Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Kase Lens တွေကို ဘယ်လိုမျိုးအသုံးချပြီး အလန်းစားဓါတ်ပုံတွေ ဖန်တီးကြမလဲ

Kase Lens တွေကို ဘယ်လိုမျိုးအသုံးချပြီး အလန်းစားဓါတ်ပုံတွေ ဖန်တီးကြမလဲ

အခုနောက်ပိုင်းမှာ လူတိုင်းက ဓါတ်ပုံရိုက်ဖို့အတွက် သီးသန့်ကင်မရာတွေထက် ကိုယ့်လက်ထဲမှာရှိတဲ့ စမတ်ဖုန်းကိုပဲ အသုံးပြုကြတာများလာပါတယ်။ ဒါကလည်း လက်ရှိစမတ်ဖုန်းတွေရဲ့ ကင်မရာပိုင်းစွမ်းဆောင်ရည်က ယခင်တုန်းကထက် သိသိသာသာကို တိုးတက်လာတာကြောင့်လို့ ပြောနိုင်ပါတယ်။ 

ဒီလိုမျိုး ဖုန်းကို အသုံးပြုပြီး Mobile Photography ပိုင်းကို စိတ်ဝင်စားတယ်၊ Primary Wide Main Camera နဲ့ ရိုက်တဲ့ Quality မျိုးနဲ့ တခြား Macro ၊ Ultrawide နဲ့ Fisheye ဓါတ်ပုံတွေပါ ရိုက်ချင်တယ်ဆိုရင်တော့ ဖုန်းမှာပါဝင်တဲ့ Secondary Ultrawide နဲ့ Telephoto Lens တွေက လုံလောက်မှာမဟုတ်တော့ပါဘူး။ ဒီလိုအချိန်မှာ Primary Main Camera နဲ့ ချိတ်ဆက်ပြီး အသုံးပြုရတဲ့ Kase Lens လိုမျိုး သီးသန့် Lens တွေက အသုံးဝင်လာပါတယ်။ 

Kase Lens ဟာဆိုရင် စျေးအတန်းအစားအမျိုးမျိုးနဲ့ Quality ကောင်းမွန်တဲ့ Lens တွေကို ထုတ်လုပ်နေတာဖြစ်သလို အသုံးပြုဖို့အတွက်ကလည်း Phone Case နဲ့ပဲဖြစ်ဖြစ် Magnetic Clip ၊ U-Clip တွေကိုအသုံးပြုနိုင်တဲ့အတွက် ကိုယ့်ဖုန်းနဲ့ အဆင်ပြေတဲ့အမျိုးအစားကို ရွေးချယ်ရုံပါပဲ။ အသုံးပြုနိုင်တဲ့ Lens အမျိုးအစားတွေကလည်း Fisheye ၊ Ultrawide ၊ Telephoto ၊ Macro တွေအပြင် Cinematic ဆန်ဆန်ရိုက်ကူးချင်တဲ့သူတွေအတွက်လည်း Anamorphic Lens ကိုပါ ရွေးချယ်နိုင်ဦးမှာပါ။ Lens တွေကို တစ်ခုချင်းမဝယ်ချင်ဘူးဆိုရင်လည်း 3-in-1 ၊ 4-in-1 အစရှိတဲ့ Package တွေကိုပါ စျေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

အခု Article မှာတော့ ဘယ် Kase Lens တွေကို အသုံးပြုပြီး ဓါတ်ပုံရိုက်မယ်ဆိုရင် ဘယ်လိုမျိုး ကိုယ့်ရဲ့ ဓါတ်ပုံတွေက ကွဲထွက်သွားမယ်ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

Kase Fisheye Lens 

အရင်ဆုံး Kase Lens တွေထဲမှာ စတင်အသုံးပြုကြည့်သင့်တဲ့ Lens ကတော့ Fisheye Lens ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိအချိန်အထိ စမတ်ဖုန်းတွေမှာ Fisheye Lens ကို သီးသန့်တပ်ဆင်ထားခြင်းမရှိသေးတဲ့အတွက် Social Media မှာတင်လိုက်တာနဲ့ Kase Lens ကို အသုံးပြုပြီး ရိုက်ကူးထားတယ်ဆိုတာ တန်းသိနိုင်တာကြောင့်ဖြစ်ပါတယ်။ 

Kase Fisheye Lens ဟာ 238-degree Field of View အထိရှိတဲ့အတွက် လုံးဝ အခန်းတစ်ခုလုံးပဲဖြစ်ဖြစ်၊ မျက်စိကမြင်နိင်တာထက်ပိုတဲ့ မြင်ကွင်းကို ဓါတ်ပုံတစ်ပုံထဲမှာ ထည့်ပြီး ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Kase Fisheye Lens ရဲ့ အားသာချက်ကတော့ တခြားသော Fisheye Lens တွေမှာ တွေ့ရတဲ့ ဓါတ်ပုံအစွန်းနားတွေမှာ မည်းနေတာမျိုးရှိမှာမဟုတ်ပါဘူး၊

ဒါ့အပြင် ဖုန်းရဲ့ Primary Camera နဲ့ ရိုက်ကူးတာဖြစ်တဲ့အတွက် ဓါတ်ပုံက နေရာတိုင်းမှာ Sharp ဖြစ်နေမှာဖြစ်ပါတယ်။ တကယ်ကို သာမန်စမတ်ဖုန်းကင်မရာနဲ့ မရနိုင်တဲ့ ဓါတ်ပုံတွေကို ရိုက်ကူးချင်တယ်ဆိုရင်တော့ Kase Fisheye Lens က Quality ကောင်းကောင်းနဲ့ Recommend ပေးရမယ့် Lens ဖြစ်ပါတယ်။ 

Kase Macro Lens

ဒုတိယမြောက် Recommend ပေးလို့ကောင်းတဲ့ Kase Lens ကတော့ Macro Lens ပဲဖြစ်ပါတယ်။ တချို့သော Android စမတ်ဖုန်းတွေမှာ Macro Lens သီးသန့်ထည့်သွင်းလာပြီဆိုပေမယ့် iPhone တွေမှာတော့ Macro Lens ဆိုပြီး သီးသန့်ထည့်သွင်းပေးထားခြင်းမရှိသေးတဲ့အတွက် ကိုယ့် iPhone နဲ့ Macro Photography ကို ရိုက်ကူးချင်တယ်ဆိုရင် Kase Macro Lens ကလည်း ဆောင်ထားသင့်ပါတယ်။ 

Kase Macro Lens ဟာ အဓိကအနေနဲ့ကတော့ ကိုယ်ရိုက်ကူးချင်တဲ့ အရာဝတ္ထုတွေကို အနီးကပ်ရိုက်ကူးတာဖြစ်ပြီးတေ့ာ ပုံမှန်အမြင်ကနေ ကွဲထွက်နေတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ ပန်းပုံလိုမျိုး နောက်ခံ Background ထားပြီး ရိုက်ကူးမယ်ဆိုရင်လည်း Bokeh Effect က သာမန်စမတ်ဖုန်းနဲ့ ရိုက်ကူးတာထက် DSLR Camera နဲ့ ရိုက်ကူးထားသလိုမျိုး လှပနေမှာပါ။ 

Kase Macro Lens က အနီးကပ်ရိုက်ကူးတဲ့အချိန်မှာလည်း Focus ဝေဝါးခြင်းမရှိသလို Details တွေကိုလည်း အသေးစိတ်မြင်ရမှာဖြစ်ပါတယ်။ နောက်ထပ် အားသာချက်ကတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္ထုတွေကို မတူတဲ့ရှုထောင့်ကနေ ရိုက်ကူးနိုင်တာဖြစ်တဲ့အတွက် တီထွင်ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက်စေမှာပါ။ 

Kase Telephoto Lens 

နောက်ထပ် ညွှန်းပေးချင်တဲ့ Kase Lens ကတော့ Telephoto Lens ပဲဖြစ်ပါတယ်၊ ဒီ Kase Telephoto Lens ဟာ Focal Length ၃ မျိုးရွေးချယ်နိုင်တဲ့အတွက် ကိုယ့်စိတ်ကြိုက် Telephoto Lens ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Telephoto Lens အကြောင်းကတော့ အသေးစိတ်ရှင်းပြစရာမလိုပေမယ့် တချို့သော iPhone 11 ၊ iPhone 12 ၊ iPhone 12 Mini လိုမျိုး သီးသန့် Telephoto Lens ပါဝင်ခြင်းမရှိတဲ့ iPhone တွေမှာ အသုံးပြုချင်တာပဲဖြစ်ဖြစ်၊ ဖုန်းမှာပါဝင်တဲ့ Telephoto Lens ထက် Quality ပိုကောင်းတဲ့ ဓါတ်ပုံတွေရိုက်ကူးချင်တယ်ဆိုရင်လည်း Kase Telephoto Lens တွေက အကောင်းဆုံးဖြစ်မှာပါ။ 

