Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
VPN App တွေအများကြီထည့်သုံးထားပြီးအဆင်မပြေဖြစ်နေတာလား?

VPN App တွေအများကြီထည့်သုံးထားပြီးအဆင်မပြေဖြစ်နေတာလား?

အရင်ကဆို VPN သုံးဖို့ဆိုတာ Game ဆော့ဖို့လိုတဲ့အချိန်လောက်မှာပဲသုံးဖို့လိုပေမယ့်အခုချိန်မှာဆိုရင်တော့ ဘာသုံးသုံး VPN ခံသုံးမှရမယ်ဆိုတဲ့အနေအထားတွေဖြစ်လာပါပြီ။အဲ့တော့လူတိုင်းက VPN တွေဒေါင်းကြတယ် သုံးကြတယ်။အဲ့ထဲကမှ VPN ကိုတခုတည်းသုံးတာမျိုးမဟုတ်ပဲ ,, ခုလောက် install လုပ်ထားပြီး တိုင်ပတ်နေတဲ့သူများလဲရှိပါတယ်။

အဲ့လိုသုံးရင် ဘာတွေဖြစ်လာမလဲဆို ေတာ့ ရှိသမျှ VPN အကုန်ဖွင့်ထားပြီးသုံးတဲ့အခါ  internet ဖွင့်ထားပါလျက်/Wifi ချိတ်ထားပါလျက် လိုင်းမတက်လာဘူးဆိုတဲ့ Error တွေဖြစ်လာပါတယ်။အဲ့အတွက်ကြောင့် အကြံပေးချင်တာတော့ ကိုယ်နဲ့အဆင်ပြေတဲ့ VPN ၁ခုပဲသုံးဖို့လိုပါလိမ့်မယ်။ 

အဲ့၁ခုကအဆင်မပြေတော့ဘူးဆိုရင်လဲ အဲ့ဒါကို uninstall လုပ်ပြိး နောက်တခုကို Install လုပ်ပြီးသုံးပေးပါ။အဲ့လိုလုပ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။VPN တွေအများကြီးထည့်ထားပြီး အဆင်မပြေဖြစ်နေတဲ့သူများလဲ အဆင်ပြေတဲ့ VPN တခုတည်းပဲထည့်ပြီး စမ်းသုံးကြည့်စေချင်ပါတယ်။

မသုံးတော့တဲ့ VPN ကို Uninstall လုပ်တဲ့အခါSetting>>General>>VPN ထဲက VPN name ကိုပါ Delete လုပ်ပေးပါ။VPN App ကိုဖျက်ပြီးတဲ့အခါ အထက်ပါအဆင့်တိုင်းလုပ်ပေးဖို့လိုပါမယ်။

Setting>>General>>VPN ထဲက VPN name ကိုပါ Delete မလုပ်ပေးချင်လဲရပါတယ်။
ဒါပေမယ့် VPN တွေများနေတဲ့အခါ အဆင်မပြေဖြစ်ဖို့ပိုများတာကြောင့် ဖျက်ပေးလိုက်တာကပိုအဆင်ပြေပါတယ်။

အားလုံးပဲ VPN ခံပြီးမှ Internet သုံးလို့ရတဲ့ ခုလိုချိန်ကနေအမြန်ဆုံး လွတ်မြောက်ကြပါစေ။

Previous article လတ်တလောဖြစ်နေရတဲ့ Wifi Error ရဲ့အကြောင်းအရင်းများ
Next article Apple နဲ့ပက်သက်ရင် တစ်နေတည်းမှာအစုံရှိတာ iSure ပါ။

အခုချိန်မှာ လူတိုင်းအပြင်ထွက်နေရတဲ့ ရည်ရွယ်ချက်လိုဘဲ ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့ iPhone, iPad, MacBook တွေကို ကာကွယ်ဖို့အတွက် Cover လေးတွေဝယ်တော့မယ်ဆိုရင် iSure ရဲ့ Clearance Sale Promotion ကိုသတိရဖို့လိုမယ်နော်။ ဒီ Promotion မှာဘာတွေဝယ်ရင် ဘာတွေရမလဲဆိုတာကတော့...

iPhone သမားတွေအတွက် K-Doo/ G-Case/ Defense Case တစ်ခုကိုဝယ်ယူလိုက်မယ်ဆိုရင် Sapphire Lens Glass တစ်ခုလက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲ ESR iPhone Cover တစ်ခုကို ဝယ်လိုက်မယ်ဆိုရင် 15,000 ကျပ်တန် Sapphire Lens Glass တစ်ခုကိုလည်း လက်ဆောင်အနေနဲ့ပြန်ပေးသွားမှာပါ။

iPad သမားတွေအတွက်ကတော့ ရိုးရိုး iPad Case (or) Keyboard Case တစ်ခုဝယ်လိုက်တာနဲ့ iPhone Cover တစ်ခု ဒါမှမဟုတ် iPad Tempered Glass တစ်ခုလက်ဆောင်ပြန်ပေးသွားမှာဖြစ်ပါတယ်။

MacBook သမားတွေအတွက်ကတော့ MacBook HardShell တစ်ခုဝယ်လိုက်တာနဲ့ Keyboard Protector တစ်ခု (သို့မဟုတ်) Screen Guard (သို့မဟုတ်) iPhone Case တစ်ခုလက်ဆောင်ပြန်ပေးသွားမှာပါ။

အကယ်၍ ၂၀၀၀၀ တန် Screen Guard တစ်ခုဝယ်လိုက်မယ်ဆိုရင်တော့ 55% Off အထိစျေးလျှော့ပြီး ၉၀၀၀ ကျပ်တည်းနဲ့ရောင်းချပေးသွားမှာပါ။
ရက်အကန့်အသက်ရယ်လို့ သက်မှတ်မထားပေမယ့် ပစ္စည်းအရေအတွက်ပေါ်မူတည်ပြီး ရှိသလောက်သာ ပေးသွားမှာဖြစ်တာကြောင့် အရင်ဝယ်တဲ့သူ အရင်ရမှာပါနော်...