Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Beats Studio Buds က AirPods Pro ထက် ပိုတန်တဲ့ရွေးချယ်မှုဖြစ်လာနိုင်မလား

Beats Studio Buds က AirPods Pro ထက် ပိုတန်တဲ့ရွေးချယ်မှုဖြစ်လာနိုင်မလား

Apple iPhone တွေနဲ့ တွဲဖက်သုံးဖို့အတွက် အကောင်းဆုံးဆိုတဲ့ True Wireless Earbuds ကို ရှာနေတယ်ဆိုရင် အခု iSure ဆီမှာ ရွေးချယ်စရာတွေများနေပြီနော်...။ ဒါကတော့ ယခင်ထဲက Apple iDevice သုံးစွဲသူတွေထဲမှာ အောင်မြင်နေပြီး အခုအချိန်အထိ Feature Update တွေအများအပြားရရှိနေတဲ့ AirPods Pro နဲ့ စျေးကွက်ထဲမရောက်ရှိခင်ထဲက ရေပန်းစားနေတဲ့ နာမည်ကြီး Beats by Dr. Dre ကနေ ထုတ်ထားတဲ့ Beats Studio Buds Pro တွေဖြစ်ပါတယ်။



ဒီ Apple AirPods Pro နဲ့ Beats Studio Buds တွေဟာ စျေးနှုန်းအရလည်း ကွာခြားသလို Design ပိုင်း၊ အသုံးပြုနိုင်တဲ့ Feature တွေကအစ ကွာခြားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Article မှာ ဘယ်သူတွေက ဘယ် Earbuds ကို ရွေးချယ်ရမလဲဆိုတာကို လွယ်ကူအောင် ရှင်းပြပေးသွားမှာပါ။

Design

Design ပိုင်းကို ကြည့်လိုက်မယ်ဆိုရင််တော့ ဒီ Apple AirPods Pro ရော Beats Studio Buds ၂ မျိုးစလုံးက Active Noise Cancellation (ANC) Feature ပါဝင်တဲ့အတွက် Silicon Eartips ပါဝင်တဲ့ Design ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ Design ပိုင်းတွေကတော့ အလွန်ကွာခြားနေပါတယ်။



AirPods Pro မှာတော့ အဖြူရောင်ပဲရွေးချယ်နိုင်မှာဖြစ်ပြီး Microphone အတွက် တိုတောင်းတဲ့ Stem ကိုပါ ထည့်သွင်းပေးထားပါတယ်။ Beats Studio Buds မှာတော့ Stem မပါတဲ့ Design ကို အသုံးပြုထားပြီး အဖြူရောင်အပြင် လူငယ်ဆန်တဲ့ အနီရောင်နဲ့ အနက်ရောင်ကိုပါ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ AirPods Pro မှာတော့ ဘာ Logo မှ ပါဝင်မှာမဟုတ်တာကြောင့် Minimal ဖြစ်နေပြီးတော့ Beats Studio Buds မှာတော့ Beats Logo က ထင်းနေမှာဖြစ်ပါတယ်။



စမ်းသပ်ကြည့်ရသလောက်ကတော့ Beats Studio Buds တွေဟာ Apple AirPods Pro ထက်ပိုပြီး နားထဲမှာ Fit ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ ဒါက AirPods Pro မှာ ကိုယ့်အတွက် အဆင်ပြေတဲ့ Eartips Size ကို ရရှိနိုင်ရင်တော့ အခက်အခဲမဟုတ်ပေမယ့် နားထဲကနေ ခဏခဏလွတ်ကျတတ်တဲ့သူတွေအတွက်ကတော့ Beats Studio Buds က ပိုအဆင်ပြေမှာဖြစ်ပါတယ်။

Features

Feature ပိုင်းမှာလည်း Apple AirPods Pro နဲ့ Beats Studio Buds တွေဟာ iPhone နဲ့ iOS Device တွေအတွက် အဆင်ပြေပြေအသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာမှန်ပေမယ့် ကွာခြားချက်တွေလည်းအများအပြားရှိနေပါသေးတယ်။

အရင်ဆုံး အနေနဲ့ Apple AirPods Pro ကတော့ Apple ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Product ဖြစ်တာကြောင့် Feature ပိုင်းတွေမှာ အဆင်အပြေဆုံးဖြစ်နေစေမှာဖြစ်ပါတယ်။ Earbuds တစ်ဖက်စီမှာလည်း Touch Capacitive Button တွေကိုထည့်သွင်းပေးထားပြီးတော့ Music Playback Control တွေအပြင် Siri လိုမျိုး Assistant Feature တွေကိုပါ အသုံးပြုနိုင်စေမှာပါ။

Apple Device တွေနဲ့ Pair ပြုလုပ်တဲ့အချိန်မှာလည်း H1 Chip ပါဝင်တာကြောင့် iPhone ကို ချိတ်ပြီးတာနဲ့ တခြားသော Apple Device တွေနဲ့ အလိုအလျောက်ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple ကနေ ထုတ်ပေးထားတဲ့ Feature တွေဖြစ်တဲ့ Spatial Audio with Head Tracking ၊ Conversation Mode လိုမျိုးတွေကိုလည်း ထောက်ပံံပေးမှာဖြစ်ပါတယ်။



တစ်ဖက်မှာတော့ Beats Studio Buds ဟာ iOS Device တွေအတွက် One-touch Pairing ကို Support ပေးထားပြီး Android Device တွေအတွက်ပါ One-touch Pairing Feature ဖြစ်တဲ့ Google Fast Pair ကို Support ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် Apple Device တွေတင်မဟုတ်ဘဲ Android Device တွေနဲ့ပါ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

