Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Apple Product တွေအတွက် အကောင်းဆုံး Premium Charging Accessories များ

Apple Product တွေအတွက် အကောင်းဆုံး Premium Charging Accessories များ

Apple Device တွေကို အသုံးပြုနေတယ်ဆိုရင် ကျိန်းသေတာက သင်ဟာ Quality ကောင်းပြီး Premium ဆန်တဲ့ Product တွေကိုပဲ အသုံးပြုရတာ ကြိုက်နှစ်သက်တယ်ဆိုတာ ကျိန်းသေပါတယ်။ ဒီလိုမျိုး Premium Apple Product တွေကိုတောင်မှ အသုံးပြုနေပြီးတော့ တွဲဖက်အသုံးပြုနေတဲ့ Accessories တွေကလည်း လိုက်ဖက်ညီတဲ့အရည်အသွေးရှိဖို့ လိုအပ်ပါတယ်။ 

ဒီနေရာမှာ iPhone အတွက် Phone Case တွေ၊ အလှတပ်ဆင်ရတဲ့ Accessories တွေထက် ကိုယ့် Product နဲ့ ချိတ်ဆက်အသုံးပြုရတဲ့ Charger တွေ၊ Charging Cable တွေက အရေးကြီးပါတယ်။​ ဒီလိုမျိုးပစ္စည်းတွေကို အရည်အသွေးမကောင်းတဲ့ အပေါစားပစ္စည်းတွေအသုံးပြုမိတယ်ဆိုရင် ကိုယ့်ရဲ့ iPhone ၊ iPad ၊ MacBook လိုမျိုး Apple Product တွေကိုပါ ထိခိုက်နိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ 

အဲ့ဒါကြောင့် iSure ကနေ Apple Product တွေကို အသုံးပြုနေတယ်၊ Quality ကောင်းမွန်တဲ့ Premium Charger တွေ၊ Charging Accessories တွေကို တစ်နေရာထဲမှာ ရှာဖွေဝယ်ယူနိုင်အောင် “Keep It At 100%” နာမည်နဲ့ Collection List လေးပြုလုပ်ပေးထားပါတယ်။ အဆိုပါ Collection List ကိုတော့ ယခု Website Link မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

အဆိုပါ “Keep It At 100%” Collection ထဲက Recommend ပေးချင်တဲ့ Product အချို့ကိုလည်း အသေးစိတ်ဖော်ပြပေးလိုက်ပါတယ်။ 

Aukey Omnia Mix 65W Charger (PA-B3) 

Aukey ရဲ့ Omnia Mix 65W Charger ကတော့ Apple iPhone တွေအပြင် MacBook လိုမျိုး USB C Charging Laptop တွေအတွက်ပါ အသုံးပြုဖို့အတွက် အသင့်တော်ဆုံး Charger တစ်ခုဖြစ်ပါတယ်။ Aukey ရဲ့ ကိုယ်ပိုင် Omnia GaN Chip ကို အသုံးပြုထားတာကြောင့် အရွယ်အစားအလွန်သေးငယ်ပြီး Apple ရဲ့ Original 65W Charger ထက်တောင် ထက်ဝက်သေးငယ်မှာဖြစ်ပါတယ်။ 

Port တွေအနေနဲ့လည်း USB-C Port ကိုအသုံးပြုမယ်ဆိုရင် 65W အထိရရှိနိုင်မှာဖြစ်ပြီး USB-A Port လည်းပါဝင်တာကြောင့် Dual Port ၂ ခုအပြိုင်အားသွင်းမယ်ဆိုရင် USB-C ကနေ 45W ထွက်ရှိမှာဖြစ်ပြီး USB A Port ကနေလည်း 15W နဲ့ စမတ်ဖုန်းတွေ၊ တခြား Accessoires တွေကို အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ 

Belkin BOOST CHARGE PRO 3-in-1 Wireless Charger with MagSafe

Apple iPhone 12 Series ကိုလည်း အသုံးပြုနေတယ်၊​ Original MagSafe Charger ကိုလည်း အသုံးမပြုချင်ဘူးဆိုရင် ဒီ Belkin ရဲ့ BOOST CHARGE PRO Series 3-in-1 Wireless Charger ကို ညွှန်းပေးရမှာဖြစ်ပါတယ်။ နာမည်ကြီး Belkin Brand ကနေ ထုတ်လုပ်တာဖြစ်တာကြောင့် Quality ပိုင်းမှာ ပြောနေစရာမလိုအောင် ကောင်းမွန်မှာဖြစ်ပြီး Design ပိုင်းကလည်း မြင်လိုက်တာနဲ့ Premium ဆန်နေမှာပါ။​

MagSafe Wireless Charger ဖြစ်တာကြောင့် Apple Original MagSafe Charger ကို အသုံးပြုနေရတဲ့အတိုင်း 15W Fast Wireless Charging နဲ့ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 3-in-1 Wireless Charger ဖြစ်တာကြောင့် iPhone 12 Series ကို Floating Design နဲ့အားသွင်းနေရင်း Apple Watch ကို အားသွင်းဖို့ Magnetic Charging Pad နဲ့ AirPods တွေကိုပါ အားသွင်းပေးနိုင်တဲ့ Qi Wireless Charging Pad လည်းပါဝင်မှာဖြစ်ပါတယ်။ 

