Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
MacBook နဲ့ iPhone အသုံးပြုနေတဲ့သူတွေအတွက် All-in-One Charger လေးတစ်ခု 

MacBook နဲ့ iPhone အသုံးပြုနေတဲ့သူတွေအတွက် All-in-One Charger လေးတစ်ခု 

အခုစာဖတ်နေတဲ့သူတွေထဲမှာ Apple MacBook နဲ့ iPhone တွေလိုမျိုး Device တွေအများအပြားကို အသုံးပြုနေတဲ့သူတွေရှိကြမှာပါ။ ဒီလိုမျိုး Device တွေအများအပြားနဲ့ Apple Ecosystem တစ်ခုကို ပိုင်ဆိုင်ထားတာက အားသာချက်တွေအများအပြားရှိသလို အားနည်းချက်လို့ပြောနိုင်တဲ့အချက်တစ်ခုလည်း ရှိပါသေးတယ်။ 

ဒါကတော့အပြင်သွားတဲ့အချိန်မှာ Device တွေအားလုံးအတွက် Charger ကို သီးသန့်သယ်ယူသွားနေရတာပဲဖြစ်ပါတယ်။ ဒါမှမဟုတ် iPhone ကို MacBook Charger နဲ့ပဲ အားသွင်းမယ်ဆိုရင်တောင် Apple Original Charger တွေဟာ အရွယ်အစားကြီးမားတဲ့အတွက် ကိုယ့်ရဲ့ အိတ်ထဲမှာ နေရာပိုယူနေသလို ပိုလည်းလေးနေမှာပါ။ 

အဲ့ဒါကြောင့် ဒီလိုမျိုး Charger ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတစ်ခုကို ဖော်ပြပေးသွားပါမယ်။ ဒါကတော့ Aukey Brand ကနေ ထုတ်လုပ်ထားတဲ့ Omnia Mix 65W GaN Charger ကို ဝယ်ယူအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ 

အရင်ဆုံး Aukey Omnia Mix 65W ကို ကြည့်လိုက်မယ်ဆိုရင် အရွယ်အစားအနေနဲ့ 52 x 52 x 30mm ပဲရှိမှာဖြစ်သလို အလေးချိန်ကလည်း 109g ပဲရှိမှာဖြစ်ပါတယ်။​ အဲ့ဒါကြောင့် အိတ်ထဲမှာ ထည့်ထားရင်တောင် ပျောက်နေမှာဖြစ်သလို ဘောင်းဘီအိတ်ထဲပါ ထည့်ပြီး သယ်သွားနိုင်ပါသေးတယ်။ MacBook အတွက် Original 61W Charger နဲ့ နှိုင်းယှဥ်မယ်ဆိုရင် 50% ပိုပြီး အရွယ်အစားသေးငယ်ပါတယ်။  

Aukey Omnia Mix 65W ဟာ ဘာကြောင့် Apple Device အသုံးပြုနေတဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်နေသလဲဆိုရင် ဒီလိုမျိုး အရွယ်အစားသေးငယ်တဲ့အပြင် USB-C နဲ့ USB-A ၂ ပေါက်ပါဝင်တာကြောင့်လည်းဖြစ်ပါတယ်။ 

ဒီလိုမျိုး USB-C Port ကနေ အမြင့်ဆုံး 65W အထိအားသွင်းနိုင်တဲ့အတွက် MacBook Pro 13” ကိုပါ အဆင်ပြေပြေအားသွင်းပေးနိုင်သလို iPad ၊ iPad တွေနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင်လည်း Fast Charging ကို အပြည့်အဝ Support ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ USB-A Port ကလည်း အမြင့်ဆုံး 12W အထိ အားသွင်းနိုင်သလို USB-A ကို အသုံးပြုနေတုန်းမှာ USB-C ကနေ 45W အထိ ထုတ်ပေးနိုင်ဦးမှာပါ။​ဒါကြောင့် MacBook ကိုလည်း အားသွင်းရင်း ကျန်တဲ့ USB-A Port ကနေ iPhone ၊​ iPad နဲ့ တခြား Device တွေကိုပါ အားသွင်းနိုင်မှာဖြစ်ပါတယ်။ 

နောက်ထပ် အားသာချက်ကတော့ Aukey Omnia Mix 65W Charger ဟာ ခေါက်နိုင်တဲ့ 2-Pin Charger Plug ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါက သယ်ယူတဲ့အချိန်မှာ ပိုပြီးသေးငယ်သွားသလို မတော်တဆမှုတွေမရှိအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ 

နောက်ဆုံးအားသာချက်ကတော့ Aukey Omnia Mix 65W Charger ဟာ Power-efficient အဖြစ်ဆုံး Charging နည်းပညာဖြစ်တဲ့ Gallium Nitride (GaN) နည်းပညာအသုံးပြုထားတဲ့ Power IC တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း 65W Output ကို လက်တဝါးတောင်မပြည့်တဲ့ အရွယ်အစားနဲ့ ရရှိနိုင်တာဖြစ်သလို ရေရှည်အသုံးပြုမယ်ဆိုရင်လည်း ပိုပြီး သက်တမ်းကြာရှည်ခံမှာဖြစ်ပါတယ်။ 

ဒီလိုမျိုး ကြာရှည်မခံမှာကို စိတ်ပူဖို့မလိုတာက Aukey Omnia Mix 65W Charger ကို ဝယ်ယူမယ်ဆိုရင် အာမခံအနေနဲ့ ၁၈ လအထိရရှိမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် တကယ်လို့သုံးနေတုန်း တစ်ခုခုဖြစ်ခဲ့ရင်တောင် အာမခံအပြည့်အဝရရှိမှာပါ။ 

တစ်ခုရှိတာကတော့ Aukey Omnia Mix 65W Charger မှာ Cable တော့ပါဝင်မှာမဟုတ်တဲ့အတွက် ကိုယ့်အတွက် အသုံးလိုတဲ့ Cable ကိုတော့ သီးသန့်ဝယ်ယူရမှာဖြစ်ပါတယ်။ Apple Original Cable တွေကိုလည်း အသုံးပြုနိုင်သလို 65W Charging အပြည့်ရရှိဖို့အတွက် Aukey ကနေပဲ ထုတ်လုပ်ထားပြီး အာမခံ ၁၈ လပါဝင်တဲ့ Cable တွေကိုလည်း ဝယ်ယူနိုင်မှာပါ။ 

ဘာပဲဖြစ်ဖြစ် ဒီ Apple Device အသုံးပြုနေတဲ့သူတွေအတွက် အကောင်းဆုံး All-in-One Charger တစ်ခုကို ရှာနေတယ်ဆိုရင်တော့ ဒီ Aukey Omnia Mix 65W Charger က တကယ်ကို Perfect နီးပါးဖြစ်နေတဲ့ Charger လို့တောင် ပြောနိုင်ပါတယ်။ 

အခုလိုမျိုး Aukey Omnia Mix 65W အပါအဝင် တခြား Device တွေကို ဝယ်ယူချင်တယ်ဆိုရင် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article Multi Device သုံးနေရတဲ့သူတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Logitech K480 Keyboard
Next article ဘယ်လောက်သုံးသုံး ဝါသွားခြင်းမရှိတဲ့ Apple Clear Case with MagSafe ရဲ့လျှို့ဝှက်ချက်