Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Multi Device သုံးနေရတဲ့သူတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Logitech K480 Keyboard

Multi Device သုံးနေရတဲ့သူတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Logitech K480 Keyboard

အခုအချိန်ဟာ အိမ်မှာပဲနေပြီး အလုပ်ပြန်လုပ်သင့်တဲ့အချိန်တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒီလိုမျိုး အိမ်မှာပဲ အလုပ်လုပ်နေရတာကြောင့် ကိုယ့်ဆီမှာ ကွန်ပျူတာတင်မဟုတ်ဘဲ တခြားသော iPad တွေ၊ စမတ်ဖုန်းတွေကိုပါ ပိုပြီးအသုံးပြုမိနေမှာ သေချာပါတယ်။ 

အဲ့ဒီအတွက် အိမ်မှာလည်း နေပြီးအလုပ်လုပ်နေရတဲ့သူတွေအတွက် ပိုပြီး Productive ဖြစ်နိုင်တဲ့ Accessory လေးတစ်ခုကို Recommend ပေးချင်ပါတယ်။ ဒါကတော့ နာမည်ကြီး Logitech Brand ကနေ ထုတ်လုပ်ထားတဲ့ K480 Bluetooth Keyboard လေးပဲဖြစ်ပါတယ်။

ဘာကြောင့် ဒီ Logitech K480 Bluetooth Keyboard ကို ညွှန်းပေးရတာလဲဆိုရင် အဓိကကတော့ Device ၃ ခုအထိ Multiple Device ချိတ်ဆက်ပြီး အသုံးပြုနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ Device အချင်းချင်းပြောင်းလဲဖို့အတွက်ကလည်း Setting ထဲ ဝင်ရောက်ပြောင်းလဲနေဖို့မလိုအပ်ဘဲ ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ Dial Wheel ကို စတိုင်လ်ကျကျလှည့်လိုက်ရုံနဲ့ ပြောင်းလဲနိုင်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကိုယ်ချိတ်ဆက်တဲ့ ကွန်ပျူတာက Windows လား၊ Mac လားအပေါ်မှုတည်ပြီး Command Keys တွေကိုလည်း လိုက်ပြီး ပြောင်းလဲပေးနိုင်ပါသေးတယ်။ 

ဒီလိုမျိုး Multiple Device ချိတ်ဆက်နိုင်တာက Logitech K480 ရဲ့ အဓိကအားသာချက်ဖြစ်နေပေမယ့် တစ်ခုတည်းသောအားသာချက်မဟုတ်ပါဘူး။ ကွန်ပျူတာကနေ ဖုန်း ဒါမှမဟုတ် iPad မှာပြောင်းလဲပြီး စာရိုက်ချင်တယ်၊ Stand ပေါ်လည်း တင်ထားလို့မလွယ်တဲ့သူတွေအတွက် K480 Keyboard မှာ ဖုန်းနဲ့ Tablet ထားနိုင်တဲ့ အံခွက်လေးတစ်ခုလည်းပါဝင်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်း၊ iPad ကို ကောက်ကိုင်ပြီး စာရိုက်နေဖို့မလိုဘဲ ကွန်ပျူတာကနေ Dial လေးလှည့်၊ Device ပြောင်းချိတ်ပြီး Logitech K480 Keyboard ကနေပဲ သက်တောင့်သက်သာနဲ့ စာရိုက်အသုံးပြုနိုင်မှာပါ။ 

