Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ကိုယ့်အတွက်အဆင်ပြေဆုံး iPad က ဘာဖြစ်မလဲ

ကိုယ့်အတွက်အဆင်ပြေဆုံး iPad က ဘာဖြစ်မလဲ

Tablet လို့ဆိုလိုက်တာနဲ့ လူတိုင်းစိတ်ထဲကို အရင်ဆုံးရောက်လာတာကတော့ Apple ကနေ ထုတ်လုပ်ထားတဲ့ iPad တွေပဲဖြစ်မှာပါ။ ဒါပေမယ့် ကိုယ့်အတွက် ဘယ် iPad က အသင့်တော်ဆုံးဖြစ်မလဲ၊ ဒါမှမဟုတ် လက်ဆောင်ပေးချင်တယ်ဆိုရင်လည်း ဘယ်လိုမျိုး iPad ကို ရွေးချယ်ရမလဲ၊ ဘာတွေကွာခြားချက်တွေရှိနေမလဲဆိုတာကို သိချင်တယ်ဆိုရင် ယခု Article လေးကနေ Buying Guide ပုံစံဖော်ပြပေးလိုက်ပါတယ်။ 

အရင်ဆုံး လက်ရှိအချိန်မှာ Apple ကနေ iPad Mini 5 ၊ iPad 8 ၊ iPad Air 4 ၊ M1 iPad Pro 11” နဲ့ 12.9” တွေကို ရောင်းချနေတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ iPad Mini 5 ကိုတော့ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်တဲ့အပြင် မကြာခင်မှာ Design ပြောင်းလဲပြီး အသစ်မိတ်ဆက်မယ်လို့ သိရတဲ့အတွက် လောလောဆယ်မှာ မရွေးချယ်သင့်ဘဲ ကျန်တဲ့ iPad တွေကိုပဲ ပိုပြီး ညွှန်းရမှာဖြစ်ပါတယ်။ 

iPad 8

Apple ရဲ့ စျေးအသက်သာဆုံး iPad 8 ဟာ အခုမှစပြီး iPad ကို အသုံးပြုချင်တယ်၊ စျေးအများကြီးမသုံးချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ လူကြီးမိဘတွေကို အင်တာနက်အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ ကလေးငယ်တွေကို Game တွေ၊ App တွေအသုံးပြုပြီး သင်ကြားပေးဖို့စဥ်းစားနေတယ်ဆိုရင်လည်း ကျိန်းသေရွေးချယ်သင့်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာတော့ A12 Bionic Chip ကြောင့် ပုံမှန်အသုံးပြုမှုတွေမှာ အနည်းဆုံး ၃၊ ၄ နှစ်အထိ အာမခံပေးနိုင်မှာဖြစ်ပါတယ်။ Touch ID ပါဝင်တဲ့ Home Button ၊ Stereo Speaker တွေနဲ့ 10.2” Retina Display တွေကလည်း အသုံးပြုမှုပိုင်းမှာ လွယ်ကူပြီး ရုပ်ရှင်တွေ၊ Video တွေကြည့်မယ်ဆိုရင်လည်း အဆင်ပြေမှာပါ။ 

အားသာချက်အနေနဲ့ကတော့ Smart Keyboard အများအပြားနဲ့ တွဲဖက်အသုံးပြုနိုင်သလို Apple Pencil (1st Gen) ကို အသုံးပြုပြီးလည်း ပုံဆွဲတာ၊ Notes မှတ်တာတွေကို ဆောင်ရွက်နိုင်မှာပါ။ True Tone Technology လိုမျိုး Display နည်းပညာတွေလည်းပါဝင်သလို 8MP Back Camera ကလည်း ပုံမှန် Point & Shoot ဓါတ်ပုံတွေနဲ့ Document တွေကို Scan ပြုလုပ်ဖို့အတွက် လုံလောက်မှာဖြစ်ပါတယ်။ 

အားနည်းချက်အနေနဲ့ကတော့ Lightning Port ကို အသုံးပြုထားတဲ့ တစ်ခုထဲသော iPad ဖြစ်နေတဲ့အတွက် တကယ်လို့ File Transfer တွေအတွက် အသုံးပြုချင်တယ်ဆိုရင် Adapter လိုအပ်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ Video Call ပြောဆိုမှုတွေအတွက် 1.2MP FaceTime Camera ဟာ တခြားသော စမတ်ဖုန်း Camera တွေထက် အားနည်းနေမှာဖြစ်ပါတယ်။ 

iPad Air 4

စျေးလည်း အထိုက်အလျောက်သုံးမယ်၊ Design လှပဖို့လိုအပ်ပြီးတော့ လုံးဝ Performance အကောင်းဆုံးဖြစ်နေဖို့ မလိုဘူးဆိုရင် Apple iPad Air 4 က သင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ ပြောရမယ်ဆိုရင် လက်ရှိအချိန်မှာ လူတိုင်းအတွက် Recommend ပေးလို့အကောင်းဆုံး iPad ဆိုရင်လည်း မမှားပါဘူး။ 