နောက်ထပ်ကွာခြားချက်တစ်ခုကတော့ Beats Studio Buds ရဲ့ Earbuds တွေမှာ Touch Capacitive Button အစား နှိပ်နိုင်တဲ့ Button တွေကိုပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။ Feature တွေအနေနဲ့လည်း AirPods Pro အတိုင်းပဲ Hey Siri Feature ကိုပါ အသုံးပြုနိုင်မှာပါ။ Beats Studio Buds မှာလည်း Find My ကနေတစ်ဆင့် ပျောက်ဆုံးသွားခဲ့ရင်​ ရှာဖွေနိုင်ဦးမှာဖြစ်ပါတယ်။

ဒီ AirPods Pro နဲ့ Beats Studio Buds ၂ မျိုးစလုံးမှာ ပြင်ပဆူညံသံတွေကို ဖယ်ရှားပေးနိုင်တဲ့ Active Noise Cancellation (ANC) Feature နဲ့ စကားပြောသံတွေကို ကြားနိုင်ဖို့အတွက် Transparency Mode ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ဒါပေမယ့် AirPods Pro မှာတော့ Proximity Sensor တွေပါ ပါဝင်တာကြောင့် Auto Play/Pause ၊ Wireless Charging တွေကိုပါ Support ပြုလုပ်မှာဖြစ်ပါတယ်။

Battery Life

Apple AirPods Pro ဟာ Earbuds ကနေ ၅ နာရီဆက်တိုက် နားထောင်နိုင်မှာဖြစ်ပြီး Charging Case နဲ့ တွဲဖက်မယ်ဆိုရင် ၂၄ နာရီအထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Beats Studio Buds ကလည်း ANC သို့မဟုတ် Transparency Mode ကိုအသုံးပြုမယ်ဆိုရင်တော့ တူညီတဲ့ ၅ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပေမယ့် အဆိုပါ Feature တွေမသုံးဘူးဆိုရင်တော့ ၈ နာရီအထိ နားထောင်နိုင်မှာဖြစ်ပါတယ်။​ Charging Case ကနေလည်း ၂၄ နာရီအထိ ပြန်လည်အားသွင်းပြီးအသုံးပြုနိုင်ဦးမှာပါ။

ပြန်လည်အားသွင်းတဲ့အချိန်မှာတော့ Apple AirPods Pro ကို Wireless Charging သို့မဟုတ် Lightning Connector ကို အသုံးပြုပြီး အားသွင်းရမှာဖြစ်ပါတယ်။​ Beats Studio Buds အနေနဲ့ကတော့ USB-C ကို အသုံးပြုပြီး အားသွင်းရမှာဖြစ်ပါတယ်။​ ၂ မျိုးစလုံး Fast Charging ပါဝင်တာကြောင့် ၁၅ မိနစ်အားသွင်းပြီး ၃ နာရီဆက်တိုက်အသုံးပြုနိုင်မှာပါ။

အဲ့ဒါကြောင့် ကိုယ်က Apple Ecosystem ထဲမှာပဲ​ရှိနေတယ်ဆိုရင်တော့ AirPods Pro ဟာ ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်ပြီး တကယ်လို့ Android ဖုန်းတွေနဲ့ တခြားသော USB-C Device တွေကိုပါ အသုံးပြုနေတယ်ဆိုရင်တော့ Beats Studio Buds ကလည်း ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။


Others

အခု AirPods Pro နဲ့ Beats Studio Buds ၂ မျိုးစလုံးဟာ. Workout ပြုလုပ်ဖို့ပဲဖြစ်ဖြစ် အပြင်သွားတဲ့အချိန်မှာ အသုံးပြုဖို့ပဲဖြစ်ဖြစ် အဆင်ပြေစေဖို့အတွက် Sweat & Water Resistent ကိုလည်း Support ပြုလုပ်ထားပါတယ်။

အသံအရည်အသွေးအနေနဲ့ကတော့ ၂ မျိုးစလုံးက ကောင်းမွန်ပြီးတော့ ANC Feature ကြောင့် ကိုယ်နားထောင်နေတဲ့သီချင်းကိုပဲ အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။​ တကယ်လို့ ရုပ်ရှင်တွေကြည့်မယ်ဆိုရင်တော့ Spatial Audio with Dynamic Head Tracking နည်းပညာပါဝင်တဲ့ Apple AirPods Pro က ပိုပြီးရွေးချယ်သင့်ပါတယ်။


ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Beats Studio Buds ဟာ စျေးနှုန်းအရ AirPods Pro ထက် သိသိသာသာလျော့နည်းတဲ့အတွက် iCloud Device Syncing ၊​ Auto Play/Pause နဲ့ Wireless Charging ကို လှစ်လျူရှုနိုင်တယ်ဆိုရင် ဒါမှမဟုတ် Android Device တွေနဲ့ပါ အသုံးပြုချင်တယ်ဆိုရင် လက်ရှိမှာ အကောင်းဆုံးရွေးချယ်နိုင်တဲ့ Wireless Earbuds တစ်ခုလည်း ဖြစ်ပါတယ်။​

အခုပြောသွားတဲ့ Beats Studio Buds နဲ့ AirPods Pro တွေအပြင် တခြားသော MacBook ၊ Mac ကွန်ပျူတာတွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article ကိုယ့် Workspace မှာ Monitor Arm ရှိနေတာက ဘာတွေအားသာချက်ရှိနိုင်မလဲ
Next article ကိုယ့် iPhone ကို ကာကွယ်ဖို့ Phone Case ကို ဘယ်လိုရွေးချယ်ကြမလဲ