Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
ယခုအချိန်မှာ လုံခြုံရေးစိတ်ချရအောင် သုံးစွဲသင့်တဲ့ Messaging App တွေ 

ယခုအချိန်မှာ လုံခြုံရေးစိတ်ချရအောင် သုံးစွဲသင့်တဲ့ Messaging App တွေ 

လက်ရှိအချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တဲ့အချိန်မှာ ယခင်ကထက် ပိုပြီး ကိုယ့်ရဲ့ Privacy ကို ဂရုစိုက်သင့်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး Privacy အတွက် ပုံမှန်ဖုန်းနဲ့ ဆက်သွယ်တာတွေအပြင် အင်တာနက်ကို အသုံးပြုပြီး ဆက်သွယ်ရတဲ့ Communication App တွေကိုပါ ဂရုစိုက်ဖို့လိုအပ်လာပါတယ်။ 

ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ Messaging App တွေကို အသုံးပြုတဲ့အချိန်မှာ ကြားဖြတ်ဖမ်းယူနိုင်ခြင်းမရှိစေဖို့က အဓိကအရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒီလိုမျိုး ဖမ်းယူလို့မရအောင် End-to-End Encryption ပါဝင်တဲ့ Messaging App တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် အဆိုပါ Messaging App တွေအကြောင်းကို အနည်းငယ်ဖော်ပြပေးသွားပါမယ်။ 

အရင်ဆုံး End-to-End Encryption ရဲ့ အလုပ်လုပ်ပုံကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။ အရိုးရှင်းဆုံးပြောရမယ်ဆိုရင် ပေးပို့သူနဲ့ တစ်ဖက်က လက်ခံသူကလွဲပြီး ကျန်တဲ့ Internet Service Provider (ISP) ၊ Telecom Operator အပြင် တခြားသော Third-party ကနေ ကြားဖြတ်ရယူနိုင်ခြင်းမရှိအောင် လုံခြုံရေးမြင့်မားတဲ့ Encryption စနစ်တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ အသုံးပြုတဲ့ Encryption စနစ်ပေါ်မှုတည်ပြီးတော့ ဖောက်ထွင်းမှုကို ခံနိုင်စွမ်းအနည်းငယ်ကွာခြားပေမယ့်လည်း ပုံမှန်အားဖြင့် End-to-End Encryption Support ပြုလုပ်ခြင်းမရှိတဲ့ App တွေထက်တော့ အများကြီး လုံခြုံရေးပိုင်းမှာ သာလွန်မှာဖြစ်ပါတယ်။ 

Signal 

Signal ဟာ လက်ရှိအချိန်မှာ End-to-End Encryption Service ကို Default အနေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ အကောင်းဆုံး Messaging App ဖြစ်ပါတယ်။ Signal မှာ အသုံးပြုထားတဲ့ Encryption Engine ဟာ Open Source ဖြစ်သလို လက်ရှိမှာ ထိပ်တန်းအဆင့်ရှိနေပါတယ်။ ဒါတင်မဟုတ်သေးဘဲ Signal App ကို အသုံးပြုနိုင်ဖို့အတွက် Verification PIN ကိုလည်း သတ်မှတ်ထားနိုင်သေးတယ်။ 

Encryption အဆင့်အရ အကောင်းဆုံးဖြစ်နေသလို အသုံးပြုမှုပိုင်းမှာလည်း လူတိုင်းအလွယ်တကူအသုံးပြုနိုင်တဲ့အထိ ရိုးရှင်းနေမှာဖြစ်ပါတယ်။  Feature ပိုင်းအရလည်း Group Chat ၊ File ၊ Photo Support တွေပါဝင်နေမှာဖြစ်ပါတယ်။ Video Call ခေါ်ဆိုမှုတွေကိုလည်း ထောက်ပံ့ပေးနိုင်ပြီးတော့ ပိုပြီးတော့ လုံခြုံရေးပိုင်းကို စိတ်ချချင်တယ်ဆိုရင်လည်း Disappearing Message Feature လိုမျိုးကိုပါ ထည့်သွင်းပေးထားပါသေးတယ်။ Signal ဟာ Facebook Messenger လိုမျိုးပဲ ဖုန်း SMS Message အတွက်ပါ အသုံးပြုနိုင်ပေမယ့် SMS Message တွေကိုတော့ Encrypt ပြုလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ 

WhatsApp 

Signal ဟာ တခြားသော Messaging App တွေနဲ့ယှဥ်ရင် အသစ်လို့တောင် ပြောနိုင်ပေမယ့် အခုပြောသွားမယ့် WhatsApp ကတော့ ယခင်ထဲက Messaging App တွေထဲမှာ အကောင်းဆုံးထဲက တစ်ခုအနေနဲ့ အောင်မြင်မှုရရှိပြီးသားဖြစ်ပါတယ်။ 

