Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPad 8 ကိုအသုံးပြုပြီး ကိုယ့်ကလေးကိုစာသင်ကြားပေးဖို့ အကောင်းဆုံး Application တွေ 

iPad 8 ကိုအသုံးပြုပြီး ကိုယ့်ကလေးကိုစာသင်ကြားပေးဖို့ အကောင်းဆုံး Application တွေ 

Apple ကနေထုတ်လုပ်ထားတဲ့ iPad Pro နဲ့ iPad Air 4 လိုမျိုး Device တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ အလွန်ကောင်းမွန်ပြီးတော့ အလုပ်အတွက်ပါ ကွန်ပျူတာတစ်လုံးကို အစားထိုးသုံးစွဲနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်မဝင်ရသေးဘဲ အခုမှ စာသင်ကြားနေတဲ့ကလေးငယ်တွေအတွက်ကတော့ စွမ်းဆောင်ရည်မြင့်မားတဲ့ iPad Pro နဲ့ iPad Air 4 ထက် စျေးသက်သာပြီး ပညာရေးကိုလည်း အထောက်အကူပေးနိုင်မယ့် iPad 8 လိုမျိုးကတော့ ရှိထားသင့်ပါတယ်။ 

ဘာကြောင့်လဲဆိုရင် iPad 8 ဟာ စွမ်းဆောင်ရည်ပိုင်းမှာလည်း A12 Bionic Chip ကြောင့် နောက်ထပ်နှစ်အကြာကြီးသုံးစွဲနိုင်သလို Apple Pencil နဲ့ Bluetooth Keyboard တွေကိုလည်း Support ပေးထားတဲ့အတွက် Notes မှတ်တာတွေ၊ ပုံဆွဲတာတွေအတွက်ပါ သင့်တော်မှာပါ။ အဲ့ဒီထက်ပိုပြီး ရွေးချယ်သင့်တဲ့အကြောင်းပြချက်ကတော့ ပညာရေးအတွက် ကိုယ့်ကလေးကို စာသင်ကြားပေးဖို့ အကောင်းဆုံး Application တွေကို iPad 8 မှာ အဆင်ပြေပြေအသုံးပြုနိုင်တာပဲဖြစ်ပါတယ်။ 

အခုပြောပြသွားမှာကတော့ ကိုယ့်ကလေးကို အိမ်မှာပဲ အတတ်နိုင်ဆုံးစာသင်ကြားပေးချင်တဲ့မိဘတွေအတွက် iPad 8 နဲ့တွဲဖက်သုံးနိုင်မယ့်အကောင်းဆုံး Educational App တွေပဲဖြစ်ပါတယ်။ 

Kahoot (Free) 

ကလေးတွေရဲ့ သဘာဝအရ စာသင်ကြားဖို့ထက် ဂိမ်းဆော့ဖို့ကိုပဲ ပိုပြီးအာရုံရောက်ကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ Kahoot App က ကလေးငယ်တွေစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ဂိမ်းပုံစံနဲ့ပြုလုပ်ပေးထားတဲ့အတွက် ဂိမ်းကစားနေတဲ့ပုံစံပေမယ့် Level တစ်ခုအောင်မြင်သွားတိုင်း အကြောင်းအရာအသစ်တစ်ခုကိုပါ နားလည်သိရှိစေမှာဖြစ်ပါတယ်။ Single Player ပုံစံတင်မဟုတ်ဘဲ Multiplayer ကိုလည်း Support ပေးထားတဲ့အတွက် ကိုယ့်ကလေးကို သူငယ်ချင်းတွေနဲ့အတူတူ ဂိမ်းဆော့ကစားရင် စာသင်ပေးနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။

ClassDojo (Free)

