Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
iPad Air 4 နဲ့ M1 iPad Pro (2021) ကို နှိုင်းယှဥ်ကြည့်ခြင်း

iPad Air 4 နဲ့ M1 iPad Pro (2021) ကို နှိုင်းယှဥ်ကြည့်ခြင်း

Apple ကနေ အခုဆိုရင် iPad Pro ကို 2021 အတွက် အသစ် Update ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် အသစ်ထွက်ရှိထားတဲ့ iPad Pro 2021 နဲ့ ပြီးခဲ့နှစ်ကုန်ပိုင်းကမှ အဆင့်မြှင့်တင်မှုတွေအများအပြား ပြုလုပ်ခဲ့တဲ့ iPad Air 4 နဲ့ နှိုင်းယှဥ်ပေးလိုက်ပါတယ်။ ဒီနေရာမှာ iPad Pro 12.9” ထက် iPad Pro 11” နဲ့ အဓိကနှိုင်းယှဥ်သွားမှာပါ။ 

Design 

iPad Air 4 နဲ့ M1 iPad Pro 11” ဟာ Design ပိုင်းမှာတော့ ကြည့်လိုက်တာနဲ့မတူညီတဲ့အချက်တွေက ထင်ရှားနေမှာပါ။ ပုံစံအနေနဲ့ကတော့ ၂ မျိုးစလုံးဟာ Industrial Flat Design ကို အသုံးပြုထားပြီး ပါးလွှာမှုကလည်း ဆင်တူပေမယ့် အရောင်နဲ့ Camera Layout ပိုင်းမှာကွဲထွက်နေမှာဖြစ်ပါတယ်။

iPad Pro မှာတော့ Silver နဲ့ Gray ၂ ရောင်ပဲ ရွေးချယ်နိုင်ပေမယ့် iPad Air 4 မှာတော့ Space Gray ၊ Silver ၊ Rose Gold ၊ Green နဲ့ Sky Blue ဆိုပြီး အရောင် ၅ မျိုးအထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးအရောင်တွေကို သဘောကျတယ်ဆိုရင် iPad Air 4 က ပိုပြီးအဆင်ပြေမှာပါ။ 

Display 

Display ပိုင်းမှာတော့ iPad Air 4 နဲ့ M1 iPad Pro 11” (2021) ၂ မျိုးမှာ အနည်းငယ်ဆင်တူတဲ့အချက်တွေရှိပါတယ်။ အဲ့ဒါတွေကတော့ iPad Air 4 မှာ Maximum 500Nits Brightness Support ပြုလုပ်တဲ့ 10.9” Liquid Retina Display ပါဝင်ပြီးတော့ M1 iPad Pro 11” (2021) မှာတော့ Maximum 600Nits Brightness Support ပြုလုပ်တဲ့ 11” Liquid Retina Display ကို အသုံးပြုထားပါတယ်။ အဲ့ဒီအတွက် M1 iPad Pro 11” မှာ 120Hz ProMotion နည်းပညာပါဝင်တာလောက်ပဲ အဓိကကွာခြားမှာဖြစ်ပါတယ်။ 

ဒါပေမယ့် M1 iPad Pro 12.9” (2021) မှာတော့ Maximum 1600Nits Brightness အထိရရှိနိုင်တဲ့ Mini-LED Display နည်းပညာနဲ့ 12.9” Liquid Retina XDR Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Color နဲ့ Contrast Ratio ပိုင်းမှာ M1 iPad Pro 12.9” (2021) က အကောင်းဆုံးလို့ ပြောနိုင်ပါတယ်။ အခုပြောသွားတဲ့ iPad တွေအကုန်လုံးမှာ True Tone ၊ Wide Color P3 Gamut Support တွေလည်းပါဝင်မှာဖြစ်ပါတယ်။ 