Aukey PB-N74S Basix Plus 22.5W PD QC 3.0 20000mAh Power Bank

ဒီ Power Bank ကတော့ Apple Product တွေတင်မဟုတ်ဘဲ​ တခြားသော စမတ်ဖုန်းတွေကို အသုံးပြုနေတဲ့သူတွေအတွက် ဆောင်ထားသင့်တဲ့ Power Bank ပဲဖြစ်ပါတယ်။ Battery Capacity အနေနဲ့ 20000mAh ပါဝင်နေသလို iPhone 12 Series ဖုန်းတွေအတွက် 18W Power Delivery ကိုထောက်ပံ့ပေးနိုင်တာကြောင့် 0-60% ကို မိနစ် ၃၀ အတွင်းအားသွင်းနိုင်မှာဖြစ်ပါတယ်။ 

iPhone မဟုတ်ဘဲ​ Huawei Device တွေကို အသုံးပြုနေတယ်ဆိုရင်လည်း 22.5W အထိ Support ပေးနိုင်တဲ့ Huawei Supercharge Protocol (SCP) ကို ထောက်ပံ့ပေးထားသလို SuperCharge USB-C Cable ကိုပဲ​ထည့်သွင်းပေးထားပါတယ်​။ 

နောက်ထပ် ဒီ Aukey PB-N74S Power Bank ရဲ့ အဓိကအားသာချက်ကတော့ ပြန်လည်အားသွင်းတဲ့အချိန်မှာ USB-C Cable တင်မဟုတ်ဘဲ Micro USB သို့မဟုတ် Lightning Cable တွေကိုပါ အသုံးပြုပြီး 3-in-1 အနေနဲ့ အားသွင်းနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် Power Bank ကိုပြန်လည်အားသွင်းဖို့အတွက် USB-C Cable နဲ့ Charger ရှိဖို့မလိုအပ်ဘဲ ကိုယ့်မှာရှိတဲ့ Charging Cable နဲ့ ပြန်လည်အားသွင်းနိုင်မှာဖြစ်ပါတယ်။​ တစ်ခုရှိတာကတော့ USB-C ကနေမှ 18W နှင့်အထက် Power Delivery Charger ကိုအသုံးပြုမယ်ဆိုရင်တော့ Power Bank ကို 0-100% ပြည့်အောင် အားသွင်းဖို့အတွက် အချိန် ၆ နာရီမှ ၇ နာရီအတွင်းအားသွင်းနိုင်မှာပါ။ 

Belkin BOOST CHARGE 15W Wireless Charging Stand + QC 3.0 24W Wall Charger

တကယ်လို့ MagSafe ပါဝင်တဲ့ iPhone 12 Series ကိုအသုံးပြုမနေဘူးဆိုရင် တခြားသော iPhone တွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Wireless Charging Stand လေးကလည်း ရှိထားသင့်ပါတယ်။​ Wireless Charging Stand တွေအမျိုးစုံရှိပေမယ့် iPhone နဲ့ အလိုက်ဖက်ဆုံးဖြစ်စေမယ့် Premium Wireless Charging Stand ကို ရှာဖွေနေတယ်ဆိုရင်တော့ နာမည်ကြီး Belkin Brand ကနေ ထုတ်လုပ်ပေးထားတဲ့ BOOST CHARGE Series 15W Wireless Charging Stand + 24W QC 3.0 Wall Charger ကို ညွှန်းပေးချင်ပါတယ်။ 

Belkin BOOST CHARGE 15W Wireless Charging Stand ဟာဆိုရင် Dual Coll Design ကိုအသုံးပြုထားတာကြောင့် ဖုန်းကို ပုံမှန် Portrait Mode မှာတင်မဟုတ်ဘဲ​ Landscape Mode မှာပါ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ Charging Speed ကိုလည်း ဖုန်းအမျိုးအစားပေါ်မှုတည်ပြီး 15W အထိ အားသွင်းနိုင်သလို 24W QC 3.0 Wall Charger ပါဝင်ပြီးဖြစ်တာကြောင့် Charger ကို သီးခြားဝယ်ယူနေစရာလည်း လိုအပ်မှာမဟုတ်ပါဘူး။ ဖုန်း Case တွေနဲ့တွဲဖက်အသုံးပြုမယ်ဆိုရင်လည်း Case အထူ 3mm အထိကို Support ပြုလုပ်ထားပါတယ်။ 

အခုပြောသွားတဲ့ Product အချို့ကတော့ iSure ကနေ Premium Apple Product တွေကို အသုံးပြုနေတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးဖြစ်မယ့် Charging Accessories တွေပဲဖြစ်ပါတယ်။​ တခြား Product တွေအကုန်လုံးကိုတော့ iSure ရဲ့ “Keep It At 100%” Collection Page ကို ဝင်ရောက်ပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။​

Previous article အလန်းစား Siri Remote အပြင် Apple TV 4K (2021) က ဘာတွေထူးခြားသွားလဲ
Next article Sit-Stand Desk နဲ့ အလုပ်လုပ်တာက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရရှိနိုင်မလဲ