Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Apple MagSafe Battery Pack နဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ 

Apple MagSafe Battery Pack နဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ 

Apple ဟာ iPhone 12 Series ဖုန်းတွေနဲ့အတူ ကိုယ်ပိုင် Wireless Charging နည်းပညာဖြစ်တဲ့ MagSafe ကိုပါ ထည့်သွင်းမိတ်ဆက်ခဲ့တာကတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ အခုဆိုရင် Apple MagSafe Charger တွေအပြင် Third-party MagSafe Accesories တွေကိုလည်း အများအပြားဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ 

အခုလည်း အပြင်သွားတဲ့အချိန်မှာ Power Bank အလေးကြီး သယ်မသွားချင်တဲ့သူတွေ၊ Power Bank နဲ့အတူ Charging Cable ကိုပါ သယ်သွားရတာကို အလုပ်ရှုပ်တဲ့သူတွေအတွက် Apple ကနေ MagSafe Battery Pack ကို မိတ်ဆက်ပေးထားပါတယ်။ iSure မှာလည်း အဆိုပါ Apple MagSafe Battery Pack ကို ဝယ်ယူနိုင်ပြီဖြစ်တာကြောင့် ဒီ MagSafe Battery Pack နဲ့ ပတ်သက်ပြီး သိထားသင့်သမျှကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

Design 

Apple MagSafe Battery Pack ဟာ Design ပိုင်းအရ Power Bank တစ်ခုအနေနဲ့ အလွန်သေးငယ်ပေါ့ပါးနေမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ အဖြုရောင်ပဲ ထွက်ရှိထားပြီး Apple Logo ကိုလည်း ယခင် iPhone ရဲ့ နောက်ကျောဘက် Apple Logo နေရာမှာပဲ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ 

တကယ်လို့ iPhone 12 mini နဲ့ တွဲဖက်ပြီး အသုံးပြုမယ်ဆိုရင် MagSafe Battery Pack ဟာ လုံးဝကို ကွက်တိဖြစ်နေမှာဖြစ်ပြီး Camera Bump အောက်ခြေကစပြီး ဖုန်းရဲ့ နောက်ကျောဘက်ကို အပြည့်နေရာယူထားမှာဖြစ်ပါတယ်။ တခြား iPhone 12 Series တွေအတွက်ကတော့ နောက်ကျောဘက်ထက် အနည်းငယ်သေးငယ်နေမှာဖြစ်ပါတယ်။ 

ကိုယ်ထည်ပိုင်းကိုတော့ Hard Plastic Material နဲ့ ပြုလုပ်ပေးထားပြီး ထောင့် ၄ ထောင့်ကိုလည်း အနည်းငယ်ခုံးပေးထားပါတယ်။ MagSafe Battery Pack ကို ပြန်လည်အားသွင်းဖို့အတွက် Lightning Port ကိုလည်း အောက်ခြေမှာ ထည့်သွင်းပေးထားပါတယ်။ 

Size & Weight 

Apple MagSafe Battery Pack ဟာ iPhone 12 mini ရဲ့ အရွယ်အစားအတိုင်းဖြစ်ပြီး အလွန်သေးငယ်သလို အသုံးပြုတဲ့အချိန်မှာလည်း ဖုန်းတစ်လုံးထက် ပိုပေါ့ပါးမှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ 115g ရှိမှာဖြစ်ပြီး iPhone 12 ရဲ့ အလေးချိန်ဖြစ်တဲ့ 164g ထက် သိသိသာသာပိုပေါ့ပါးနေမှာပါ။ အထူအနေနဲ့ကတော့ 11mm ရှိမှာဖြစ်ပြီး iPhone 12 ရဲ့ 7.4mm ထက် မသိမသာပိုထူမှာဖြစ်ပေမယ့် Power Bank တစ်ခုအနေနဲ့ကတော့ အလွန်ပါးလွှာနေဦးမှာဖြစ်ပါတယ်။ 