Performance 

စွမ်းဆောင်ရည်ပိုင်းမှာတော့ iPad Air 4 နဲ့ M1 iPad Pro ဟာ ကွာဟချက်များပြားတယ်ဆိုပေမယ့် ကိုယ်အသုံးပြုမယ့်အပေါ်မှာ ပိုပြီးမှုတည်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် iPad Air 4 မှာ အသုံးပြုထားတဲ့ A14 Bionic Chip ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ပုံမှန် Web Browsing ၊ Media Consumption နဲ့ Light Photo/Video Editing တွေအတွက် လုံလောက်တာထက် ပိုတဲ့စွမ်းဆောင်ရည်ရှိနေဦးမှာပါ။

M1 iPad Pro 2021 ကတော့ လက်ရှိ Mac ကွန်ပျူတာတွေမှာပါ အသုံးပြုထားတဲ့ Apple M1 Chip ကြောင့် စွမ်းဆောင်ရည်အကောင်းဆုံး iPad ဖြစ်နေပါတယ်။ အဲ့ဒီအတွက် Photo ၊ Video Editing ကို အမြဲတမ်းဆောင်ရွက်နေရတဲ့ Professional တွေအတွက် ပိုပြီးသင့်တော်မှာပါ။ ဒါပေမယ့်လည်း iPad Air 4 ရော M1 iPad Pro ၂ မျိုးစလုံးက iPadOS ကိုပဲ အခြေခံထားမှာဖြစ်တဲ့အတွက် ကိုယ်အသုံးပြုချင်တဲ့ Software တွေက iPadOS မှာ ရှိဖို့တော့ လိုအပ်ပါတယ်။ 

Camera 

Apple iPad Air 4 မှာ Single 12MP Back Camera ပဲပါဝင်တာဖြစ်ပေမယ့် M1 iPad Pro မှာတော့ 12MP Wide Camera အပြင် 10MP Ultrawide Camera ကိုပါ တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ AR ပိုင်းအတွက် iPad Pro မှာ LiDAR Sensor တွေကိုပါ အသုံးပြုပေးထားပါတယ်။ အဲ့ဒီအတွက် Camera ပိုင်းမှာတော့ M1 iPad Pro က iPad Air 4 ထက် သာလွန်နေတယ်ဆိုတာကို ငြင်းလို့မရပါဘူး။ ဒါပေမယ့် Tablet တွေမှာ Camera ကို သိပ်ပြီးမသုံးဖြစ်ဘူးဆိုရင်တော့ iPad Air 4 ကလည်း အဆင်ပြေတဲ့အဆင့်မှာရှိပါသေးတယ်။ 

ဒါပေမယ့် ကိုယ်က Video Conferencing တွေကို အမြဲတမ်းလိုလို ပြောနေဖြစ်တယ်ဆိုရင်တော့ M1 iPad Pro ရဲ့ 12MP Ultra Wide FaceTime Camera က iPad Air 4 ရဲ့ 7MP Wide FaceTime Camera ထက် အသုံးဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ M1 iPad Pro မှာ စကားပြောနေတဲ့သူရဲ့ မျက်နှာကို ဘယ်နေရာပဲရောက်ရောက် အလယ်တည့်တည့်ကိုပြန်ထားပေးနိုင်တဲ့ Center Stage လိုမျိုး Feature တွေလည်းပါဝင်မှာပါ။ 

Security 

Apple iPad Air 4 ဟာ iPad တွေထဲမှာ ပထမဆုံးအနေနဲ့ Side Button မှာ Touch ID Fingerprint Sensor ကို တပ်ဆင်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင် iPad Air တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် Login ပြုလုပ်ရတာ ပိုပြီး မြန်ဆန်လုံခြုံလာမှာပါ။ M1 iPad Pro မှာတော့ Face ID စနစ်ကိုပဲ အသုံးပြုထားပြီး ပုံမှန်အားဖြင့် Touch ID ထက်တောင် ပိုပြီး မြန်ဆန်လုံခြုံတယ်ဆိုပေမယ့် Mask တပ်ဆင်ထားတဲ့အချိန်မှာ အသုံးပြုတာများရင်တော့ Touch ID က ပိုပြီးအဆင်ပြေမှာပါ။ အဲ့ဒီအတွက် ဒီ Security ပိုင်းမှာတော့ ကိုယ့်စိတ်ကြိုက်ပဲရွေးချယ်နိုင်ပါတယ်။ 

