Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
ကိုယ့်လုပ်ငန်းအတွက် ရေရှည်အသုံးပြုချင်တယ်ဆိုရင် စဥ်းစားသင့်တဲ့ M1 iMac 24” 2021

ကိုယ့်လုပ်ငန်းအတွက် ရေရှည်အသုံးပြုချင်တယ်ဆိုရင် စဥ်းစားသင့်တဲ့ M1 iMac 24” 2021

Apple ရဲ့ All-in-One Mac ကွန်ပျူတာဖြစ်တဲ့ iMac ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက လုံးဝ Design ပြောင်းလဲပြီး အသစ်ထွက်ရှိထားတာဖြစ်ပါတယ်။ အခုဆိုရင်လည်း iSure မှာ M1 iMac 24” 2021 ကို အရောင်မျိုးစုံဝယ်ယူရရှိနိုင်ပါပြီ။​ 

Apple iMac 24” 2021 အကြောင်းကတော့ အများကြီးပြောဖို့တောင်မလိုအပ်တော့ပါဘူး။ ဘယ်လိုမျိုး Specification တွေပါဝင်တယ်၊ ဘာလိုမျိုး Feature အသစ်တွေ ထည့်သွင်းထားတယ်ဆိုတာကို ယခု Website Link မှာရှိတဲ့ Article မှာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ယေဘုယျပြောရမယ်ဆိုရင် Apple iMac 24” 2021 ဟာ လက်ရှိအချိန်မှာ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ Work From Home အတွက်ပဲဖြစ်ဖြစ်၊​ အိမ်မှာ Desktop PC အနေနဲ့ အသုံးပြုဖို့ပဲဖြစ်ဖြစ် လူတိုင်းအတွက် သင့်လျော်တဲ့ Mac ကွန်ပျူတာတစ်လုံးဖြစ်ပါတယ်။ 

အခု Article မှာတော့ Creative Professional တွေအတွက် လုပ်ငန်းအကြီးတွေ၊ ကုမ္ပဏီတွေမှာ ဘာကြောင့် M1 iMac 24” 2021 ကို ဦးစားပေးစဥ်းစားသင့်သလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။​ 

အချိန်အကြာကြီး Up-to-Date ဖြစ်နေမယ့် All New Design  

Apple iMac တွေကို ယခင်ထဲကအသုံးပြုနေတာပဲဖြစ်ဖြစ်၊ စိတ်ဝင်စားတယ်ဆိုရင် Apple ဟာ iMac တွေ၊ Mac ကွန်ပျူတာတွေရဲ့ Design ကို အချိန်အကြာကြီးနေမှ ပြောင်းလဲတာကို သိကြမှာပါ။ အခု iMac 24” 2021 ဟာဆိုရင် Apple ကနေ ပထမဆုံးအနေနဲ့ Design အကုန်လုံးပြောင်းလဲပြီး မိတ်ဆက်ခဲ့တဲ့ iMac ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် M1 iMac 24” 2021 ရဲ့ Design ဟာ ကိုယ့်လုပ်ငန်းခွင်မှာ ထားပြီးအလုပ်လုပ်မယ်ဆိုရင် အချိန်ကြာလို့ ဒိတ်အောက်သွားစေမှာမဟုတ်ပါဘူး။ iMac 24” 2021 ကလည်း ကိုယ့်အလုပ်ခွင်နဲ့ လိုက်ဖက်တဲ့ အရောင်တွေကို မျိုးစုံရွေးချယ်နိုင်မယ့်အပြင် Design ကလည်း လက်ရှိအချိန်မှာ အပါးလွှာဆုံး All-in-One ကွန်ပျူတာဖြစ်နေတာကြောင့် နှစ်တွေအကြာကြီးအထိ ခေတ်ဆန်နေမှာဖြစ်ပါတယ်။ 

Creative Professional တွေအတွက် အကောင်းဆုံးဖြစ်နေမယ့် Performance 

iMac 24” 2021 ဟာ Performance ပိုင်းမှာ Apple ရဲ့ ကိုယ်ပိုင် M1 Chip ကို ပထမဆုံးအနေနဲ့ အသုံးပြုထားတာဖြစ်ပါတယ်။ M1 Chip ဟာဆိုရင် လက်ရှိအချိန်မှာ စွမ်းဆောင်ရည်ပိုင်းမှာ ယခင် Intel Processor အသုံးပြုထားတဲ့ iMac တွေထက် ပိုပြီးကောင်းမွန်သလို ရေရှည်မှာလည်း Software Update တွေကို ဆက်တိုက်ရရှိနေမှာဖြစ်ပါတယ်။ 

