Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Apple TV နဲ့ ဘာတွေသုံးနိုင်မလဲ? ဘယ်သူတွေအတွက်ဝယ်ထားသင့်လဲ?

Apple TV နဲ့ ဘာတွေသုံးနိုင်မလဲ? ဘယ်သူတွေအတွက်ဝယ်ထားသင့်လဲ?

အခုအချိန်မှာ လူတိုင်းနီးပါး Media Streaming Service တွေကို အသုံးပြုကြည့်ရှုနေကြပြီဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Apple Device တွေကိုလည်း အသုံးပြုနေတယ်၊ အိမ်မှာ Streaming Service တွေအတွက်လည်း Apple Product ကိုပဲ ဝယ်ယူချင်တယ်ဆိုရင် Apple TV က သင့်အတွက် အဆင်ပြေတဲ့ Device တစ်ခုဖြစ်မှာပါ။ အခု Article မှာတော့ Apple TV ရှိရင် ဘယ်လိုမျိုး Feature တွေအသုံးပြုနိုင်မလဲဆိုတာနဲ့ ဘယ်သူတွေဝယ်ယူထားသင့်သလဲဆိုတာကို ဖော်ပြပေးသွားပါမယ်။ 

အရင်ဆုံး Apple TV ကို အသုံးပြုဖို့အတွက် ကိုယ့်ဆီမှာ TV သို့မဟုတ် HDMI Support ပေးတဲ့ Monitor ရှိဖို့လိုအပ်မှာဖြစ်ပါတယ်။ Apple TV HD နဲ့ Apple TV 4K ဆိုပြီး ၂ မျိုးထုတ်လုပ်ထားပြီး အခုနောက်ပိုင်းမှာ 4K TV တွေရဲ့ စျေးနှုန်းကလည်း ကျဆင်းလာပြီဖြစ်တဲ့အတွက် ရေရှည်အသုံးပြုဖို့ ရည်ရွယ်ထားတယ်ဆိုရင် Apple TV 4K ကိုပဲ ပိုပြီးရွေးချယ်သင့်ပါတယ်။ 

Apple TV မှာဘာတွေပါဝင်မလဲဆိုရင်တော့ သီးသန့် App Store ပါဝင်မှာဖြစ်ပြီး တကယ်လို့ Apple ရဲ့ ကိုယ်ပိုင် Streaming Service တွေအစား Netflix ၊ Amazon Prime Video ၊ HBO နဲ့ YouTube လိုမျိုး Service တွေကိုပါ ကြည့်ရှုနိုင်မှာပါ။ Apple TV ကို အခုမှစတင်ဝယ်ယူတဲ့သူတွေအတွက်လည်း Apple ရဲ့ Streaming Service ဖြစ်တဲ့ Apple TV+ ကို (၁)နှစ် အခမဲ့သုံးစွဲနိုင်မှာဖြစ်ပါတယ်။ 

Streaming Service တွေကို အသုံးမပြုချင်ဘူးဆိုရင်လည်း Apple TV ရဲ့ App Store မှာရှိတဲ့ Game တွေကို ဆော့ကစားနိုင်သလို Apple ရဲ့ Game Service တစ်ခုဖြစ်တဲ့ Apple Arcade ကို Sign-up ပြုလုပ်ပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဆော့ကစားဖို့အတွက်ကလည်း စျေးကွက်ထဲမှာရှိတဲ့ Third-party Controller အများအပြားကို Support ပေးထားပါတယ်။ 

နောက်ထပ် Apple TV ရဲ့ အားသာချက်ကတော့ ကိုယ့်မှာရှိပြီးသား Apple Device တွေဖြစ်တဲ့ iPhone၊ iPad ၊ MacBook တွေကနေ ကြိုက်တဲ့ Content ကို AirPlay အနေနဲ့ Mirroring ပြုလုပ်ပြီး ကြည့်ရှုနိုင်တာဖြစ်ပါတယ်။ ဒါက Facebook က Video တွေကို TV မှာ ကြည့်ချင်တာပဲဖြစ်ဖြစ်၊ TV မှာ Slideshow ပုံစံပြသချင်တာပဲဖြစ်ဖြစ် တကယ်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ 

Apple TV ဟာ တခြားသော Apple Device တွေလိုမျိုးပဲ Siri ကို Apple Remote ကနေတစ်ဆင့်အသုံးပြုနိုင်မှာပါ။ အဲ့ဒီအတွက် ဘာရုပ်ရှင်ကြည့်ရမလဲဆိုပြီး ရှာဖွေနေရတာကို မကြိုက်တဲ့သူတွေအတွက် Siri ကိုပဲ Action ဒါမှမဟုတ် ဟာသရုပ်ရှင်ပဲဖြစ်ဖြစ်၊ လက်တလော Trending ဖြစ်နေတဲ့ရုပ်ရှင်တွေကို အသံနဲ့ပဲ ခိုင်းစေပြီး ဖွင့်ခိုင်းလို့ရမှာပါ။ 

ရုပ်ရှင်တွေကြည့်ရှုတဲ့အချိန်မှာလည်း Apple TV+ လိုမျိုး Dolby Atmos Support ပါဝင်တဲ့ Streaming Service တွေမှာ Dolby Atmos Experience ကို ခံစားရမှာဖြစ်ပါတယ်။ တကယ်လို့ အိမ်သားတွေအိပ်ပျော်နေတဲ့အချိန်ပဲဖြစ်ဖြစ် ပတ်ဝန်းကျင်ကို အသံမထွက်စေချင်တဲ့အချိန်မျိုးမှာ AirPods နဲ့ ချိတ်ဆက်ပြီး သီးသန့်ကြည့်ရှုနိုင်ဦးမှာဖြစ်ပါတယ်။ 

ဒီလိုမျိုး ကိုယ့်အိမ်က TV ကို Apple TV ကိုအသုံးပြုပြီး အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ လောလောဆယ် iSure မှာ Apple TV 4K (2020) ကို ငွေကျပ် ၅၀,၀၀၀ လျော့စျေးနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Storage 32GB နဲ့ 64GB Model ၂ မျိုးလုံးအကျုံးဝင်မှာဖြစ်သလို အရေအတွက်အကန့်အသတ်နဲ့ပဲ ရောင်းချသွားမှာပါ။ ငွေသားနဲ့ ပေးချေဖို့အဆင်မပြေတဲ့သူတွေအနေနဲ့လည်း ငွေကျပ် ၁၀ သိန်းအောက်ဖြစ်တဲ့အတွက် Digital Payment တွေဖြစ်တဲ့ CB ၊ KBZ Mobile Banking နဲ့ KBZPay တွေနဲ့ တစ်ခါတည်းဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Digital Payment က အချိန်အကန့်အသတ်ရှိတဲ့အတွက် အမြန်လေးလာဝယ်ဖို့တော့ လိုအပ်ပါတယ်။ 

Previous article iPad 8 ကိုအသုံးပြုပြီး ကိုယ့်ကလေးကိုစာသင်ကြားပေးဖို့ အကောင်းဆုံး Application တွေ 
Next article iPad Air 4 နဲ့ M1 iPad Pro (2021) ကို နှိုင်းယှဥ်ကြည့်ခြင်း