Class Dojo ကတော့ ဂိမ်းကစားတဲ့ပုံစံမျိုးမဟုတ်ဘဲ ကလေးတွေအပြင် ဆရာ၊ ဆရာမတွေ၊ ကလေးမိဘတွေပါ အသုံးပြုနိုင်တဲ့ App ဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ ClassDojo App ကို အသုံးပြုပြီး ကလေးတွေကို စာသင်ကြားပေးနိုင်သလို အိမ်စာတွေလည်းပေးနိုင်မှာဖြစ်ပါတယ်။ ကလေးတွေအနေနဲ့လည်း တခြားသူငယ်ချင်းတွေနဲ့အတူတူ စာသင်ကြားနိုင်တဲ့အတွက် သင်ခန်းစာတွေကို စုပေါင်းပြုလုပ်နိုင်ပြီး Team Work ကိုလည်း ဦးစားပေးထားမှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကိုယ့်ကလေးရဲ့ စာသင်ကြားနေတဲ့ Process ကို အမြဲကြည့်ရှုနိုင်ပြီး တကယ်လို့ လိုအပ်တာရှိရင်လည်း ကူညီပေးနိုင်မှာပါ။ 

Tynker (Free)

ကလေးတွေအနေနဲ့ တကယ်လို့ ကွန်ပျူတာနဲ့ Programming ကို စိတ်ဝင်စားတာပဲဖြစ်ဖြစ် Coding အတွက် အခြေခံကို သင်ပေးချင်တယ်ဆိုရင် ဒီ Tynker App က ကျိန်းသေထည့်သွင်းထားသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ Tynker ဟာ လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ကျောင်း ၆၀,၀၀၀ ကျော်မှာ အသုံးပြုနေတဲ့ App တစ်ခုဖြစ်ပြီး Coding ကို ဂိမ်းအနေနဲ့ ပြောင်းလဲပြီး သင်ကြားပေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကလေးတွေရဲ့ Coding ပြုလုပ်နိုင်စွမ်းပေါ်မှုတည်ပြီး Drone တွေမောင်းနှင်တာ၊ Robot တွေကို ထိန်းချုပ်တာအပြင် Minecraft ပုံစံမျိုးပါ ဆော့ကစားရမှာဖြစ်ပါတယ်။ 

Photomath (Free)

Photomath ကတော့ ကလေးတွေအပြင် ကျောင်းသားတွေအတွက်ပါ သင်္ချာသင်ခန်းစာတွေအတွက် အကောင်းဆုံးအထောက်အကူပေးနိုင်မယ့် App တစ်ခုဖြစ်ပါတယ်။ ကိုယ်သိချင်တဲ့ သင်္ချာသင်ခန်းစာကို iPad Camera နဲ့ ဓါတ်ပုံရိုက်ပေးလိုက်တာနဲ့ အဖြေကို ပြသပေးတဲ့အပြင် ဘယ်လိုမျိုး တွက်ချက်ရသလဲဆိုတာကိုပါ တစ်ဆင့်ချင်းဖော်ပြပေးသွားမှာပါ။ Photomatch ဟာ Arithmetic ၊ Algebra နဲ့ Quadratic Equations လိုမျိုး သင်ခန်းစာတွေကိုပါ Support ပေးထားတဲ့အတွက် အိမ်မှာနေရင် သင်္ချာသင်ခန်းစာတွေကို ကိုယ့်ဘာသာလေ့လာချင်တယ်ဆိုရင် ရှိထားသင့်တဲ့ App တစခုဖြစ်ပါတယ်။ 

Linea Sketch (Free)

စာသင်ကြားဖို့တင်မဟုတ်ဘဲ ကိုယ့်ရဲ့ကလေးကို တီထွင်ဖန်တီးနိုင်မှုပိုင်းအတွက် အဆင်ပြေတဲ့ App ကို ညွှန်းပါဆိုရင် Linea Sketch ကိုပဲ ညွှန်းရမှာပါ။ ဒီ App ရဲ့ အားသာချက်ကတော့ ပုံဆွဲရတာ ဝါသနာပါတဲ့ကလေးငယ်တွေအတွက် Transformation တွေနဲ့ Layer တွေကိုပါ အသုံးပြုပြီး Design ပုံတွေအထိ ပုံဆွဲနိုင်သလို သာမန်အနေနဲ့ Note မှတ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်လည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်ကလေးကို ပုံဆွဲသင်ပေးချင်တယ်ဆိုရင် အကောင်းဆုံး App တစ်ခုဖြစ်ပြီး iPad 8 ကလည်း Apple Pencil ကို Support ပေးထားတော့ စျေးအများကြီးသုံးစရာလည်း မလိုအပ်ပါဘူး။ 