Apple ကနေ M1 Chip ကို စတင်မိတ်ဆက်တဲ့အချိန်မှာ Software ပိုင်းမှာ M1 Chip အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Software Version တွေနည်းပါးနေသေးပေမယ့် အခုအချိန်မှာတော့ သုံးချင်တဲ့လုပ်ငန်းတွေအတွက် Professional Software တွေအကုန်လုံး Support ပြုလုပ်နေပြီဖြစ်ပါတယ်။​ နောက်ပိုင်းမှာလည်း Apple ဟာ Mac ကွန်ပျူတာတွေအကုန်လုံးမှာ ကိုယ်ပိုင် Apple Silicon Chip ကိုပဲ အသုံးပြုသွားမှာဖြစ်တာကြောင့် ရေရှည်အနေနဲ့ကြည့်မယ်ဆိုရင် ပိုပြီး အဆင်ပြေလာမှာဖြစ်ပါတယ်။ 

အလုပ်လုပ်နေရတဲ့သူတွေအတွက် Best-in-Class Display

အလုပ်လုပ်နေရတဲ့သူတွေ အထူးသဖြင့် Designer ၊ Photo ၊ Video Editor တွေဟာ Performance ကောင်းမွန်တဲ့ ကွန်ပျူတာတစ်လုံးလိုအပ်သလိုဘဲ Display ပိုင်းကလည်း အကောင်းဆုံးဖြစ်နေဖို့လိုအပ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ပုံမှန် Desktop PC တွေကို အသုံးပြုမယ်ဆိုရင် စျေးကွက်ထဲမှာ အရည်အသွေးကောင်းမွန်တဲ့ Monitor ကို စျေးကြီးပေးပြီး ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ 

ဒါပေမယ့် iMac 24” 2021 ကိုဝယ်ယူအသုံးပြုမယ်ဆိုရင်တော့ ဒီလိုမျိုး Monitor ကို သီးသန့်ဝယ်ယူဖို့မလိုအပ်ဘဲ အကောင်းဆုံးသော Display ကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။​ Resolution အနေနဲ့ 4.5K အထိ ထောက်ပံ့ပေးနိုင်တဲ့အပြင် 24” Screen Size ကလည်း ပုံမှန် Content ပိုင်းအသုံးပြုတဲ့အချိန်မှာ အဆင်ပြေစေမှာဖြစ်ပါတယ်။ Color Accuracy ပိုင်းအတွက်လည်း P3 Wide Color Gamut ကိုအပြည့်အဝထောက်ပံ့ပေးထားပြီး Brightness ကလည်း 500 Nits အထိရှိမှာဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် iMa 24” 2021 ရဲ့ Display က လုပ်ငန်းခွင်မှာ အသုံးလိုတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်စေမှာဖြစ်သလို ပုံမှန်ရုပ်ရှင်ကြည့်၊ Media ပိုင်းအသုံးပြုသူတွေအတွက်လည်း စိတ်တိုင်းကျစေမှာ သေချာပါတယ်။ 

Video Conferencing တွေအတွက် အကောင်းဆုံး Camera နဲ့ Microphone

အခုအချိန်မှာ အလုပ်လုပ်နေရပြီဆိုရင် ကျိန်းသေပေါက် Video Conferencing နဲ့ Meeting တွေပြုလုပ်ရဖို့က ကျိန်းသေသလောက်ဖြစ်နေပါတယ်။ အဲ့ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ Webcam နဲ့ Microphone ကလည်း လိုအပ်နေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါကို iMac 24” 2021 ကလည်း အကောင်းဆုံး ဖြည့်စည်းပေးနိုင်မှာပါ။ 

iMac 24” 2021 ဟာ Apple Mac ကွန်ပျူတာတွေထဲမှာ ပထမဆုံးအနေနဲ့ 1080p FaceTime HD Camera ကိုထည့်သွင်းပေးထားပြီး M1 Chip ရဲ့ Advanced Image Processing (ISP) နည်းပညာကြောင့် ဘယ်လိုမျိုး Lighting အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Microphone ကလည်း Studio-Grade Microphone Array ကိုထည့်သွင်းပေးထားပြီး ပုံမှန် Voice Call တွေတင် ရှင်းရှင်းလင်းလင်းဖမ်းယူပေးနိုင်မှာမဟုတ်ဘဲ Podcast Recording ပြုလုပ်နိုင်တဲ့အထိကို အရည်အသွေးကောင်းမွန်နေမှာဖြစ်ပါတယ်။ 