Charging Speed 

Apple MagSafe Battery Pack ကို အသုံးပြုပြီး အားသွင်းမယ်ဆိုရင် Charging Speed ၂ မျိုးနဲ့ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ပုံမှန်အတိုင်း iPhone 12 ရဲ့ နောက်ကျောမှာ MagSafe Battery Pack ကို ကပ်ပြီး အားသွင်းမယ်ဆိုရင်တော့ 5W Charging အနေနဲ့ အားသွင်းပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုး 5W နဲ့ပဲ အားသွင်းပေးတာကလည်း ဖုန်းကို Heat တက်မှာကို ကာကွယ်ပေးဖို့ဖြစ်သလို Battery Life ကိုလည်း ပိုပြီး ကြာရှည်ခံစေဖို့ဖြစ်ပါတယ်။ 

တကယ်လို့ MagSafe Battery Pack ကို 20W နှင့်အထက် Charger နဲ့ အားသွင်းထားတုန်း iPhone 12 ကို ကပ်ပြီး အားသွင်းမယ်ဆိုရင်တော့ iPhone ကို 15W Fast Wireless Charging အနေနဲ့ အားသွင်းပေးမှာဖြစ်ပါတယ်။ iPhone အားပြည့်သွားတဲ့အချိန်ကြမှပဲ MagSafe Battery Pack ကို ဆက်လက်အားသွင်းသွားမှာဖြစ်ပါတယ်။ 

Battery Capacity 

Apple ရဲ့ MagSafe Battery Pack ဟာ 1460mAh Capacity ရှိတဲ့ Battery ပါဝင်မှာဖြစ်ပြီး တခြားသော Power Bank တွေနဲ့ ယှဥ်ရင်တော့ Capacity ပိုင်းမှာ အားနည်းမှာဖြစ်ပါတယ်။

iPhone 12 Series ကို ပြန်လည်အားသွင်းမယ်ဆိုရင်တော့ Apple ရဲ့ ပြောကြားချက်အရ iPhone 12 mini ကို 70% အထိ၊ iPhone 12 နဲ့ 12 Pro ကို 60% နဲ့ iPhone 12 Pro Max ကိုတော့ 40% အထိ ပြန်လည်အားဖြည့်ပေးနိုင်မှာပါ။ ဒါပေမယ့် အခုလိုမျိုး ပြန်လည်အားသွင်းနေတုန်း ဖုန်းကို အသုံးပြုနေမယ်ဆိုရင်တော့ ယခု Battery ပြန်လည်အားသွင်းနိုင်မှုဟာ အနည်းငယ်ကွာခြားနိုင်ပါတယ်။ 

Reverse Wireless Charging 

Apple MagSafe Charger ကို iPhone 12 အနောက်မှာ ကပ်ထားပြီး အားသွင်းမယ်ဆိုရင် iPhone ကို 15W Wireless Charging နဲ့ အားသွင်းပေးနိုင်တာကိုတော့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ တကယ်လို့ 20W နှင့်အထက် Charger ကို အသုံးပြုပြီး iPhone 12 Series ကို Lightning Port ကနေ အားသွင်းမယ်ဆိုရင်လည်း နောက်ကျောဘက်မှာ MagSafe Battery Pack ကို ကပ်ထားရင် ပြန်လည်အားသွင်းပေးနိုင်ဦးမှာဖြစ်ပါတယ်။ 

ဒါကတော့ MagSafe Battery Pack ဟာ Reverse Wireless Charging ကိုပါ Support ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ Apple ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Reverse Wireless Charging ဟာ iPhone ကို Wired Carplay Mode မှာ အသုံးပြုနေတဲ့အချိန်နဲ့ Mac ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့အချိန်မှာ အသုံးဝင်မယ်လို့ သိရပါတယ်။ ဒီလိုမျိုး MagSafe Battery Pack ကို ပြန်လည်အားမသွင်းခင် iPhone ကို အရင်ဆုံး 80% အထိရောက်ရှိအောင် အားသွင်းပေးမှာဖြစ်ပြီး 80% အထက်ဖြစ်တော့မှ MagSafe Battery Pack ကိုပါ အားသွင်းပေးမှာဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီ Feature ကတော့ တကယ်ကို အသုံးဝင်စေမှာဖြစ်ပြီး MagSafe Battery Pack ရဲ့ အဓိကအားသာချက်လို့တောင် ပြောနိုင်ပါတယ်။ 

