Skip to content
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
M1 MacBook Air နဲ့ M1 MacBook Pro ကို အရိုးရှင်းဆုံး နှိုင်းယှဥ်ကြည့်ခြင်း

M1 MacBook Air နဲ့ M1 MacBook Pro ကို အရိုးရှင်းဆုံး နှိုင်းယှဥ်ကြည့်ခြင်း

Apple ရဲ့ MacBook အသစ်တွေကို ဝယ်ယူချင်တယ်ဆိုရင် လောလောဆယ်မှာ Apple M1 Chip ကိုအသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro တွေက အဝယ်သင့်ဆုံးဖြစ်နေတာကတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ ဒါပေမယ့်လည်း တကယ်တမ်းဝယ်ယူမယ့်အချိန်မှာ ကိုယ်က MacBook Pro ပဲ ဝယ်ရမလား၊​ MacBook Air လောက်ဆိုရင် အဆင်ပြေပြီလားဆိုတာက အမြဲလိုလို တွေဝေမိတာမျိုးရှိကြမှာပါ။ 

အဲ့ဒီအတွက် အခု Article မှာတော့ Apple M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro တွေက ဘာတွေအဓိကကွာခြားသလဲ၊ ဘယ်သူတွေအနေနဲ့ ဘယ်လိုမျိုး MacBook ကို ရွေးချယ်သင့်သလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ 

MacBook Air နဲ့ Pro ဟာ တူညီတဲ့အချက်တွေလည်း များပြားပြီးတော့ ဒါက တူညီတဲ့ Apple M1 Chip ကို အသုံးပြုထားတဲ့အတွက် CPU ၊ GPU ပိုင်း၊​ Ports ၊ FaceTime Camera တွေက ဆင်တူနေမှာဖြစ်ပါတယ်။ ဒါပေမယ့် ကွာခြားတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ 

Design

အရင်ဆုံး Design ပိုင်းကို ကြည့်မယ်ဆိုရင် MacBook Air ဟာ MacBook Pro ထက် အနည်းပိုပါးလွှဦပြီး အပါးဆုံးနေရာမှာဆိုရင် 4.1mm ပဲရှိမှာဖြစ်ပါတယ်။​ အလေးချိန်အနေနဲ့လည်း 1.29Kg ပဲရှိတဲ့အတွက် MacBook Pro ရဲ့ 1.4Kg ထက် ပိုပေါ့ပါးနေမှာပါ။ နောက်ထပ်တစ်ချက်ကတော့ အရောင်တွေအနေနဲ့ MacBook Air က ပိုပြီးရွေးချယ်နိုင်ပြီး Silver ၊ Space Gray အပြင် Gold Color ပါရရှိနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ MacBook Pro မှာ Silver နဲ့ Space Gray ၂ ရောင်ပဲ ရွေးချယ်နိုင်မှာပါ။ 

အဲ့ဒီအတွက် တကယ်လို့ ကိုယ်က ပေါ့ပါးပြီး Design ပိုလှပတာကိုပဲ​လိုချင်တယ်ဆိုရင်တော့ MacBook Air ဟာ ပိုပြီးကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်မှာပါ။ ဒါပေမယ့် MacBook Pro ရဲ့ Design ကလည်း ခန့်ထည်ပြီး အလုပ်လုပ်တဲ့အချိန်မှာ Impression ကောင်းကောင်းတစ်ခုကို ပေးစွမ်းနိုင်တဲ့အတွက် လူကြိုက်များနေကြတာဖြစ်ပါတယ်။ 

Display

နောက်ထပ် Display ပိုင်းအနေနဲ့ဆိုရင်တော့ MacBook Air နဲ့ MacBook Pro ၂ မျိုးစလုံးက 13.3” Display Size နဲ့ 2560x1600 Retina Display ကိုပဲ အသုံးပြုထားတာဖြစ်ပေမယ့် MacBook Pro မှာတော့ အနည်းငယ်အားသာချက်တွေရှိနေပါတယ်။

ဒါကတော့ Maximum Brightness ပိုင်းမှာ MacBook Air က 400Nit Brightness ပဲရှိနေတဲ့အချိန်မှာ MacBook Pro က 500Nit Brightness အထိရှိမှာဖြစ်ပါတယ်။ ဒီအားသာချက်က Maximum Brightness နဲ့ အသုံးပြုတတ်တဲ့သူတွေ၊ ရုပ်ရှင်ပိုကြည့်ဖြစ်တဲ့သူတွေအတွက်တော့ အဆင်ပြေမှာဖြစ်ပြီး ပုံမှန်အတိုင်းအလုပ်လုပ်တဲ့သူတွေအတွက်ကတော့ အတူတူပဲလို့ပြောရမှာပါ။ 