Duolingo (Free)

ကလေးငယ်တွေအတွက် ဘာသာစကားအသစ်တွေကို ကျိန်းသေပေါက်သင်ကြားပေးဖို့မလိုအပ်ဘူးဆိုပေမယ့် အသုံးများတဲ့ ဘာသာစကားအချို့ကို အခြေခံအနေနဲ့ သိရှိထားမယ်ဆိုရင် နောင်တချိန်မှာ အသုံးဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဘာသာစကားသင်ကြားတဲ့နေရာမှာ ပြိုင်ဘက်ကင်း App တစ်ခုလို့တောင် ပြောနိုင်တဲ့ Duolingo ကလည်း မရှိမဖြစ်ကို ရှိထားသင့်တဲ့ App တစ်ခုပါ။ တကယ်လို့ တခြားသာဘာစကားတွေတင်မဟုတ်ဘဲ ကိုယ့်ကလေးကို အင်္ဂလိပ်စာသင်ပေးဖို့အတွက်ဆိုရင်လည်း အသုံးဝင်မှာဖြစ်ပါတယ်။ တစ်နေ့ကို ၅ မိနစ် ဒါမှမဟုတ် ၁၀ မိနစ်လောက်ပဲ အချိန်ပေးပြီး ပုံမှန်သင်ကြားပေးသင့်တဲ့ App တစ်ခုဖြစ်ပါတယ်။ 

MyScript Calculator ($2.99) 

MyScript Calculator App ကတော့ သင်္ချာသင်ခန်းစာတွေကို အလွယ်တကူဖြေရှင်းပေးနိုင်မယ့် အကောင်းဆုံး App တစ်ခုဖြစ်ပါတယ်။ Apple Pencil ကို Support ပေးထားတဲ့အတွက် ကိုယ်ဖြေရှင်းချင်တဲ့ သင်္ချာပုစ္ဆာတွေကို iPad မှာ ချရေးလိုက်တာနဲ့ အဖြေကို အလိုအလျောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အားသာချက်အနေနဲ့ကတော့ Logarithms လိုမျိုးရှုပ်ထွေးတဲ့ သင်ခန်းစာတွေနဲ့ ပုစ္ဆာအများအပြားကို တပြိုင်တည်းဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ကလည်း ကိုယ်တွက်ချက်ထားတဲ့ ပုစ္ဆာတွေကို History အနေနဲ့ ပြန်လည်ကြည့်ရှုနိုင်ဦးမှာပါ။ 

အခုပြောသွားတဲ့ App လေးတွေကတော့ iPad 8 ပေါ်မှာ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်တဲ့ Educational App တွေပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple iPad 8 ကိုစိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် iSure Website သို့မဟုတ် နီးစပ်ရာ iSure ဆိုင်တွေမှာ လာရောက်ဝယ်ယူနိုင်မှာပါ။ လောလောဆယ် အချိန်အကန့်အသတ်နဲ့ Digital Payment တွေဖြစ်တဲ့ CB ၊ KBZ နဲ့ KBZPay နဲ့ ပေးချေမှုတွေကိုလည်း ငွေကျပ် (၁၀) သိန်းအထိ လက်ခံပေးထားတဲ့အတွက် iPad 8 ကို ငွေသားနဲ့ ပေးချေဖို့မလိုဘဲ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါက အချိန်အကန့်အသတ်ရှိတဲ့အတွက် အမြန်ဆုံးလာဝယ်ဖို့တော့ လိုအပ်မှာပါ။ 

Previous article ကိုယ့်အတွက်အဆင်ပြေဆုံး iPad က ဘာဖြစ်မလဲ
Next article Apple TV နဲ့ ဘာတွေသုံးနိုင်မလဲ? ဘယ်သူတွေအတွက်ဝယ်ထားသင့်လဲ?