Audio 

iPad Air 4 ဟာ Dual Stereo Speaker Setup ပါဝင်မှာဖြစ်ပြီး ပုံမှန် Tablet တစ်လုံးအနေနဲ့ ကောင်းမွန်တဲ့အသံထွက်ကို ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့် M1 iPad Pro မှာတော့ 4-Speakers Audio ကြောင့် ရုပ်ရှင်တွေ၊ သီချင်းတွေက သိသိသာသာအသံထွက် ပိုကောင်းမှာဖြစ်ပါတယ်။ Microphone ပိုင်းမှာလည်း M1 iPad Pro မှာ Studio Quality Recording တွေအထိ အသံဖမ်းယူနိုင်တဲ့ Five-microphone Array ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကိုယ်က Audio Quality ကို အလေးထားတယ်ဆိုရင် M1 iPad Pro က သိသိသာသာကို ပိုကောင်းမွန်မှာဖြစ်ပါတယ်။ 

Accessories 

ဒီနေရာမှာတော့ iPad Air 4 နဲ့ M1 iPad Pro ၂ မျိုးစလုံးမှာ Apple Pencil (2nd Gen) နဲ့ Magic Keyboard တွေကို Support ပေးထားမှာဖြစ်ပါတယ်။ Port အနေနဲ့လည်း USB-C ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် M1 iPad Pro မှာတော့ Thunderbolt နဲ့ USB 4 ကိုပါ Support ပေးနိုင်တဲ့အတွက် Data Transfer Speed တွေပိုပြီး မြန်ဆန်မှာဖြစ်ပါတယ်။ တကယ်လို့ Thunderbolt ကို အသုံးမပြုဘူးဆိုရင်တော့ ဒီ iPad Air 4 နဲ့ M1 iPad Pro ၂ မျိုးစလုံးက ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။ 

Others

iPad Air 4 ဟာ Memory နဲ့ Storage ပိုင်းမှာလည်း M1 iPad Pro ထက် အားနည်းပြီးတော့ Storage ပိုင်းမှာဆိုရင် အများဆုံး 256GB အထိပဲ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ တဖက်မှာတော့ M1 iPad Pro ဟာ 16GB Memory အပြင် 2TB Storage အထိရွေးချယ်နိုင်မှာပါ။ Network ပိုင်းမှာလည်း iPad Air 4 ဟာ 4G LTE ကိုပဲ Support ပေးနိုင်မှာဖြစ်ပြီး M1 iPad Pro ကတော့ 5G ကိုပါ Support ပေးနိုင်မှာဖြစ်ပါတယ်။ 

ဒါကတော့ လက်ရှိဝယ်ယူရရှိနိုင်တဲ့ iPad Air 4 နဲ့ M1 iPad Pro တွေကို နှိုင်းယှဥ်ပေးထားတာဖြစ်ပါတယ်။ စျေးနှုန်းအရလည်း ကွာဟချက်များပြားတဲ့အတွက် ပုံမှန် Web Browsing ပြုလုပ်ဖို့၊ ပေါ့ပေါ့ပါးပါးအသုံးပြုချင်တဲ့သူတွေအတွက်ကတော့ iPad Air 4 က စျေးနဲ့ထိုက်တန်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြန်လည်ရရှိမှာသေချာပါတယ်။ M1 iPad Pro ကတော့ အကောင်းဆုံးကိုမှ လိုချင်တဲ့သူတွေ၊ Display အကောင်းဆုံး၊ Audio ပိုင်းအကောင်းဆုံးဖြစ်ဖို့လိုအပ်တဲ့ Professional တွေအတွက် စိတ်ကြိုက်ဖြစ်စေဦးမှာပါ။

Previous article Apple TV နဲ့ ဘာတွေသုံးနိုင်မလဲ? ဘယ်သူတွေအတွက်ဝယ်ထားသင့်လဲ?
Next article ကိုယ့်အတွက် အသင့်တော်ဆုံး Mac က ဘာဖြစ်မလဲ?