ဒါက ဘာကြောင့်လဲဆိုရင် iPad Pro လိုမျိုး Design ကိုမှ လှပတဲ့ အရောင် ၅ မျိုးအထိ ရွေးချယ်နိုင်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း A14 Bionic Chip ကြောင့် ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် အသာလေးဆောင်ရွက်နိုင်မှာပါ။ Display ကိုလည်း 10.9” Liquid Retina Display အနေနဲ့ Upgrade ပြုလုပ်ထားတဲ့အတွက် ProMotion လိုမျိုး Feature တွေကလွဲရင် iPad Pro 11” နဲ့တောင် တူညီနေပါသေးတယ်။ 

အားသာချက်တွေအနေနဲ့ကတော့ Design ၊ Performance တွေအပြင် Camera ပိုင်းမှာ 4K Video တွေရိုက်ကူးနိုင်တဲ့ 12MP Back Camera နဲ့ FaceTime Camera ကိုလည်း 7MP အထိ ထည့်သွင်းပေးထားတဲ့အတွက် iPad 8 နဲ့ယှဥ်ရင် သိသိသာသာပိုကောင်းနေမှာပါ။ Stereo Speaker Setup အပြင် Apple Pencil (2nd Gen) နဲ့ iPad Pro လိုမျိုး Magic Keyboard အထိပါ Support ပေးထားပါသေးတယ်။ USB-C ဖြစ်သွားတဲ့အတွက်ကြောင့် Photo ၊ Video Editing ပြုလုပ်ဖို့အတွက် File Transfer ပြုလုပ်တဲ့အချိန်မှာလည်း ပိုပြီး လွယ်ကူသွားမှာဖြစ်ပါတယ်။ 

Apple iPad Air 4 ဟာ အားနည်းချက်ဆိုပြီး ကျိန်းသေပေါက်ပြောနိုင်တဲ့အချက်နည်းပါးပြီးတော့ Face ID အစား Touch ID ကို ဘေးဘက် Power Button မှာ ထည့်သွင်းပေးထားတာကပဲ တချို့သောသူတွေအတွက် အသားမကျဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် iPad Air 4 ဟာ အားနည်းချက် ကြီးကြီးမားမားမရှိဘဲ လူတိုင်းအတွက် သင့်တော်တဲ့ iPad တစ်ခုဖြစ်ပါတယ်။ 

M1 iPad Pro 11” 

Apple ကနေ နောက်ဆုံးမှ Update ပြုလုပ်ပေးထားတဲ့ M1 iPad Pro 11” (2021) ဟာ ယခင် 2020 Model ထက် ပြောင်းလဲမှုအများကြီးမရှိပေမယ့် စွမ်းဆောင်ရည်အကောင်းဆုံးလိုချင်ပြီး လက်ထဲသက်တောင့်သက်သာကိုင်ဆောင်ချင်တယ်ဆိုရင် ညွန်းရမယ့် iPad ဖြစ်နေတုန်းပါ။ 

အဓိကအနေနဲ့ကတော့ Apple M1 Chip ကို iPad မှာ ပထမဆုံးအသုံးပြုထားတာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ M1 MacBook Pro တွေနဲ့တောင် ယှဥ်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီး 5G Support ၊ USB-C ကနေတစ်ဆင့် Thunderbolt/USB 4 ကိုပါ Support ပေးထားတဲ့အတွက် ချိတ်ဆက်မှုတွေက ယခင်ထက်ပိုပြီး များပြား၊ မြန်ဆန်လာမှာပါ။ LiDAR Sensor ပါဝင်တဲ့ Dual 12MP Wide + 10MP Ultrawide Back Camera Setup က 2020” Model နဲ့ဆင်တူပေမယ့် 12MP TrueDepth Front Camera ကိ အဆင့်မြှင့်တင်ထားပြီး Video Call တွေမှာ ကိုယ်ရှိတဲ့နေရာကို လိုက်ပြီး Focus ယူပေးမယ့် Center Stage လို Feature တွေပါဝင်လာပါပြီ။ 

