Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
M1 Chip ၊ 5G ၊ mini-LED Display နည်းပညာတွေနဲ့ iPad Pro (2021) အသစ်က ဘာတွေထူးခြားနေလဲ

M1 Chip ၊ 5G ၊ mini-LED Display နည်းပညာတွေနဲ့ iPad Pro (2021) အသစ်က ဘာတွေထူးခြားနေလဲ

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ iPad Pro (2021) အသစ်တွေက iSure မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Apple ကနေ iPad Pro ကို တကယ့် “Pro” ဆိုတဲ့အတိုင်း ထပ်ပြီး Standard တစ်ခုဖြစ်လာအောင် အဆင့်မြှင့်တင်မှုတွေလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ iPad Pro (2021) အသစ်တွေက 11” နဲ့ 12.9” ဆိုပြီး အရွယ်အစား ၂ မျိုးထွက်ရှိထားပြီး ဘာတွေထူးခြားနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 

iPad Pro 11” (2021)

အရင်ဆုံး iPad Pro 11” (2021) မှာ အဓိကပြောင်းလဲသွားတဲ့အချက်ကတော့ Processor ကို ယခင် A12Z Bionic Chip ကနေ M1 Chip ကို အဆင့်မြှင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ မနှစ်တုန်းက M1 MacBook Air နဲ့ M1 MacBook Pro တွေမှာ အသုံးပြုထားတဲ့ Chip ဖြစ်ပြီး ပထမဆုံးအနေနဲ့ MacBook တွေမှာ အသုံးပြုတဲ့ Processor ကို iPad Pro မှာ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ M1 Chip ရဲ့ Performance ကတော့ ပြီးခဲ့တဲ့ M1 MacBook တွေမှာထဲက Laptop တွေအကုန်လုံးနီးပါးကို နောက်ကောက်ချထားနိုင်ခဲ့တဲ့အတွက် iPad Pro (2021) ကလည်း စွမ်းဆောင်ရည်ပိုင်း အကြမ်းစားဖြစ်နေမယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ 

ပြီးခဲ့တဲ့ iPad Pro (2020) Model တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင်တော့ M1 Chip အသုံးပြုထားတဲ့ iPad Pro (2021) Model တွေက CPU ပိုင်းမှာ ၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပြီး M1 Chip မှာပါဝင်တဲ့ 8-Core GPU ကလည်း ယခင်ထက် ၄၀ ရာခိုင်နှုန်းပိုမို မြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Next-gen 16-Core Apple Neural Engine ၊ High-bandwidth Memory Architecture နည်းပညာတွေနဲ့ ယခင်ထက် ၂ ဆ ပိုမြန်ဆန်တဲ့ Storage တွေကို ပေါင်းစပ်လိုက်တဲ့အချိန်မှာ iPad Pro (2021) Model တွေက စွမ်းဆောင်ရည်ပိုင်းအတွက် အကောင်းဆုံးဖြစ်နေမှာပါ။ 

Apple က iPad Pro 11” (2021) မှာ Selfie Camera ကို 12MP TrueDepth Sensor ကို အဆင့်မြှင့်တင်ထားပြီး 122-degree Field of View Wide Angle ဖြစ်တဲ့အတွက် Video Call ပြောဆိုနေတဲ့အချိန်မှာ စကားပြောဆိုနေတဲ့သူကို Tracking လိုက်နိုင်တဲ့ Center Stage Feature လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါက အခုလိုမျိုး Video Conferencing ပြုလုပ်ရတဲ့အချိန်မှာ တကယ်ကို အသုံးဝင်စေမယ့် Feature ဖြစ်လာမှာပါ။ နောက်ကျောဘက် LiDAR Sensor ကိုလည်း Improve ပြုလုပ်ခဲ့ပြီး အလင်းရောင်နည်းပါးတဲ့အချိန်တွေမှာ Focus ပြုလုပ်တာ ပိုပြီးမြန်ဆန်စေမှာဖြစ်ပါတယ်။ 

