Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
M1 iMac 24" နဲ့အတူ ကျိန်းသေဆောင်ထားသင့်တဲ့ Accessories များ

M1 iMac 24" နဲ့အတူ ကျိန်းသေဆောင်ထားသင့်တဲ့ Accessories များ

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ M1 iMac 24” ကို အခုဆိုရင် iSure Website နဲ့ ဆိုင်ခွဲတွေမှာ အရောင်မျိုးစုံရရှိနိုင်နေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရုံးမှာ အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ အိမ်မှာ Work From Home အနေနဲ့ အသုံးပြုဖို့ပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံးကို ရှာဖွေနေတဲ့သူတွေအတွက် M1 iMac 24” က Recommend ပေးလို့ အကောင်းဆုံးဖြစ်မှာပါ။ 

ဘာကြောင့် Work From Home ပြုလုပ်နေရတဲ့သူတွေအတွက် M1 iMac 24” ကို ဝယ်ယူသင့်သလဲဆိုတာကိုတော့ ယခု Article လေးမှာ ဖတ်ရှုနိုင်ပါတယ်။ အခု Article မှာတော့ M1 iMac 24” ကို ဝယ်ယူအသုံးပြုနေတာပဲဖြစ်ဖြစ်၊ ဝယ်ဖို့စိတ်ဝင်စားနေတယ်ဆိုရင် အသုံးဝင်မယ့် Accessories လေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အရင်ဆုံးအနေနဲ့ M1 iMac 24” ကို ဝယ်မယ်ဆိုရင် အရေးအကြီးဆုံးက USB-C Thunderbolt Port တွေဟာ ရွေးချယ်တဲ့ Model ပေါ်မှုတည်ပြီး ၂ ပေါက် သို့မဟုတ် ၄ ပေါက်ပဲ ပါဝင်မှာဖြစ်ပါတယ်။ တခြားသော Card Reader ၊ USB-A Port တွေပါဝင်ခြင်းမရှိတာကြောင့် ဒီအချက်က M1 iMac 24” ကို ဝယ်ယူမယ်ဆိုရင် ဦးစားပေးစဥ်းစားရမှာပါ။ 

ဒါကို အကောင်းဆုံးဖြေရှင်းဖို့အတွက်ကတော့ ကိုယ့်အတွက် လိုအပ်တဲ့ Port တွေအကုန်လုံးပါဝင်တဲ့ USB-C Hub တစ်ခုကို ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာမှ Recommend ပေးချင်တဲ့ Product လေးကတော့ နာမည်ကြီး Verbatim Brand ကနေ ထုတ်လုပ်ပေးထားတဲ့ 8-in-1 Type C Hub လေးပဲဖြစ်ပါတယ်။

ဘာလို့ ဒီ Verbatim 8-in-1 Type C Hub ကို ဆောင်ထားသင့်လဲဆိုတော့ Port တွေအမျိုးအစားစုံလင်တာကြောင့်ဖြစ်ပါတယ်။ စုစုပေါင်း Port ၈ ခုအထိ ပါဝင်ပြီးတော့ အဆိုပါ Port တွေကတော့ HDMI ၊ RJ45 Lan ၊ VGA Port ၊​ SD / Micro SD Card Slot, Type C PD Charging Port နဲ့ 2x USB3.0 Ports စသဖြင့် ကိုယ့်အတွက် လိုအပ်သမျှ Port အားလုံးကို တစ်ခုတည်းနဲ့ ပြည့်စုံစေမှာဖြစ်ပါတယ်။ 

ဒီ USB C Hub လိုမျိုး ကျိန်းသေရှိထားသင့်ပြီး စျေးနှုန်းလည်း အရမ်းသက်သာတဲ့ Product တစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ UGreen ကနေ ထုတ်လုပ်ပေးထားတဲ့ USB C to USB A 3.0 Adapter လေးပဲဖြစ်ပါတယ်။ ဒါက USB C Hub မှာ USB A အပေါက်တွေပြည့်နေတဲ့အချိန်ပဲဖြစ်ဖြစ်၊ USB C Hub မရှိနေတဲ့အချိန်မှာ USB A Device တွေကို ချိတ်ဆက်ဖို့အတွက်ပဲဖြစ်ဖြစ် အမြဲတမ်း M1 iMac 24” ရဲ့ USB C ပေါက် ၁ ပေါက်မှာ တပ်ဆင်ထားသင့်တဲ့ Product လေးဆိုရင်လည်း မမှားပါဘူး။ 

