Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Work from Home Lifestyle နဲ့ ရုံးတွေအတွက် အလိုက်ဖက်ဆုံးဖြစ်လာမယ့် iMac 24” (2021)

Work from Home Lifestyle နဲ့ ရုံးတွေအတွက် အလိုက်ဖက်ဆုံးဖြစ်လာမယ့် iMac 24” (2021)

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ iMac 24” (2021) ဟာ iSure ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဒီ iMac 24” ဟာ နှစ်အတော်ကြာပြီးမှ Design ပိုင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်သလို အရောင်အနေနဲ့လည်း ၇ မျိုးအထိ ရွေးချယ်နိုင်မှာဖြစ်တဲ့အတွက် ယခင် iMac တွေနဲ့ယှဥ်မယ်ဆိုရင် ထူးခြားနေပါတယ်။ အဲ့ဒီထက်ပိုပြီး ထူးခြားနေတဲ့အချက်ကတော့ လက်ရှိ MacBook Air ၊ MacBook Pro 13-inch နဲ့ iPad Pro တွေမှာ အသုံးပြုထားတဲ့ Apple M1 Chip ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ 

အရင်ဆုံး Design ပိုင်းကိုကြည့်မယ်ဆိုရင် iMac 24” (2021) က မယုံကြည်နိုင်လောက်အောင် ပါးလွှာနေတာကို တွေ့ရမှာပါ။ Apple ရဲ့အဆိုအရတော့ အထူအနေနဲ့ 11.5mm ပဲရှိပြီးတော့ ဒါက ပုံမှန်စမတ်ဖုန်းတစ်လုံးရဲ့ အထူနဲ့တောင် ဆင်တူနေပါတယ်။ တခြား All-in-One PC တွေတင်မဟုတ်ဘဲ Monitor သီးသန့်အနေနဲ့လိုက်ရှာရင်တောင်မှ iMac 24” (2021) ထက် ပါးလွှာတဲ့ ကွန်ပျူတာကို ရှာဖို့အတော်ခက်ခဲမှာပါ။ ပါးလွှာတာတစ်ခုထဲတင်မဟုတ်ဘဲ အလေးချိန်ကလည်း ၁၀ ပေါင်အောက် (၄.၄၈ ကီလိုဂရမ်) ပဲရှိတဲ့အတွက် တကယ်လို့ နေရာရွေ့ပြောင်းရမယ်ဆိုရင်လည်း အလွယ်တကူသယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Display Hinge အနေနဲ့ကတော့ iPad Pro ရဲ့ Magic Keyboard Hinge နဲ့ဆင်တူပုံစံပြုလုပ်ထားပြီး Power Cable ကိုလည်း သံလိုက်အနေနဲ့ ချိတ်ဆက်နိုင်တဲ့အတွက် iMac ရဲ့ အနောက်ဖက်ကို ခက်ခက်ခဲခဲ Power Cable တပ်စရာမလိုတော့ပါဘူး။ တကယ်လို့ Base Model မဟုတ်တဲ့ iMac 24” (2021) ကို ဝယ်ယူမယ်ဆိုရင် Power Adapter မှာ LAN Port ပါ ပါဝင်မှာဖြစ်ပါတယ်။ 

iMac 24” (2021) ကို Performance ပိုင်းမှာ Version ၂ မျိုးနဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး အဓိကကွာခြားချက်အနေနဲ့ကတော့ Base Model မှာ 7-Core GPU ၊ USB-C 2 Ports ပါဝင်ပြီးတော့ High-end Model မှာတော့ 8-Core GPU နဲ့ USB-C 4 Ports ပါဝင်မှာဖြစ်ပါတယ်။ SSD Storage အနေနဲ့ Base Model ကို 256GB ကနေ 1TB အထိ ရွေးချယ်နိုင်ပြီး High End Model မှာတော့ 256GB ကနေ 2TB အထိရွေးချယ်နိုင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 8GB သို့မဟုတ် 16GB ပါဝင်မှာဖြစ်ပါတယ်။ Apple M1 Chip ရဲ့ စွမ်းဆောင်ရည်ကတော့ လက်ရှိ MacBook Air နဲ့ MacBook Pro 13-inch တွေမှာ ပြသခဲ့ပြီးဖြစ်တဲ့အတိုင်း ဘယ်လိုမျိုး Workload ပဲဖြစ်ဖြစ် အလွယ်တကူဆောင်ရွက်နိုင်မှာပါ။ Apple ကတော့ iMac 24” (2021) ဟာ ပြီးခဲ့တဲ့ 21.5” iMac ထက် CPU ပိုင်းမှာ ၈၅ ရာခိုင်နှုန်းနဲ့ GPU ပိုင်းမှာ ၂ ဆ ပိုပြီး မြန်ဆန်တယ်လို့ ပြောကြားထားပါတယ်။ 