View Charging Status

MagSafe Battery Pack မှာ Battery ဘယ်လောက်ကျန်သေးသလဲဆိုတာကို သိရှိချင်တယ်ဆိုရင်လည်း Home Screen က Battery Widget ကနေတစ်ဆင့် ဒါမှမဟုတ် Today View မှာ တပ်ဆင်ထားတုန်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

Compatibility 

Apple MagSafe Battery Pack ကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အတွက်ကတော့ Apple iPhone 12 Series နဲ့ပဲ တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း MagSafe Battery Pack ဟာ Qi-Wireless Charging ကိုလည်း Support ပြုလုပ်တာကြောင့် တခြားသော AirPods Pro နဲ့ Qi-Wireless Charging Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေကိုလည်း အားသွင်းပေးနိုင်ပါတယ်။ ဒီလိုမျိုး အားသွင်းပေးနိုင်တယ်ဆိုပေမယ့် အရေးတကြီးလိုအပ်တဲ့အချိန်မှာပဲ အသုံးပြုသင့်ပါတယ်။ 

iPhone 12 Series တွေမှာ MagSafe Battery Pack နဲ့ အားသွင်းနေတဲ့အချိန်မှာ အနည်းငယ်ပူလာတတ်သလို အခုလိုမျိုး ပူလာတယ်ဆိုရင် အလိုအလျောက် 80% အထိပဲ အားသွင်းဖို့ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ပုံမှန် အားသွင်းမယ်ဆိုရင်တော့ 90% အထိ အားသွင်းပေးမှာဖြစ်ပြီး 90% အထက် အားသွင်းမယ်ဆိုရင် Low Power Mode Icon ကို ဖိထားပြီး “Continue” ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ အခုလိုမျိုး Battery သက်တမ်းကို မထိခိုက်အောင် ပြုလုပ်ပေးထားတာကြောင့် MagSafe Battery Pack ကို အသုံးပြုလို့ Battery Health ထိခိုက်မှာကို စိုးရိမ်စရာမလိုအပ်ပါဘူး။ 

Apple MagSafe Battery Pack ကို iPhone 12 Series မှာ တိုက်ရိုက်တပ်ဆင်ပြီး အသုံးပြုနိုင်သလို MagSafe Case တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Leather MagSafe Case ကို အသုံးပြုမယ်ဆိုရင်တော့ အရာထင်နိုင်တာကြောင့် Leather Case နဲ့ တွဲဖက်ပြီး အသုံးမပြုဖို့ Recommend ပေးထားပါတယ်။ ဖုန်းကို အားသွင်းရတာဖြစ်တဲ့အတွက် MagSafe Wallet လိုမျိုး Accessories တွေနဲ့တော့ တွဲဖက်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ 

MagSafe Battery Park ကို iPhone 12 Series မှာ အသုံးပြုမယ်ဆိုရင် iOS 14.7 နှင့်အထက်ရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် Apple ရဲ့ MagSafe Battery Pack ဟာ လုံးဝကို Design ပိုင်းမှာ ရိုးရှင်းလှပပြီး iPhone 12 Series နောက်မှာ ကပ်လိုက်တာနဲ့ ဘာခလုတ်မှ နှိပ်စရာမလိုအပ်ဘဲ အလိုအလျောက် အားသွင်းပေးနိုင်တာက တကယ်ကို စမတ်ကျစေမှာဖြစ်ပါတယ်။ 

Apple MagSafe Battery Pack ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article ကျန်းမာရေးအတွက် Ergonomic ကျကျ အလုပ်လုပ်နိုင်ဖို့ ရှိထားသင့်တဲ့ MOFT Product တွေ 
Next article ယခုအချိန်မှာ လုံခြုံရေးစိတ်ချရအောင် သုံးစွဲသင့်တဲ့ Messaging App တွေ