Skip to content
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Apple နဲ့ နည်းပညာအကြောင်းကို စိတ်ဝင်စားရင် နားထောင်ကြည့်သင့်တဲ့ Podcast တွေ

Apple နဲ့ နည်းပညာအကြောင်းကို စိတ်ဝင်စားရင် နားထောင်ကြည့်သင့်တဲ့ Podcast တွေ

အခုနောက်ပိုင်းမှာ Radio က တဖြည်းဖြည်းပျောက်ကွယ်သွားပြီး Podcast က အစားထိုးဝင်ရောက်လာတယ်လို့တောင် ပြောနိုင်ပါတယ်။ ကိုယ့်စိတ်ကြိုက် Content Creator ပဲဖြစ်ဖြစ်၊ Topic တစ်ခုခုအကြောင်းပဲဖြစ်ဖြစ် အေးဆေးနားထောင်နိုင်တာက အားသာချက်တစ်ခုဖြစ်ပြီး ပုံမှန် Video ၊ Website Blog Article တွေမှာ ပါဝင်လေ့မရှိတဲ့အသေးစိတ်အချက်အလက်တွေကိုပါ သိရှိနိုင်တာဖြစ်ပါတယ်။ 

ဒီလိုမျိုး Podcast လို့ ဆိုလိုက်တာနဲ့ နားထောင်စရာအများကြီးရှိနေပြီးတော့ အခု Article မှာတော့ Apple အကြောင်း၊ ဒါမှမဟုတ် နည်းပညာအကြောင်းစိတ်ဝင်စားတဲ့သူတွေအတွက် နားထောင်ကြည့်သင့်တဲ့ Podcast တွေကို ညွှန်းပေးသွားမှာဖြစ်ပါတယ်။ Podcast တွေကို Apple Podcast မှာ နားထောင်နိုင်သလို တခြား Pocketcast ၊ Google Podcast နဲ့ Spotify လိုမျိုး Third-party App တွေမှာလည်း နားထောင်နိုင်မှာဖြစ်ပါတယ်။

(1) Vergecast 

နည်းပညာသတင်း Website တွေထဲမှာ နာမည်ကြီးလို့ပြောနိုင်တဲ့ The Verge ကနေ ပြုလုပ်တဲ့ Vergecast Podcast ဟာ ပုံမှန်အားဖြင့် တစ်ပတ်ကို ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ထုတ်လွှင့်လေ့ရှိပြီး များသောအားဖြင့် စိတ်ဝင်စားစရာ နည်းပညာသတင်းတွေ၊ Product Review တွေအပြင် နာမည်ကြီးနည်းပညာကုမ္ပဏီတွေရဲ့ CEO တွေနဲ့ Interview တွေပါ ပါဝင်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပုံမှန်နည်းပညာအကြောင်း သိရှိချင်တယ်ဆိုရင်တော့ Subscribe ပြုလုပ်ထားသင့်တဲ့ Channel တစ်ခုဖြစ်ပါတယ်။ 

(2) Waveform: The MKBHD Podcast

တကယ်လို့ သင်က နည်းပညာအကြောင်းစိတ်ဝင်စားတယ်၊ YouTube မှာ Tech Review Video တွေကိုကြည့်တတ်တဲ့သူဆိုရင် MKBHD ကို ကျိန်းသေသိမှာပါ။ ဒီလိုမျိုး နာမည်အကြီးဆုံး Tech Content Creator တစ်ဦးဖြစ်တဲ့ MKBHD ရဲ့ Podcast ဖြစ်တဲ့ Waveform မှာဆိုရင် Video တွေမှာ ထည့်ပြောသွားခြင်းမရှိတဲ့ အသေးစိတ်အကြောင်းအရာတွေ၊ တခြားသော သတင်းတွေ၊ ကိုယ်ပိုင်အမြင်တွေကိုပါ နားထောင်နိုင်မှာပါ။ 

(3) Analog(ue) 

အခု Podcast ကတော့ Digital နဲ့ Tech သတင်းတွေထက် ကိုယ့်အတွက် ဒီလိုမျိုး နည်းပညာပစ္စည်းတွေက ဘယ်လိုမျိုးပါဝင်နေသလဲဆိုတာကို ဆွေးနွေးတတ်တဲ့ Podcast တစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး နည်းပညာပစ္စည်းတွေပါဝင်နေတာက ဘယ်နေရာတွေမှာ ကောင်းကျိုးရှိပြီး ဘယ်နေရာတွေမှာတော့ ကောင်းကျိုးမပေးဘူးလဲဆိုတာကိုလည်း သိရှိနိုင်သလို ကိုယ့်နေ့စဥ်ဘဝမှာ ပိုပြီးအကျိုးရှိအောင် အသုံးချနိုင်စေမှာဖြစ်ပါတယ်။ 

(4) Mac Power Users 

ဒီ Podcast ကတော့ Apple Mac ကွန်ပျူတာကို အကောင်းဆုံးအသုံးချချင်တဲ့သူတွေအတွက် နားထောင်သင့်ဆုံး Podcast တစ်ခုဖြစ်ပါတယ်။ Mac ကွန်ပျူတာတင်မဟုတ်သေးဘဲ တခြားသော Apple Product တွေကိုလည်း ဆွေးနွေးတတ်တဲ့အတွက် ကိုယ့်ဆီမှာ တခြား Apple Device တွေအသုံးပြုနေတယ်ဆိုရင်တောင် အသုံးဝင်မှာဖြစ်ပါတယ်။ ဒီ Mac Power Users Podcast ဟာ တစ်ပိုင်းလောက်နားထောင်လိုက်တာနဲ့ Website တွေမှာ ရှာဖတ်တာထက်ပိုထက် Tips & Tricks တွေကို ရရှိစေမှာ အသေအချာပါပဲ။ 

(5) TED Talks Technology

TED Talk တွေဟာ ကိုယ့်အတွက် Motivation ပေးနိုင်တဲ့ Talk Show တွေဖြစ်ပါတယ်။ ဒါပေမယ့် Video အနေနဲ့ ကြည့်ဖို့အဆင်မပြေတာမျိုး၊ ဒါမှမဟုတ် လမ်းသွားရင်း၊ အလုပ်လုပ်ရင်း နားထောင်ချင်တယ်ဆိုရင် ဒီ TED Talks Technology ကလည်း Subscribe ပြုလုပ်ထားသင့်တဲ့ Channel တစ်ခုဖြစ်ပါတယ်။ နည်းပညာနဲ့ သက်ဆိုင်တဲ့အကြောင်းတွေကြီးပဲ ပြောတာဖြစ်တဲ့အတွက် ကိုယ်စိတ်မဝင်စားတဲ့ Field ဖြစ်မှာကိုလည်း စိတ်ပူစရာမလိုအပ်ပါဘူး။ 

အခု Podcast တွေကတော့ အခုမှစပြီး နားထောင်ချင်တဲ့သူတွေနဲ့ နည်းပညာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် နားထောင်သင့်တဲ့ Podcast တွေဖြစ်ပါတယ်။ ဒီလိုမျိုး Podcast တွေကို အေးဆေးနားထောင်ဖို့အတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် AirPods 2 ၊ AirPods Pro တွေကိုလည်း iSure မှာလာရောက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

တခြားသော Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article ယခုအချိန်မှာ လုံခြုံရေးစိတ်ချရအောင် သုံးစွဲသင့်တဲ့ Messaging App တွေ 
Next article ကိုယ့်အတွက် အကိုက်ညီဆုံး Apple Watch ကို ဘယ်လိုရွေးချယ်မလဲ