နောက်ထပ်အားသာချက်ကတော့ Logitech K480 ရဲ့ Design ပဲဖြစ်ပြီး အလွန် Compact ဖြစ်သလို Minimalist Design ကြောင့် လုံးဝကို ရိုးရှင်းပြီး လှပနေမှာပါ။ Compact ဖြစ်တဲ့အတွက် Mouse အတွက် နေရာပိုယူထားနိုင်သလို လက်ကနေ စာရိုက်တဲ့အချိန်မှာလည်း ပိုပြီး ကိုယ်ခန္ဒာအနေအထားကို မှန်ကန်စေမှာဖြစ်ပါတယ်။ Keys တွေကို ရိုက်တဲ့အချိန်မှာလည်း မှားရိုက်မိတာမျိုးမရှိရအောင် အဝိုင်းပုံစံလေးပြုလုပ်ထားတဲ့အတွက် တခြား Laptop Keyboard တွေနဲ့ယှဥ်ရင် ပိုပြီးမြန်ဆန်တဲ့ Typing Speed ကိုရရှိစေဦးမှာပါ။ 

Logitech K480 Keyboard ဟာ အရည်အသွေးကောင်းမွန်တဲ့ Material တွေကိုပဲ အသုံးပြုထားသလို လက်ရှိ Keyboard နဲ့ Mouse ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာလည်း ထိပ်တန်းအဆင့်မှာရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Logitech K480 ဟာ သာမန်ရေဖိတ်စင်တာတွေကို ကာကွယ်ပေးထားနိုင်သလို Battery Life ကလည်း အများဆုံး ၂၄ လအထိ အသုံးပြုနိုင်တဲ့အတွက် Battery အားကုန်မှာ၊ အားပြန်သွင်းနေရမှာကို လုံးဝစိတ်ပူစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး အလွန်မြင့်မားတဲ့ Battery Life ကို ရရှိဖို့အတွက်ကလည်း On/Off Switch အပြင် Logitech ရဲ့ ကိုယ်ပိုင် Power Saving နည်းပညာကို ထည့်သွင်းပေးထားပါတယ်။ 

အခုဆိုရင် Logitech K480 Bluetooth Keyboard အကြောင်းကို အပြည့်အစုံသိသွားလောက်ပါပြီ။ Support ပြုလုပ်တဲ့ Operating System တွေကလည်း Windows ၊ macOS ၊ Chrome OS ၊ Android ၊ iOS နဲ့ iPadOS အကုန်လုံးပါဝင်တာဆိုတော့ ကိုယ်က ဘယ် Device နဲ့ပဲသုံးသုံး၊ Feature အကုန်လုံးကို အသုံးချနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကလည်း ပေါ့ပါးပြီး Compact ဖြစ်တဲ့အတွက် တကယ်လို့ အပြင်ကို သယ်သွားမယ်ဆိုရင်တောင် အလွယ်တကူသယ်ဆောင်သွားနိုင်မှာပါ။ 

ဘာပဲဖြစ်ဖြစ် အိမ်မှာ Desktop PC ပဲဖြစ်ဖြစ် MacBook လိုမျိုး Laptop နဲ့အလုပ်လုပ်တယ်ဆိုရင်တောင် ကိုယ့်မျက်လုံးထိခိုက်မှုကို သက်သာစေဖို့အတွက် Laptop Stand ပေါ်တင်ပြီး အလုပ်လုပ်သင့်တဲ့အတွက် ဒီလိုမျိုး Bluetooth Keyboard တစ်ခုက ကျိန်းသေဆောင်ထားသင့်ပါတယ်။ အဲ့ဒါကိုမှ စတိုင်လ်လည်းကျ၊ Multiple Device ကိုလည်း အကောင်းဆုံး Support ပေးထားတဲ့ Logitech K480 လိုမျိုး Keyboard ဆိုရင် လုံးဝကို ပိုပြီး Productive ဖြစ်မှာ အသေအချာပါပဲ။ 

အခုလိုမျိုး Logitech K480 Keyboard အပါအဝင် တခြား Device တွေကို ဝယ်ယူချင်တယ်ဆိုရင် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

 

Previous article 2021 မှာ iPad မဝယ်ခင် သိထားသင့်တဲ့ အချက်တွေ
Next article MacBook နဲ့ iPhone အသုံးပြုနေတဲ့သူတွေအတွက် All-in-One Charger လေးတစ်ခု