ်ပြီး နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article iPhone 12 ဝယ်မယ်ဆိုရင် eSIM နဲ့ Dual SIM ဘာကိုရွေးချယ်မလဲ၊ ဘာတွေကွာခြားလဲ
Next article iPhone 12 Series ဝယ်ရင် MagSafe Charger လက်ဆောင်ရနိုင်မယ့် အခွင့်အရေး