Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ကိုယ့်အတွက် အကိုက်ညီဆုံး Apple Watch ကို ဘယ်လိုရွေးချယ်မလဲ

ကိုယ့်အတွက် အကိုက်ညီဆုံး Apple Watch ကို ဘယ်လိုရွေးချယ်မလဲ

Apple Product တွေကို အသုံးပြုရတာကြိုက်နှစ်သက်တယ်၊ ကိုယ့်အတွက် လက်တွေ့အသုံးဝင်ပြီး Fitness Tracker တစ်ခုထက်ပိုတဲ့ Health Feature တွေကိုလည်း အသုံးပြုချင်တယ်ဆိုရင် Apple Watch တွေဟာ ကျိန်းသေပေါက်ဝယ်ယူအသုံးပြုသင့်ပါတယ်။ Apple Watch တိုင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးအဖော်မွန်ဆိုပြီး သတ်မှတ်ခံထားရသလို အခုနောက်ဆုံးထွက်ထားတဲ့ Apple Watch Series 6 ဆိုရင် Blood Oxygen SpO2 ကိုပါ တိုင်းတာပေးနိုင်ဦးမှာဖြစ်ပါတယ်။ 

ဒါပေမယ့် အခုမှ Apple Watch ကို စတင်အသုံးပြုမယ်ဆိုရင် ဘယ် Apple Watch က ကိုယ်နဲ့သင့်တော်မလဲဆိုတာက တခြား iPhone ရွေးချယ်တာထက် ပိုပြီး အခက်တွေ့နေတတ်ပါတယ်။ အဲ့ဒီအတွက် အခု Article မှာ ကိုယ့်နဲ့ ကိုက်ညီတဲ့ Apple Watch ကို ဘယ်လိုမျိုးရွေးချယ်မလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

အရင်ဆုံး Apple ကနေ တရားဝင်ရောင်းချနေတဲ့ Apple Watch တွေအနေနဲ့ Series 6 ၊ SE နဲ့ Series 3 တွေပဲဖြစ်ပါတယ်။ iSure မှာဆိုရင်တော့ လက်ရှိအချိန်မှာ Apple Watch Series 6 နဲ့ SE ကိုပဲ အဓိကထားရောင်းချနေပါတယ်။ 

Apple Watch နဲ့ ဘယ်လိုမျိုး Feature တွေအသုံးပြုနိုင်မလဲ 

Apple Watch Series 3 အပါအဝင် SE ၊ Series 6 အကုန်လုံးဟာ Water Resistant 50M ပါဝင်ပြီး ရေကူးတဲ့အချိန်မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် Heart Rate ကို အမြဲတိုင်းတာပေးပြီး ပုံမှန်မဟုတ်ရင်သတိပေးတာ၊ အရေးပေါ် Emergency SOS Feature တွေပါဝင်မှာဖြစ်ပါတယ်။ GPS အပြင် Speaker နဲ့ Mic လည်းပါဝင်တဲ့အတွက် ဖုန်းပြောဆိုမှုတွေ၊ Walkie-Talkie Feature တွေပါ အသုံးပြုနိုင်ဦးမှာပါ။ 

နောက်ထပ်အနေနဲ့ကတော့ Apple WatchOS မှာအသစ်ပါဝင်လာတဲ့ Workout Mode တွေ၊ Apple Fitness+ လိုမျိုး Subscription Service တွေအထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ အကုန်လုံးက ၁၈ နာရီအထိအသုံးပြုနိုင်ပေမယ့် တကယ်တမ်း ကျန်းမာရေးအတွက် အကောင်းဆုံး Feature တွေလိုချင်တယ်ဆိုရင်တော့ Apple Watch Series 3 ထက် Series 6 နဲ့ SE မှာပဲ ပါဝင်မှာဖြစ်ပါတယ်။ 

Series 3 မှာမပါဝင်ဘဲ SE နဲ့ Series 6 မှာပဲရနိုင်မယ့် Feature တွေ

Apple Watch SE ဒါမှမဟုတ် Series 6 ကို ဝယ်ယူဖို့စဥ်းစားနေပြီဆိုရင်တော့ Series 3 ထက်ပိုကောင်းတဲ့ Feature အများအပြားကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတင် Series 3 ထက် အရွယ်အစား ၃၀ ရာခိုင်နှုန်းပိုကြီးတဲ့ OLED Retina Display ကိုအသုံးပြုထားမှာဖြစ်ပြီး Series 6 မှာဆိုရင် Always-on Display ကိုပါ Support ပြုလုပ်ထားပါသေးတယ်။ ဒါတင်မဟုတ်သေးဘဲ iPhone မရှိတဲ့သူတွေကိုပါ ပေးသုံးနိုင်တဲ့ Family Setup ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ 