Performance

နောက်ဆုံးအရေးကြီးတဲ့ Performance ပိုင်းမှာဆိုရင်တော့ ဒီ MacBook Air နဲ့ MacBook Pro ၂ မျိုးစလုံးမှာ Apple M1 Chip ကိုပဲ​အသုံးပြုထားတာဖြစ်ပေမယ့် ကွာခြားချက်အနည်းငယ်ရှိနေပါတယ်။​ဒါကတော့ CPU ပိုင်းမှာ High-efficiency Core ၄ ခုနဲ့ High-performance Core ၄ ခုပါဝင်မှာဖြစ်ပေမယ့် GPU ပိုင်းမှာတော့ MacBook Pro က 8-Core GPU ကိုပဲ အသုံးပြုတာဖြစ်ပေမယ့် MacBook Air မှာတော့ Storage ရွေးချယ်မှုပေါ်မှုတည်ပြီး 7-Core သို့မဟုတ် 8-Core GPU ပါဝင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ ၂ မျိုးစလုံး 8GB သို့မဟုတ် 16GB ရွေးချယ်နိုင်မှာပါ။ 

ဒီလိုမျိုး Performance ပိုင်းမှာ MacBook Pro ဟာ Fan ပါဝင်တဲ့ Active Cooling စနစ်ပါဝင်တဲ့အတွက် တကယ်လို့ ကိုယ်က Workload များတဲ့ Rendering ၊ Video Editing ပိုင်းတွေလုပ်မယ်ဆိုရင် ပိုပြီး Performance ကို ထိန်းထားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် MacBook Air ကတော့ Fanless Design ကို အသုံးပြုထားတဲ့အတွက် အသံငြိမ်မှာဖြစ်ပေမယ့် Heavy Workload တွေကို အသုံးပြုနေမယ်ဆိုရင်တော့ MacBook Pro ကိုပဲ ပို Recommend ပေးရမှာပါ။ 

Others

Port တွေအနေနဲ့လည်း USB-C ၂ ပေါက်ပဲ ပါဝင်တာက တူညီပြီးတော့ Thunderbolt ၊ Display Output နဲ့ USB-PD Charging တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ MacBook Air မှာ အများဆုံး ၁၈ နာရီအထိ အသုံးပြုနိုင်မှာဖြစ်သလို MacBook Pro ကတော့ နာရီ ၂၀ အထိ ဆက်တိုက်အသုံးပြုနိုင်မှာပါ။ Charging Adapter အနေနဲ့ကတော့ MacBook Pro က 61W Charger ကို အသုံးပြုထားပြီး MacBook Air မှာတော့ အရွယ်အစားပိုမိုသေးငယ်တဲ့ 30W Charger ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ 

နောက်ထပ် MacBook Pro ရဲ့ အားသာချက်အနည်းငယ်ကတော့ TouchBar ပါဝင်တာ၊ Microphone နဲ့ Speaker Quality ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ကိုယ်က TouchBar ကို သုံးရတာကြိုက်တဲ့သူ၊​ ဒါမှမဟုတ် ရုပ်ရှင်ကြည့်၊​ Video Conferencing လုပ်တတ်တဲ့သူတစ်ယောက်ဆိုရင် MacBook Pro က ပိုပြီးအဆင်ပြေနိုင်ပါတယ်။ 

ဒီလောက်ဆိုရင် Apple M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro ၂ မျိုးထဲမှာ ဘာကိုရွေးချယ်သင့်သလဲဆိုတာကို စဥ်းစားဆုံးဖြတ်နိုင်မယ်လို့ ယူဆမိပါတယ်။ အကြမ်းဖျင်းအနေနဲ့ နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ MacBook Air ဟာ သာမန်အလုပ်လုပ်နေတဲ့သူတွေ၊ ကျောင်းသားတွေနဲ့ Design လှပတဲ့ MacBook တစ်လုံးကို ကိုင်ဆောင်ထားချင်တဲ့သူတွေအတွက် အဆင်ပြေပြီးတော့ MacBook Pro ကတော့ Heavy Workload တွေ၊ Editing ၊ Rendering တွေလုပ်ဆောင်နေရသူတွေ၊ လုပ်ငန်းလုပ်နေရတဲ့သူတွေအတွက် ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ ဘယ် MacBook ကိုပဲ ရွေးချယ်ချယ်၊ M1 Chip ရဲ့ စွမ်းဆောင်ရည်က သင့်ကို လုံးဝစိတ်ပျက်စေမှာမဟုတ်တာကတော့ သေချာပါတယ်။ 

စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင်တော့ iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article ဘယ်လောက်သုံးသုံး ဝါသွားခြင်းမရှိတဲ့ Apple Clear Case with MagSafe ရဲ့လျှို့ဝှက်ချက်
Next article Kase Lens Filter တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးချကြမလဲ