Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
ဘယ်လောက်သုံးသုံး ဝါသွားခြင်းမရှိတဲ့ Apple Clear Case with MagSafe ရဲ့လျှို့ဝှက်ချက်

ဘယ်လောက်သုံးသုံး ဝါသွားခြင်းမရှိတဲ့ Apple Clear Case with MagSafe ရဲ့လျှို့ဝှက်ချက်

Apple iPhone တစ်လုံးကို ကိုင်နေတယ်ဆိုရင် ကျိန်းသေတာကတော့ ကိုယ်အကြိုက်ဆုံးအရောင်ကို ရွေးချယ်ဝယ်ယူထားမှာသေချာပါတယ်။​ အဲ့ဒီလိုမျိုး ကိုယ်အကြိုက်ဆုံးအရောင်ကို ကိုင်နေပြီးတော့ ကိုယ့် iPhone အရောင်ကို တခြားသူတွေကို မြင်အောင် ပြသချင်တာကလည်း လူတိုင်းပြုလုပ်ချင်တဲ့အရာတစ်ခုဖြစ်ပါတယ်။ 

ဒါပေမယ့် iPhone အသစ်လေးကို အရောင်ကြောင့် ဘာ Case မှမတပ်ထားဘဲ ကိုင်သုံးတာက မတော်တဆထိခိုက်မှုတွေနဲ့ အစင်းရာတွေထိနိုင်တဲ့အတွက် ရေရှည်အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ ညွှန်းပေးဖို့ ခက်နေပါတယ်။ အကောင်းဆုံးကတော့ Silicon Clear Case ကို အသုံးပြုတာပဲဖြစ်ပါတယ်။ 

ဒီလိုမျိုး Silicon Clear Case ကို အသုံးပြုနေပေမယ့် စိုးရိမ်ရမယ့်အချက်တစ်ချက်ရှိနေပါသေးတယ်။ ဒါကတော့ အသုံးပြုတာကြာလာတဲ့အချိန်မှာ Clear Case က ဝါသွားပြီး ဝယ်တုန်းကလိုမျိုး အကြည်ရောင်ကို မရရှိတော့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တတ်တာက အထူးသဖြင့် Quality အားနည်းတဲ့ Third-party Brand တွေမှာ ပိုပြီး အဖြစ်များပါတယ်။ 

အခုအချိန်မှာတော့ Apple ကနေ ကိုယ့် iPhone ရဲ့ အရောင်ကိုလည်း အလှပဆုံးပြသနိုင်ပြီး ဘယ်လောက်သုံးသုံးဝါသွားခြင်းမရှိတဲ့ Silicon Clear Case with MagSafe ကို iPhone 12 Series အတွက် ထုတ်လုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ဝါသွားခြင်းမရှိဖို့အတွက် Optically Clear Polycarbonate နဲ့ Flexiable Material တွေကို အထူးပေါင်းစပ်ထားသလို ခြစ်ရာစင်းရာနဲ့ တခြားထိခိုက်မှုတွေကို ကာကွယ်ဖို့အတွက် Coating တစ်ထပ်ကိုပါ Clear Case ရဲ့ အတွင်းဘက်နဲ့ အပြင်ဘက်မှာပါ အသုံးပြုပေးထားတာဖြစ်ပါတယ်။ 

ဒီလိုမျိုး Silicon Clear Case တစ်ခုပေမယ့် Apple ရဲ့ ထိပ်တန်းနည်းပညာတွေကို အသုံးပြုထားတဲ့အတွက်ကြောင့် လုံးဝဝါသွားခြင်းမရှိအောင် အကောင်းဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ Apple ကတော့ တကယ်လို့ ၁ နှစ်အတွင်း ဝါသွားတာမျိုးရှိတယ်ဆိုရင် အသစ်ပြန်လဲပေးနေတဲ့အထိကို ဒီ Clear Case with MagSafe ကို အာမခံချက်ပေးထားတာပါ။ အဲ့ဒါကြောင့် ကိုယ့် iPhone အရောင်ကို အလှပဆုံးပြသပြီး ဝါသွားမှာကိုလည်း စိတ်မညစ်ချင်ဘူးဆိုရင် ဒီ Apple Clear Case က အကောင်းဆုံးရွေးချယ်မှုလို့ ပြောရမှာဖြစ်ပါတယ်။ 

iSure ကနေဝယ်ယူသွားတဲ့ Customer တစ်ဦးရဲ့ ၆ လကျော်အသုံးပြုထားတဲ့ Clear Case with MagSafe ရဲ့ ဓါတ်ပုံကိုလည်း ယှဥ်တွဲဖော်ပြပေးလိုက်ပါတယ်။ ဒီလိုမျိုး ဝါသွားခြင်းမရှိတာကိုတော့ နိုင်ငံတကာ Reviewer တွေအပြင် Customer တွေရဲ့ Feedback တွေကိုလည်း ကိုယ်တိုင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

နောက်ထပ်တစ်ချက်ကတော့ iPhone 12 Series တွေအတွက် MagSafe Charging စနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်။ အဲ့ဒီအတွက် MagSafe Charger နဲ့ တွဲဖက်အသုံးပြုတဲ့အချိန်မှာ လုံးဝပြဿနာရှိမှာမဟုတ်သလို တခြားသော Qi-certified Charger တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်မှာပါ။ 

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Apple-designed Case တစ်ခုဖြစ်တဲ့အတွက် နာရီပေါင်းထောင်ပေါင်းများစွာ စမ်းသပ်ထားပြီး ပြုတ်ကျမှုတွေကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ဦးမှာပါ။ နောက်ဆုံးအနေနဲ့ သတင်းကောင်းတစ်ခုနဲ့ အခု Apple Clear Case with MagSafe အကြောင်းကို အဆုံးသတ်ချင်ပါတယ်။ 

ဒါကတော့ iSure မှာ iPhone 12 ၊ 12 Pro နဲ့ 12 Pro Max ဖုန်းတွေအတွက် Apple Clear Case with MagSafe ကို ဝယ်ယူမယ်ဆိုရင် Discount Promotion ပေးနေတာပဲဖြစ်ပါတယ်။ တကယ်လို့ ၁ ခုဝယ်မယ်ဆိုရင် 20,000 MMK Discount နဲ့ ၂ ခုဝယ်ရင် 50,000 MMK Discount အထိရရှိမှာဖြစ်ပြီး Customer တစ်ဦးကို အများဆုံး ၂ ခုအထိဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပစ္စည်းလက်ကျန်ရှိတဲ့အထိပဲ​ အခု Promotion က အကျုံးဝင်တာဖြစ်တဲ့အတွက် အခုပဲအမြန်ဆုံး နီးစပ်ရာ iSure ဆိုင်တွေမှာ လာရောက်ဝယ်ယူဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

တကယ်လို့ တခြား Apple Device နဲ့ Accessories တွေပါ တခါတည်းလာရောက်ဝယ်ယူမယ်ဆိုရင်လည်း  ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article MacBook နဲ့ iPhone အသုံးပြုနေတဲ့သူတွေအတွက် All-in-One Charger လေးတစ်ခု 
Next article M1 MacBook Air နဲ့ M1 MacBook Pro ကို အရိုးရှင်းဆုံး နှိုင်းယှဥ်ကြည့်ခြင်း