နောက်ထပ်အလားတူ Product လေးတစ်ခုကတော့ UGreen ကနေပဲ ထုတ်လုပ်ထားတဲ့ USB C to Ethernet Gigabit Adapter လေးပဲဖြစ်ပါတယ်။ M1 iMac 24”  Model အမြင့်ပိုင်းတွေမှာ Power Adapter မှာ Ethernet Port ပါဝင်တယ်ဆိုပေမယ့် ကိုယ်ဝယ်ယူမယ့် M1 iMac 24” မှာ မပါဝင်ဘူးဆိုရင်လည်း အဆင်ပြေစေမယ့် Product ဖြစ်ပါတယ်။ 

ဒီ UGreen USB C to Ethernet Adapter ဟာ Network Speed ကို 1000Mbps အထိရရှိစေမှာဖြစ်တာကြောင့် အကောင်းဆုံး Internet Speed ကို အသုံးပြုနိုင်သလို တကယ်လို့ Local Area Network အနေနဲ့ File Transfer ပြုလုပ်မယ်ဆိုရင်လည်း မြန်ဆန်နေစေမှာဖြစ်ပါတယ်။ M1 iMac 24” မှာ အသုံးမပြုချင်ဘူးဆိုရင်လည်း USB-C ပါဝင်တဲ့ MacBook ၊ iPad နဲ့ တခြားသော Laptop တွေမှာပါ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ကျိန်းသေဆောင်ထားသင့်ပါတယ်။ 

နောက်ထပ် Recommend ပေးရမယ့် Product ကလည်း UGreen ကနေ ထုတ်လုပ်ပေးထားတဲ့ 2-in-1 USB C Card Reader ပဲဖြစ်ပါတယ်။ ဒါကလည်း USB C Hub မသုံးပဲ Card Reader ကိုပဲ သီးသန့်လိုချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် Product တစ်ခုဖြစ်ပါတယ်။ 

အားသာချက်အနေနဲ့ကတော့ USB-C အပြင် ပုံမှန် USB A ကိုပါ ၂ မျိုး 2-in-1 ပြုလုပ်ပေးထားတာကြောင့် M1 iMac 24” တင်မဟုတ်ဘဲ တခြားသော MacBook တွေ၊ Laptop ကွန်ပျူတာအားလုံးနဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ USB 3.0 Interface ကို အသုံးပြုထားတာကြောင့်လည်း File Transfer Speed ကို 5Gbps အထိ ရရှိဦးမှာပါ။ လက်ရှိလူသုံးများတဲ့ SD Card Format တွေဖြစ်တဲ့ SD, SDHC, SDXC, RS-MMC, MMC, Micro SD, Micro SDHC, Micro SDXC နဲ့ UHS-I card တွေကိုဖတ်ရှုနိုင်မှာဖြစ်ပြီး အမြင့်ဆုံး 512GB အထိ Support ပြုလုပ်မှာဖြစ်ပါတယ်။

နောက်ထပ်ပြီး M1 iMac 24” နဲ့ တိုက်ရိုက်ချိတ်ဆက်အသုံးပြုဖို့အတွက် ကျိန်းသေဆောင်ထားသင့်တဲ့ Product ကတော့ TREK Portable Micro SSD 1TB ပဲဖြစ်ပါတယ်။ ပုံမှန်အသုံးပြုနေကြ External Hard Drive တွေထက် အရွယ်အစားအလွန်သေးငယ်တဲ့ Name Card Size ပဲရှိတဲ့ Micro SSD ဖြစ်တာကြောင့် စားပွဲပေါ်မှာတင်ထားရင်လည်း နေရာအများကြီးယူမှာမဟုတ်သလို အလွယ်တကူလည်း သယ်ယူသွားနိုင်မှာဖြစ်ပါတယ်။ အကြမ်းခံနိုင်တဲ့ Zinc Alloy Case ကို အသုံးပြုထားပြီး အာမခံကလည်း ၃ နှစ်အထိ ပါဝင်တာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ 