နောက်ထပ် iPad Pro (2021) မှာ ပါဝင်လာတဲ့ Feature ကတော့ Creator တွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။ ဒါက USB 4 နဲ့ Thunderbolt ကို iPad Pro မှာ ပထမဆုံးအနေနဲ့ Support ပြုလုပ်လာတာဖြစ်ပါတယ်။ ဒီလို Thunderbolt ပါဝင်လာတဲ့အတွက် iPad Pro ကို External Storage တွေ၊ External Display တွေနဲ့ ချိတ်ဆက်တဲ့အချိန်မှာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပြီး 10Gpbs Ethernet သို့မဟုတ် 40Gbps Bandwidth အထိကို Support ရရှိလာပြီဖြစ်ပါတယ်။ 


နောက်ဆုံး iPad Pro (2021) မှာပါဝင်လာတဲ့ Feature တွေကတော့ 5G Support ရရှိလာတာဖြစ်ပြီး Storage Option ကိုလည်း အမြင့်ဆုံး 2TB အထိရရှိနိုင်မှာဖြစ်ပါတယ်။ 1TB Storage နဲ့အထက် Model တွေမှာ RAM 16GB ပါဝင်မှာဖြစ်ပြီး 1TB Storage နဲ့အောက် Model တွေမှာတော့ 8GB RAM ထည့်သွင်းထားပါတယ်။ 

iPad Pro 12.9” (2021) 

iPad Pro 12.9” (2021) မှာတော့ iPad Pro 11” (2021) မှာပါဝင်တဲ့ M1 Chip ၊ 12MP Selfie Camera ၊ USB 4 ၊ Thunderbolt Support တွေလည်း ထပ်တူပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် iPad Pro 12.9” (2021) ကို ပိုပြီးရွေးချယ်သင့်တဲ့ အရေးကြီးတဲ့အချက်တစ်ခုရှိနေပါတယ်။ 

ဒါကတော့ Display ပဲဖြစ်ပြီး Apple Device တွေထဲမှာ ပထမဆုံးအနေနဲ့ mini-LED နည်းပညာအသုံးပြုထားတဲ့ Liquid Retina XDR Display ကို iPad Pro 12.9” (2021) Model မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPad Pro 12.9” (2021) ရဲ့ Display မှာ LED ပေါင်း ၁၀,၀၀၀ ကျော်ပါဝင်မှာဖြစ်ပြီး လက်ရှိမှာ ပြိုင်ဘက်ကင်း 1 Million-to-1 Contrast Ratio ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Brightness ပိုင်းမှာလည်း Full Screen Brightness ကို 1000 Nits အပြင် Peak Brightness က 1600 Nits အထိရောက်ရှိမှာဖြစ်တဲ့အတွက် iPad Pro တွေထဲက Display ပိုင်းအကောင်းဆုံးဖြစ်ပါတယ်။ 

ကျန်တဲ့ iPad Pro မှာပါဝင်နေကြ Display နည်းပညာတွေဖြစ်တဲ့ ProMotion ၊ True Tone ၊ P3 Wide Color Support ၊ HDR ၊ Dolby Vision တွေကိုလည်း ဆက်လက်ပြီး Support ပေးနိုင်မှာဖြစ်ပါတယ်။ iPad Pro 12.9” (2021) ရဲ့ Liquid Retina XDR Display ဟာ High Dynamic Range ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကြည့်ရှုတဲ့အချိန်မှာ လုံးဝကို တမူကွဲထွက်နေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ 

iPad Pro (2021) Model အသစ်တွေဟာ Design ပိုင်းအနေနဲ့ကတော့ iPad Pro 12.9” Version မှာ 5.9mm ကနေ 6.4mm အထူဖြစ်လာတာကလွဲပြီး ပြီးခဲ့တဲ့ iPad Pro (2020) Model တွေနဲ့ ဆင်တူမှာဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း 11” Version ရော၊ 12.9” Version ၂ မျိုးစလုံးက ၁၀ နာရီခန့်ဆက်တိုက်အသုံးပြုနိုင်မှာပါ။ အရောင်အနေနဲ့ Silver ၊ Space Gray ၂ မျိုးထွက်ရှိထားပြီး Magic Keyboard ကို အဖြုရောင်အနေနဲ့ပါ ရရှိနိုင်ပြီဖြစ်ပါတယ်။ 

Previous article Work from Home Lifestyle နဲ့ ရုံးတွေအတွက် အလိုက်ဖက်ဆုံးဖြစ်လာမယ့် iMac 24” (2021)
Next article အားသွင်းပေါက်ချောင်တဲ့ ပြဿနာလုံး၀မရှိဖို့ Magsafe Charger နဲ့အားသွင်းစို့