ကျန်းမာရေး Feature တွေအနေနဲ့ကတော့ ပြုတ်ကျတာကို သိရှိနိုင်တဲ့ Fall Detection Feature ၊ ကိုယ့်နားကိုထိခိုက်နိုင်ခြေရှိတဲ့နေရာကို ရောက်နေရင် သတိပေးနိုင်တဲ့ Noise Monitoring Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ ကိုယ်ရောက်ရှိနေတဲ့တည်နေရာရဲ့ အမြင့်ပေကိုတိုင်းတာနိုင်တဲ့ Alitimeter ကလည်း Always-on အဖြစ်အဆင့်မြှင့်တင်ထားသလို Compass ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Digital Crown မှာ Haptic Feedback ပါဝင်လာတာ၊ Speaker ၊ Mic နဲ့ Heart-rate Sensor တွေက ပိုကောင်းတဲ့ Generation ကိုအသုံးပြုထားမှာဖြစ်ပါတယ်။ 

Apple Watch SE နဲ့ Series 6 ဘာတွေအဓိကကွာခြားသလဲ

အဓိကကွာခြားချက်ကို ပြောရမယ်ဆိုရင် Series 6 မှာပဲ Blood Oxygen SpO2 နဲ့ ECG တိုင်းတာနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေလည်း အနည်းငယ်ကွာခြားတယ်ဆိုပေမယ့် Series 6 ကို ဝယ်မယ်ဆိုရင် အဓိကအဆိုပါ Feature ၂ ခုကို အသုံးပြုမယ်ဆိုမှပဲ ဝယ်ယူသင့်ပါတယ်။ 

ကျန်တဲ့ကွာခြားချက်တွေအနေနဲ့ကတော့ အခုနကပြောသလို Series 6 ဟာ Always-on Retina Display ပါဝင်လာတာ၊ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Dual-Core S6 SiP ကိုအသုံးပြုထားတာ၊ 3rd-Gen Optical Heart Rate Sensor ၊ U1 Ultra-wideband Chip နဲ့ 5GHz Wi-Fi Support ပါဝင်တာတွေဖြစ်ပါတယ်။ Battery Life ပိုင်းမှာတော့ အတူတူပဲဖြစ်ပေမယ့် Series 6 ဟာ Fast Charging ကိုပါ Support ပြုလုပ်တဲ့အတွက် ပုံမှန် အားသွင်းချိန် ၂ နာရီခွဲအစား ၁ နာရီခွဲပဲ ကြာမြင့်မှာဖြစ်ပါတယ်။ အရောင်အနေနဲ့လည်း Apple Watch Series 6 မှာပဲ အနီရောင်နဲ့ အပြာရောင်ကိုရရှိမှာဖြစ်ပါတယ်။ 

အခုဆိုရင် Apple Watch ကို ဝယ်ယူဖို့စဥ်းစားနေတဲ့သူတွေအနေနဲ့ ဘယ်လိုမျိုး Apple Watch ကို ဝယ်ယူသင့်သလဲဆိုတာကို ဆုံးဖြတ်ရတာပိုပြီးလွယ်ကူသွားမယ်လို့ မျှော်လင့်ပါတယ်။ Apple Watch Series 6 ကတော့ Blood Oxygen SpO2 တိုင်းတာဖို့လိုအပ်တဲ့သူတွေအတွက် ရွေးချယ်သင့်ပေမယ့် ပုံမှန် Apple Watch ကိုပဲ အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ Apple Watch SE က လုံလောက်တဲ့စွမ်းဆောင်ရည်နဲ့ Feature တွေပါဝင်နေတယ်လို့ပဲ အကြမ်းဖျင်းပြောရမှာဖြစ်ပါတယ်။ 

ဘယ် Apple Watch ကို ဝယ်ယူရမလဲဆုံးဖြတ်ပြီးပြီဆိုရင်တော့ Watch Case ကို Aluminum သို့မဟုတ် Series 6 ဆိုရင် Stainless-Steel နဲ့ Titanium တွေကိုပါ ရွေးချယ်နိုင်သလို Watch Strap တွေကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ iSure မှာလည်း Apple Original Watch Strap တွေအပြင် Design လှပပြီး အရည်အသွေးကောင်းမွန်တဲ့ Third-party Watch Strap တွေ၊ Accessories တွေကို ရွေးချယ်ဝယ်ယူနိုင်ဦးမှာပါ။ 

Apple Watch အပါအဝင် တခြားသော Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article Apple နဲ့ နည်းပညာအကြောင်းကို စိတ်ဝင်စားရင် နားထောင်ကြည့်သင့်တဲ့ Podcast တွေ
Next article အခုအချိန်မှာ Mac ဝယ်ဖို့စဉ်းစားနေရင် ဘာတွေသိထားသင့်သလဲ