Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
စျေးအများကြီးမသုံးဘဲ iPhone အသစ်ဝယ်ချင်တဲ့သူတွေအတွက် အကောင်းဆုံး iPhone 

စျေးအများကြီးမသုံးဘဲ iPhone အသစ်ဝယ်ချင်တဲ့သူတွေအတွက် အကောင်းဆုံး iPhone 

စမတ်ဖုန်းအသစ်လည်း လဲချင်တယ်၊ စျေးအများကြီးလည်းမသုံးချင်၊ ရေရှည်လည်း ကိုင်ဖို့အထိ ရည်ရွယ်ထားတဲ့သူတွေရှိကြမှာပါ။ အခုအချိန်မှာတော့ iSure ဆီမှာ ဒီလိုမျိုးသူတွေအတွက် အကောင်းဆုံးရွေးချယ်စရာ ဖုန်းတစ်လုံးရှိနေပါတယ်၊ ဒါကတော့ စျေးကွက်ထဲမှာ နာမည်ရရှိပြီးသားဖြစ်တဲ့ iPhone 11 ပဲဖြစ်ပါတယ်။ iPhone 11 ကို ဘာကြောင့်ညွှန်းပေးရသလဲဆိုရင်တော့ အခုအချိန်မှာ စျေးကွက်ထဲကို ပြန်လည်ဝင်ရောက်လာတာကြောင့်ဖြစ်သလို စျေးနှုန်းကလည်း ယခင်ထက်အများကြီးကျဆင်းသွားပြီး ငွေကျပ် ၁၂ သိန်းဝန်းကျင်နဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမျိုး တခြား ဒေါ်လာလိုမျိုး ငွေကြေးတန်ဖိုးတွေတက်နေတဲ့အချိန်မှာ iPhone 11 ဟာ စျေးနှုန်းအရ အကောင်းဆုံးရွေးချယ်သင့်တဲ့ iPhone တစ်လုံးလည်းဖြစ်လာပါတယ်။ 

iPhone 11 အကြောင်းကို အနည်းငယ်ပြန်ပြောရမယ်ဆိုရင် 6.1” Liquid Retina Display ကို အသုံးပြုထားပြီး နောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 လိုမျိုး OLED Display မဟုတ်ပေမယ့် ပုံမှန်အသုံးပြုသူတွေအတွက်ကတော့ လုံလောက်တာထက် ပိုတဲ့ Viewing Experience ကို ရရှိစေမှာဖြစ်ပါတယ်။ အမြင့်ဆုံး 625Nits Brightness နဲ့ Apple ရဲ့ True Tone လိုမျိုး နည်းပညာတွေပါဝင်သလို OLED Display မဟုတ်တဲ့အတွက် နောက်ပိုင်းမှာ Burn-in ပြဿနာဖြစ်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။ 

Performance အနေနဲ့ကတော့ A13 Bionic Chip ကို အသုံးပြုထားပြီး လက်ရှိမှာ အကောင်းဆုံးစွမ်းဆောင်ရည်တစ်ခုကို ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။ A13 Bionic Chip ဟာ ထွက်ရှိချိန်တုန်းက တခြားသော Android Flagship ဖုန်းတွေကို နောက်ကောက်ချနိုင်ခဲ့သလို အခုထိလည်း တကယ်ကို ဘာအတွက်ပဲသုံးသုံး အကောင်းဆုံးဖြစ်နေဦးမှာပါ။ Apple ကလည်း iOS Update အသစ်တွေမှာ iPhone တွေကို Performance ပိုင်း Improve လုပ်လာပေးတဲ့အတွက် iPhone 11 ကို ရွေးလိုက်လို့ စွမ်းဆောင်ရည်ပိုင်းမှာတော့ လုံးဝအားနည်းတယ်လို့ ခံစားရမှာမဟုတ်ပါဘူး။ 