WhatsApp ရဲ့ အောင်မြင်မှုဟာ ပုံမှန် Conversation တွေတင်မဟုတ်ဘဲ Video Call ၊ Group Chat ၊ Location Sharing ၊ File Type မျိုးစုံကိုပေးပို့နိုင်တဲ့ Feature တွေ စုံလင်တာကြောင့်ဖြစ်ပါတယ်။ Group ထဲက လူအကုန်လုံးကို သိရှိဖို့အတွက် Broadcast Mode ၊ Voice Memo လိုမျိုးလည်း ထည့်သွင်းထားတဲ့အတွက် တော်တော်လေးကို Function များပြားပါတယ်။ End-to-End Encryption ကိုလည်း Support ပြုလုပ်တဲ့အတွက် လုံခြုံရေးပိုင်းမှာလည်း အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ အခုဆိုရင် Disappearing Message လိုမျိုး Feature အသစ်တွေကိုပါ ထည့်သွင်းထားပါသေးတယ်။ 

WhatsApp ရဲ့ အားသာချက်ကတော့ အသုံးပြုတဲ့အချိန်မှာ ဖုန်းတစ်လုံးကနေပဲ အသုံးပြုနိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းမှာ အသုံးပြုနေတဲ့အချိန်မှာ တခြားသော Device တစ်ခုခုကနေ ဝင်ရောက်ပြီး Message တွေကို ဖတ်ရှုနိုင်မှာကို စိုးရိမ်ဖို့မလိုအပ်ပါဘူး။ 

ဒါပေမယ့် WhatsApp ရဲ့ အားနည်းချက်တစ်ခုကတော့ Facebook ကနေ ပိုင်ဆိုင်တာဖြစ်ပြီး ယခင်တုန်းကလည်း WhatsApp အသုံးပြုသူတွေရဲ့ Information ကို Facebook ကနေ တရားမဝင်ရယူအသုံးပြုနေတယ်ဆိုပြီး ကောလဟာလတွေထွက်ရှိခဲ့ဖူးပါသေးတယ်။ အဲ့ဒါကြောင့် မဖြစ်မနေကလွဲပြီး WhatsApp ထက် Signal ကိုပိုပြီး အသုံးပြုသင့်ပါတယ်။ 

Telegram 

လက်ရှိမြန်မာနိုင်ငံမှာ အောင်မြင်မှုအကြီးအကျယ်ရရှိလာတဲ့ Messaging App ဖြစ်တဲ့ Telegram ကို အခုဆိုရင် မသုံးတဲ့သူတောင် မရှိသလောက်ဖြစ်နေပါပြီ။ Telegram ဟာ လက်ရှိမှာ Feature ပိုင်းအရ အစုံလင်ဆုံး Messaging App တစ်ခုဖြစ်သလို File Size 2GB အထိရှိတဲ့ File တွေ၊ Video တွေကို ပို့နိုင်တာ၊ Group Chat Feature ပိုင်းစုံလင်တာတွေက အားသာချက်တွေဖြစ်နေတာပါ။ 

User Interface ပိုင်းမှာလည်း Light Mode ၊ Dark Mode တင်မဟုတ်ဘဲ အသုံးပြုသူတစ်ယောက်ချင်းစီအလိုက် စိတ်ကြိုက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ GIF File တွေ Sticker တွေနဲ့ တခြားသော Video Call ၊ Voice Message လိုမျိုး Feature တွေကိုလည်း Support ပြုလုပ်ပါသေးတယ်။ 

ဒါပေမယ့် WhatsApp လိုမျိုးပဲ Telegram ရဲ့ အားနည်းချက်တစ်ခုရှိနေပြီး အဲ့ဒါကတော့ End-to-End Encryption ကို Default အနေနဲ့ Support မပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ့်အနေနဲ့ End-to-End Encryption ရယူဖို့အတွက် Secret Mode အနေနဲ့ Conversation ပြောဆိုဖို့ လိုအပ်မှာပါ။ 

အခုပြောသွားတဲ့ Messaging App တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Apple Device တွေအနေနဲ့ App Store ကနေ အခမဲ့ Download ပြုလုပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android Device တွေအတွက်လည်း Play Store ကနေ Download ပြုလုပ်နိုင်ပါတယ်။ ဒါတင်မဟုတ်ဘဲ macOS နဲ့ Windows မှာပါ အသုံးပြုနိုင်တဲ့ Software တွေကို ထုတ်ပေးထားပါသေးတယ်။ 

နောက်ထပ်လည်း Apple Device တွေကို အသုံးပြုနေတဲ့သူတွေအနေနဲ့  iMessage ဟာ End-to-End Encryption ကို Support ပြုလုပ်ထားပြီးဖြစ်တဲ့အတွက် တခြား Apple Device User တွေနဲ့ ဆက်သွယ်မယ်ဆိုရင် အသုံးဝင်မှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း Facebook Messenger ရဲ့ Secret Conversation Mode နဲ့ Viber တို့ကလည်း End-to-End Encryption ကို Support ပေးနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ App တွေထက် Privacy ပိုင်းမှာ စိတ်ချရစေဖို့အတွက်ကတော့ အပေါ်မှာပြောခဲ့တဲ့ Messaging App ၃ မျိုးကိုပဲ ညွှန်းရမှာဖြစ်ပါတယ်။ 

Previous article Apple MagSafe Battery Pack နဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ 
Next article Apple နဲ့ နည်းပညာအကြောင်းကို စိတ်ဝင်စားရင် နားထောင်ကြည့်သင့်တဲ့ Podcast တွေ