Kase Telephoto Lens တွေကို အဆောက်အဦးတွေ၊ အဝေးက ဌက်တွေကို ရိုက်ကူးနိုင်သလို လူတော်တော်များများအသုံးမပြုကြတဲ့ Natural Portrait အနေနဲ့လည်း အဝေးကနေ Subject တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Focal Length ပုံမှန်ထက် များပြီး Primary Camera နဲ့ရိုက်ကူးတာဖြစ်တဲ့အတွက် Subject တွေက Focus ပြတ်တောက်နေမှာဖြစ်သလို နောက်ဖက်က Bokeh Effect ကလည်း ဖုန်းမှာပါတဲ့ Portrait Mode နဲ့ ရိုက်ကူးတာထက်တောင် ပိုကောင်းမွန်မှာဖြစ်ပါတယ်။ 

Kase Ultrawide Lens 

နောက်ထပ် လူသုံးများတဲ့ Kase Lens ကတော့ Ultrawide Lens တွေပဲဖြစ်ပါတယ်။ Kase Ultrawide Lens မှာလည်း Telephoto အတိုင်းပဲ Focal Length ကို 12mm ၊ 16mm စသဖြင့်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖုန်းမှာ Ultrawide Camera မပါတဲ့သူတွေ၊ ဖုန်းက Ultrawide Camera ကို စိတ်တိုင်းမကျသူတွေအတွက် အဆင်ပြေမှာပါ။ 

Ultrawide Camera ဟာ ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ အသုံးအများဆုံး Feature တစ်ခုဖြစ်လာပေမယ့် Kase Ultrawide Lens တွေကို အသုံးပြုပြီးရိုက်ကူးမယ်ဆိုရင် ဓါတ်ပုံရဲ့ အစွန်းထောင့်တွေမှာ Distortion ရှိမှာမဟုတ်သလို Primary Camera ကို အသုံးပြုပြီး ရိုက်ကူးတဲ့အတွက် Quality ကလည်း ပိုပြီးကောင်းမှာဖြစ်ပါတယ်။ 

Kase Anamorphic Lens

နောက်ဆုံး ညွှန်းပေးချင်တဲ့ Kase Lens ကတော့ ဓါတ်ပုံထက် Video ရိုက်ကူးရတာကို သဘောကျတဲ့သူတွေအကြိုက်တွေ့မယ့် Anamorphic Lens ပဲဖြစ်ပါတယ်။ 1.33x Deformation ကြောင့် ပုံမှန် 16:9 Ratio ကနေ Cinematic ဆန်ဆန် 2.4:1 Aspect Ratio ကို ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

Kase Anamorphic Lens ရဲ့ အားသာချက်ကတော့ Cinematic Aspect Ratio ရဖို့အတွက် Video ရိုက်ကူးပြီးမှ ပြန်လည် Edit လုပ်နေစရာမလိုတော့သလို ဓါတ်ပုံရိုက်ကူးမယ်ဆိုရင်လည်း Cinematic ပုံစံ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ရှုခင်းဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ အဆွေးဓါတ်ခံ Filter လေးထည့်ပြီး အမှတ်တရအနေနဲ့ သိမ်းဆည်းတာပဲဖြစ်ဖြစ်၊ Social Media ပေါ်တင်တဲ့အချိန်မှာပဲဖြစ်ဖြစ် ကွဲပြားပြီး မတူတဲ့ခံစားမှုတစ်ခုကို အမြဲတမ်းရရှိနေစေမှာပါ။ 

တကယ်လို့ ဒီ Kase Lens တွေကို စိတ်ဝင်စားလို့ဝယ်ယူချင်တယ်ဆိုရင်တော့ Sure ဆိုင်ခွဲတွေ သို့မဟုတ် isuremyanmar.com ကနေတစ်ဆင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Kase Lens တွေတင်မဟုတ်ဘဲ တွဲဖက်အသုံးပြုနိုင်တဲ့ Filter တွေ၊ Accessories တွေကိုပါ တစ်နေရာထဲမှာ ဝယ်ယူနိုင်သလို လောလောဆယ် ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ KBZ ၊ CB Bank Tranfer နဲ့ KBZ Pay လို Digital Payment နဲ့လည်း ငွေကျပ် (၁၀) သိန်းအထိ ပေးချေနိုင်တဲ့အတွက် လက်ထဲမှာ ငွေသားအများကြီးမရှိရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ 

Previous article iPhone 12 Series ဝယ်ရင် MagSafe Charger လက်ဆောင်ရနိုင်မယ့် အခွင့်အရေး
Next article iSure မှာ ကိုယ့် Device အဟောင်းတွေကို အကောင်းအတိုင်းဖြစ်အောင် ဘယ်လိုပြင်ဆင်ပေးသလဲ