နောက်ထပ် iPhone 11 ကို အသုံးပြုသင့်တဲ့အချက်တစ်ခုရှိပါသေးတယ်၊ ဒါကတော့ Design ပိုင်းပဲဖြစ်ပါတယ်။ Apple ဟာ iPhone 12 Series ကို လေးထောင့်ဆန်ဆန် Design နဲ့ ပြန်လည်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါက တကယ်လို့ သင်က ဖုန်းကို Cover မတပ်ဘဲသုံးချင်တဲ့သူဆိုရင် လက်ထဲမှာ ကိုင်ထားရတာ အနည်းငယ်ကျင့်သားရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် iPhone 11 မှာတော့ Rounded Edge တွေကို အသုံးပြုထားတာကြောင့် တကယ်လို့ ဖုန်း Cover တွေတပ်ရတာ ငြီးငွေ့လာပြီး Cover ချွတ်ကိုင်မယ်ဆိုရင်လည်း လက်ထဲမှာ သက်တောင့်သက်သာနဲ့ မြဲနေအောင် ကိုင်ထားနိုင်မှာဖြစ်ပါတယ်။ 

Camera ပိုင်းကို ကြည့်မယ်ဆိုရင်လည်း iPhone 11 မှာ 12MP Primary Wide Angle Camera နဲ့ 12MP Ultrawide Camera တွေပါဝင်ပြီး ပုံမှန်အခြေအနေမှာ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 အတိုင်းပဲ ဆင်တူတဲ့ အရည်အသွေးမြင့်ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Night Mode ၊ Deep Fusion နဲ့ Portrait Mode တွေကိုလည်း Support ပေးထားပြီး Video ပိုင်းမှာလည်း 4K 60fps အထိ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Selfie TrueDepth Camera ကလည်း 12MP Camera ကိုပဲ အသုံးပြုထားတာကြောင့် လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 နဲ့အတူတူနီးပါးဖြစ်နေမှာပါ။ 

နောက်ထပ် iPhone 11 က အားသာတဲ့အချက်ကတော့ Battery Life ပဲဖြစ်ပြီး အခုနောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 ၊ iPhone 12 Pro လိုမျိုး ဖုန်းတွေထက်တောင် iPhone 11 က ပိုပြီးအားခံမှာဖြစ်ပါတယ်။ ဒါကလည်း Apple ဟာ iPhone 12 Series တွေကို ပိုပြီးပါးလွှာဖို့အတွက် Battery Capacity ကို အနည်းငယ်လျော့ချလိုက်တာကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နေကုန် အားပြန်မသွင်းဘဲ အသုံးပြုဖို့ အကောင်းဆုံး iPhone ကို လိုက်ရှာနေတယ်ဆိုရင် iPhone 11 က အခုအချိန်အထိ ရွေးချယ်သင့်နေတုန်းပဲဖြစ်ပါတယ်။ 

နောက်ဆုံး Apple iPhone 12 Series မှာ 5G Support ပါဝင်တယ်ဆိုပေမယ့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ 5G Support မရရှိသေးတဲ့အတွက် iPhone 11 နဲ့ ကွာခြားမှုရှိဦးမှာမဟုတ်ပါဘူး။

  အဲ့ဒီအတွက် လက်ရှိအချိန်မှာ ကိုယ့်လက်ထဲမှာရှိနေတဲ့ ငွေသားကိုလည်း ချွေတာချင်တယ်၊​ iPhone အသစ်ကိုလည်း ဝယ်ဖို့စဥ်းစားနေတယ်ဆိုရင် iSure မှာ အခုပဲ iPhone 11 ကို နှစ်သက်ရာအရောင် လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါပြီ။ iSure Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူလိုက်တာနဲ့ အိမ်အရောက် Free Delivery ရရှိမှာဖြစ်ပြီး နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

 

Previous article လက်တွေ့အသုံးဝင်မယ့် macOS Monterey ရဲ့ အကောင်းဆုံး Feature အသစ်တွေ
Next article ကိုယ့်အတွက်အဆင်ပြေဆုံး iPad က ဘာဖြစ်မလဲ