အားသာချက်တွေအနေနဲ့ကတော့ အခုနကပြောသွားတဲ့အချက်တွေအပြင် ProMotion Support ပါဝင်တဲ့ 11” Liquid Retina Display ၊ Four-speaker Audio နဲ့ Studio-quality Microphone Setup တွေက Overall User Experience ကို ပိုကောင်းမွန်စေမှာပါ။ Apple Pencil (2nd Gen) နဲ့ Magic Keyboard ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ Face ID ကြောင့် Login ပြုလုပ်ရတာလည်း iPhone အတိုင်းပဲ မြန်ဆန်နေမှာပါ။ 

အားနည်းချက်အနေနဲ့ကတော့ M1 iPad Pro 12.9” မှာပါဝင်တဲ့ Liquid Retina XDR mini-LED Display ကို iPad Pro 11” မှာ ထည့်သွင်းထားခြင်းမရှိတာဖြစ်ပါတယ်။ လက်ရှိ iPad Pro 11” ရဲ့ Display ကလည်း အကောင်းဆုံးထဲမှာပါဝင်ပေမယ့် iPad Pro 12.9” က ပိုပြီးကောင်းနေမှာပါ။ 

M1 iPad Pro 12.9” 

M1 iPad Pro 12.9” ကတော့ စျေးနဲ့ 12.9” Screen Size ကို အသုံးပြုလို့အဆင်ပြေတယ်ဆိုရင် လက်ရှိမှာ အကောင်းဆုံးသော Tablet ဖြစ်ပါတယ်။ တကယ်ကို Laptop အစားထိုးအသုံးပြုနိုင်တဲ့ ကွန်ပျူတာတစ်လုံးဆိုရင်တောင် မမှားပါဘူး။ 

Feature တွေအနေနဲ့ကတော့ အခုနက M1 iPad Pro 11” အတိုင်း Apple M1 Chip ၊ 5G ၊ Thunderbolt/USB 4 Support တွေ၊ Face ID နဲ့ Camera Feature အသစ်တွေအကုန်လုံးပါဝင်မှာဖြစ်ပါတယ်။ Four-speaker Audio ၊ Studio-quality Microphone အပြင် Apple Pencil (2nd Gen) နဲ့ Magic Keyboard Support ပါဝင်တာကလည်း အတူတူပဲဖြစ်ပါတယ်။ 

 M1 iPad Pro 12.9” ရဲ့ အဓိကအားသာချက်ကတော့ Display ပဲဖြစ်ပြီး Apple ကနေ mini-LED Display နည်းပညာကို ပထမဆုံးအသုံးပြုထားတဲ့ Device လည်းဖြစ်ပါတယ်။ Apple ကတော့ Liquid Retina XDR Display လို့ ခေါ်ဆိုထားပြီး Maximum Brightness ကို 1600nits အပြင် 1,000,000:1 Contrast Ratio ၊ 2,596 Full-array Local Dimming Zone တွေအထိ Support ပြုလုပ်နိုင်တဲ့အတွက် Display ပိုင်းမှာ လုံးဝကို Tablet တင်မဟုတ်ဘဲ Laptop တွေထဲမှာပါ အကောင်းဆုံးလို့ ပြောနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်ကတော့ Apple M1 iPad 12.9” ဟာ လက်ရှိမှာ အကောင်းဆုံး iPad ဖြစ်နေတဲ့အတွက် မရှိသလောက်ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ Global Chip Shortage ကြောင့် Stock အလုံအလောက်ရရှိနိုင်မှုအပိုင်းမှာ အားနည်းနေတာပဲရှိမှာပါ။ 

အခုအချိန်မှာ iPad တွေအပြင် တခြားသော Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure Website ဖြစ်တဲ့ “www.isuremyanmar.com” မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်ကန့်သတ်ထားတဲ့အချိန်အတွင်းမှာ KBZ ၊ CB Bank Tranfer နဲ့ KBZ Pay လို Digital Payment နဲ့လည်း ငွေကျပ် (၁၀) သိန်းအထိ ပေးချေနိုင်တဲ့အတွက် လက်ထဲမှာ ငွေသားအများကြီးမရှိရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ 

Previous article စျေးအများကြီးမသုံးဘဲ iPhone အသစ်ဝယ်ချင်တဲ့သူတွေအတွက် အကောင်းဆုံး iPhone 
Next article iPad 8 ကိုအသုံးပြုပြီး ကိုယ့်ကလေးကိုစာသင်ကြားပေးဖို့ အကောင်းဆုံး Application တွေ