သီးသန့် Speaker အသုံးပြုဖို့ မလိုအပ်တဲ့ Six-Speaker Sound System 

ရုံးတွေမှာ အထူးသဖြင့် Video Editing ပြုလုပ်တဲ့အချိန်တွေမှာ Preview ပြန်လည်ပြသဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ Display တင်မဟုတ်ဘဲ Sound System ကောင်းကောင်းထုတ်ပေးနိုင်တဲ့ Speaker လည်းလိုအပ်ပါသေးတယ်။ ပုံမှန် Desktop PC တွေကို အသုံးပြုမယ်ဆိုရင် Monitor မှာ Speaker ပါဝင်ရင်တောင် အရည်အသွေးနိမ့်တဲ့အတွက် သီးသန့် Speaker ဝယ်ယူဖို့လိုအပ်တာဖြစ်ပါတယ်။ 

ဒါပေမယ့် iMac 24” 2021 မှာတော့ Apple Mac ကွန်ပျူတာတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ Six-Speaker Sound System ပါဝင်တဲ့ Speaker Setup ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Rich and Deep ဖြစ်တဲ့ Force-cancelling Woofers ၂ စုံကိုမှ High-Performance Tweeter ၂ ခုနဲ့ တွဲဖက်ပေးထားပြီး အကောင်းဆုံးသော Soundstage ကိုပေးစွမ်းနိုင်မှာဖြစ်တဲ့အတွက် ရုပ်ရှင်ပဲကြည့်ကြည့်၊​​ သီချင်းပဲနားထောင်ထောင် အကောင်းဆုံးဖြစ်နေစေမှာပါ။ 

ရေရှည်ထိခိုက်ပျက်စီးနိုင်ခြေနည်းပါးပြီး နေရာစားသက်သာခြင်း

ရုံးတွေ၊ ကုမ္ပဏီတွေမှာ လက်ရှိအချိန်မှာ အလိုအပ်ဆုံးက ကွန်ပျူတာတွေဖြစ်တယ်လို့ ပြောနိုင်တဲ့အထိကို လုပ်ငန်းတိုင်းလိုလိုမှာ ကွန်ပျူတာကို မဖြစ်မနေအသုံးပြုနေရပြီဖြစ်ပါတယ်။​ ဒီနေရာမှာ နေရာစားသက်သာစေဖို့အတွက် Laptop တွေကို အသုံးပြုမယ်ဆိုရင်လည်း မတော်တဆထိခိုက်၊​ ပြုတ်ကျမှုတွေကြောင့် ပျက်စီးနိုင်သလို ရေရှည်အသုံးပြုမယ်ဆိုရင်လည်း စွမ်းဆောင်ရည်က Desktop PC တွေနဲ့ ယှဥ်ရင် ပိုပြီးမြန်မြန်ဆန်ဆန် ကျဆင်းမှာဖြစ်ပါတယ်။​ Desktop PC အသုံးပြုမယ်ဆိုရင်လည်း နေရာယူပြီး ကိုယ့်ရုံးခန်းက နေရာသိပ်မရှိဘူးဆိုရင် ကျဥ်းကျပ်နေမှာဖြစ်ပါတယ်။ 

အဲ့ဒီအစား iMac 24” 2021 ကို အသုံးပြုမယ်ဆိုရင် ပုံမှန် 24” Monitor တစ်လုံးထက်တောင် သေးငယ်တဲ့ 11.5mm အထူပဲရှိတာကြောင့် လုံးဝကို ဘယ်နေရာမှာပဲ သုံးသုံး အဆင်ပြေစေမှာဖြစ်ပါတယ်။ ပါဝင်ပြီးသား Magic Keyboard နဲ့ Magic Mouse 2 ကလည်း iMac Color အတိုင်းဖြစ်နေသလို Wireless ဖြစ်တာကြောင့် စားပွဲမှာ ကြိုးတွေရှုပ်နေစေမှာလည်း မဟုတ်ပါဘူး။ နောက်ဆုံး Apple ဟာ iMac 24” ရဲ့ Power Cable ကိုတောင် Magnetic အနေနဲ့ တပ်ဆင်ရတာဖြစ်တာကြောင့် မတော်တဆ ကြိုးကို ထိခိုက်မိရင်တောင် iMac ကို ထိခိုက်စေမှာမဟုတ်ပါဘူး။ 

Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iMac 2021 အပြင် တခြားသော MacBook ၊ Mac ကွန်ပျူတာတွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article ကိုယ့် iPhone ကို ကာကွယ်ဖို့ Phone Case ကို ဘယ်လိုရွေးချယ်ကြမလဲ
Next article Mac ကွန်ပျူတာသုံးရင် Virus ပြဿနာ မကြုံတွေ့ရတာက ဘာကြောင့်ဖြစ်မလဲ