နောက်ထပ်အားသာချက်တွေကတော့ M1 iMac 24” နဲ့တွဲဖက်အသုံးပြုဖို့ USB C ကို အသုံးပြုထားတာဖြစ်ပြီး Cable ကိုလည်း USB C to USB C အပြင် USB C to USB A Cable ပါ ထည့်သွင်းပေးထားပါတယ်။ USB 3.1 Gen 2 နည်းပညာကြောင့် Seq. Read Speed အနေနဲ့ 450MB/s နဲ့ Seq. Write Speed အနေနဲ့ 400MB/s အထိ ရရှိမှာဖြစ်ပါတယ်။

အခုဆက်ပြောသွားမှာကတော့ M1 iMac 24” နဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် ကိုယ့်အလုပ်စားပွဲမှာရှိထားသင့်တဲ့ Accessories အချို့ပဲဖြစ်ပါတယ်။ 

အရင်ဆုံးအနေနဲ့ကတော့ M1 iMac 24” ကနေထွက်ရှိလာတဲ့ Cable တွေပဲဖြစ်ဖြစ်၊ တခြားသော Charging Cable ၊ Earphone Cable တွေကို ထိန်းထားပေးနိုင်တဲ့ UGreen ရဲ့ Adhesive Cable Clip လေးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ စားပွဲဘေးမှာ ကပ်ထားနိုင်တာကြောင့် အားသွင်းကြိုးတွေ အောက်ကို ပြုတ်ကျနေလို့ ပြန်ပြီးရှာဖွေနေရတဲ့ ဒုက္ခကနေ ကင်းဝေးစေမှာဖြစ်ပါတယ်။ 

နောက်ထပ် Product ကလည်း UGreen ကနေ ထုတ်ပေးထားတဲ့ Multi Angle Desktop Tablet Stand ပဲဖြစ်ပါတယ်။ Tablet Stand လို့ ဆိုထားပေမယ့်လည်း Screen Size 4” နဲ့အထက် စမတ်ဖုန်းတွေနဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပြီး 11” Tablet တွေအထိ ထောက်ပံ့ပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုး Stand တစ်ခုဟာ M1 iMac 24” တင်ထားတဲ့ အလုပ်စားပွဲပေါ်မှာ ရှိထားသင့်တဲ့ Product တစ်ခုဖြစ်ပြီး ကိုယ့်ဖုန်း၊ Tablet တွေမတင်ထားချင်ရင်တောင် Notebook ၊ To-Do List ကို တင်ထားနိုင်ပါသေးတယ်။ 

ဒီ UGreen Tablet Stand ရဲ့ အားသာချက်ကတော့ 15° ကနေ 100° အတွင်း ကိုယ့်စိတ်ကြိုက် Viewing Angle ကို ထားနိုင်တာပဲဖြစ်ပါတယ်။ Built-in Stainless Steel Gear ကို အသုံးပြုထားတာကြောင့် အကြမ်းခံနိုင်စွမ်းမြင့်မားသလို အသုံးမပြုချင်တဲ့အချိန်မှာလည်း ခေါက်သိမ်းထားနိုင်ပါသေးတယ်။ 

အခုပြောသွားတဲ့ Accessories လေးတွေကတော့ M1 iMac 24” နဲ့တွဲဖက်အသုံးပြုဖို့အတွက် အသင့်တော်ဆုံး Accessories လေးတွေပဲဖြစ်ပါတယ်။ M1 iMac 24” တင်မဟုတ်ဘဲ တခြား MacBook နဲ့ ကိုယ့်အလုပ်စားပွဲကို ပိုပြီး Productive ဖြစ်ချင်တယ်၊ ပိုပြီး ကြည့်ရတာရှင်းချင်တယ်ဆိုရင်လည်း အဆင်ပြေစေမှာပါ။ 

စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article Sit-Stand Desk နဲ့ အလုပ်လုပ်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ 
Next article ကျန်းမာရေးအတွက် Ergonomic ကျကျ အလုပ်လုပ်နိုင်ဖို့ ရှိထားသင့်တဲ့ MOFT Product တွေ