Display အနေနဲ့ကတော့ 24” 4.5K Retina Display အသုံးပြုပေးထားပြီးP3 Wide Color Gamut ကိုလည်း ထောက်ပံ့ပေးထားတဲ့အတွက် Photo ၊ Video Editing ပိုင်းတွေမှာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ဖို့ပဲဖြစ်ဖြစ် ယခင်ထက် ပိုသာလွန်တဲ့ Experience ကိုပေးစွမ်းနိုင်မှာပါ။ Brightness ပိုင်းအနေနဲ့ 500 nits အထိရှိတဲ့အပြင် Anti-reflective Coating ၊ True Tone နည်းပညာတွေကြောင့် ပတ်ဝန်းကျင်ကြောင့် အချိန်ကြာမြင့်စွာအလုပ်လုပ်ရလည်း မျက်စိထိခိုက်မှုကို လျော့ကျစေမှာဖြစ်ပါတယ်။ 

ဒီလိုမျိုးအဆင့်မြှင့်တင်ထားတဲ့ Display ကို အလိုက်ဖက်ဆုံးထောက်ပံ့ပေးထားတာကတော့ Six-speaker Sound System ပဲဖြစ်ပါတယ်။ Force-cancelling Woofer ၂ စုံကိုမှ High-performance Tweeter တွေနဲ့ တွဲဖက်ထားတဲ့အတွက် ယခင် iMac တွေထက် သိသိသာသာကို Soundstage ကောင်းကောင်းနဲ့ သီချင်းသံတွေ၊ ရုပ်ရှင်ထဲက Sound Effect တွေကို အသေးစိတ်ကြားနိုင်မှာပါ။ 

နောက်ထပ်အဆင့်မြှင့်တင်ပေးထားတာကတော့ Video Conferencing အတွက် ရည်ရွယ်ထားပြီးတော့ iMac 24” (2021) မှာ 1080p FaceTime HD Camera ပါဝင်လာပြီဖြစ်ပါတယ်။ M1 Chip ရဲ့ Advanced Image Signal Processor (ISP) ကလည်း ဘယ်လိုမျိုး Lighting အခြေအနေမျိုးမှာပဲဖြစ်ဖြစ် Quality ကောင်းမွန်တဲ့ Video Call တွေအဖြစ်ပြောင်းလဲပေးသွားမှာပါ။ Audio ပိုင်းအတွက်လည်း Studio-quality Three-mic array ကို တပ်ဆင်ထားတဲ့အတွက် Video Conferencing အတွက်တင်မဟုတ်ဘဲ သီချင်းတွေအသံသွင်းချင်တာပဲဖြစ်ဖြစ်၊ Podcast အသံသွင်းတာအထိ iMac 24” (2021) က စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ 

Apple ဟာ iMac 24” (2021) ကိုပဲ အဆင့်မြှင့်တင် Design ပြောင်းလဲခဲ့တာမဟုတ်ဘဲ တွဲဖက်အသုံးပြုရမယ့် Accessories တွေကိုပါ Update ပြုလုပ်ထားပါတယ်။ အဲ့ဒီအတွက် ကိုယ်ဝယ်ယူတဲ့အရောင်အတိုင်း Magic Keyboard ၊ Trackpad နဲ့ Mouse တွေကို ရယူနိုင်ပြီဖြစ်သလို Magic Keyboard ကိုလည်း TouchID နဲ့ပါ ပထမဆုံးအနေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါက iMac 24” (2021) ကို ယခင်တုန်းကထက် Privacy ပိုင်းတင်မဟုတ်ဘဲ Convenience ပိုင်းမှာပါ သိသိသာသာပိုကောင်းမွန်လာတာဖြစ်ပါတယ်။ 

Apple iMac 24” (2021) ကို စိတ်ဝင်စားတယ်ဆိုရင်တော့ မကြာခင်မှာ iSure ဆိုင်တွေမှာ ဝယ်ယူနိုင်မှာဖြစ်သလို ဘယ်လိုသူတွေအတွက် အရွေးချယ်သင့်ဆုံးဖြစ်မလဲဆိုတာကိုလည်း နောက်ပိုင်းမှာ ရေးသားပေးသွားပါဦးမယ်။

Previous article ကိုယ့်အတွက် အသင့်တော်ဆုံး Mac က ဘာဖြစ်မလဲ?
Next article M1 Chip ၊ 5G ၊ mini-LED Display နည်းပညာတွေနဲ့ iPad Pro (2021) အသစ်က ဘာတွေထူးခြားနေလဲ