Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
M1 Pro MacBook Pro 14-inch နဲ့ 16-inch ကို ဘယ်သူတွေဝယ်သင့်သလဲ

M1 Pro MacBook Pro 14-inch နဲ့ 16-inch ကို ဘယ်သူတွေဝယ်သင့်သလဲ

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ MacBook Pro 14-inch နဲ့ MacBook Pro 16-inch တွေဟာ ကိုယ်ပိုင် Apple Silicon Chip အသစ်တွေဖြစ်တဲ့ M1 Pro နဲ့ M1 Max Chip တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း စွမ်းဆောင်ရည်ပိုင်း အဆိုပါ MacBook Pro အသစ်တွေက အကောင်းဆုံးဆိုတဲ့ Desktop PC တွေကိုတောင် ယှဥ်ပြိုင်နိုင်တဲ့အထိ ကောင်းမွန်နေတာပါ။

အခု Article မှာတော့ MacBook Pro 14-inch နဲ့ MacBook Pro 16-inch Laptop တွေကို ဘယ်သူတွေအဓိက ဝယ်ယူအသုံးပြုသင့်သလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Professional Creator တွေ

တကယ်အလုပ်ခွင်မှာ စွမ်းဆောင်ရည်ပိုကောင်းတဲ့ ကွန်ပျူတာတစ်လုံးရှိလာလို့ ပိုပြီး Productive ဖြစ်စေနိုင်တဲ့ Professional Creator တွေအတွက် ဒီ M1 Pro ၊ M1 Max MacBook Pro တွေက ကျိန်းသေပေါက် အလိုအပ်ဆုံးဖြစ်မှာပါ။

Performance ပိုင်းတင် အကောင်းဆုံး MacBook တွေဖြစ်နေတာမဟုတ်ဘဲ Display ပိုင်း၊ Speaker ၊ Mic လိုမျိုး Audio ပိုင်းတွေ၊ အလုပ်လုပ်တဲ့အချိန်မှာ ကျိန်းသေကောင်းမွန်တဲ့ Experience ကို ပေးစွမ်းနိုင်ဖို့ လိုအပ်တဲ့ Keyboard ၊ Track Pad အကုန်လုံးက ထိပ်တန်း အဆင့်ရှိနေမှာဆိုတော့ ကိုယ့်အလုပ်အတွက် အကောင်းဆုံး Laptop လိုအပ်နေတယ်ဆိုရင် စဥ်းစားသင့်ပါတယ်။

Photo/Video Editor တွေ

MacBook Pro 14-inch နဲ့ MacBook Pro 16-inch မှာ ပထမဆုံးအနေနဲ့ mini-LED Display နည်းပညာကို အသုံးပြုထားတဲ့ Liquid Retina XDR Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ အခု Display ဟာ အမြင့်ဆုံး 1,600 nits Brightness အထိရရှိနိုင်သလို 1,000,000:1 Contrast Ratio ၊ Wide Color (P3) ကိုလည်း Support ပေးထားတာကြောင့် Edit ပြုလုပ်တဲ့အချိန်မှာ Color မမှန်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Video Edit ပြုလုပ်တဲ့သူတွေအတွက်လည်း 120Hz ProMotion ပါဝင်တာကြောင့် Video Timeline တွေကို Browse ပြုလုပ်တဲ့အချိန်၊ Playback ပြုလုပ်တဲ့အချိန်မှာ ပိုပြီး Smooth ဖြစ်မှာပါ။



ဒါကိုမှ Thunderbolt 4 Port ၃ ခု၊ HDMI ၊ SDXC Card Reader လိုမျိုး Port တွေလည်း အစုံပါဝင်လာပြီဆိုတော့ Photo/Video Editor တွေအတွက် သီးသန့် Dongle ဆောင်သွားဖို့ မလိုအပ်တော့တာကလည်း အားသာချက်တစ်ခုဖြစ်ပါတယ်။

ဒီအားသာချက်တွေထက် ပိုကောင်းနေတာကတော့ M1 Pro နဲ့ M1 Max Chip တွေရဲ့ စွမ်းဆောင်ရည်ပဲဖြစ်ပြီး ယခင် M1 Chip ထက် အဆများစွာပိုမြန်ဆန်သလို 8K ProRes Video တွေကိုပါ Edit ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။



အကောင်းဆုံး Entertainment Laptop ကိုရှာနေတဲ့သူတွေ

MacBook Pro 14-inch နဲ့ 16-inch မှာပါဝင်တဲ့ Liquid Retina XDR Display ဟာ လက်ရှိ Laptop Display အားလုံးထဲမှာ အကောင်းဆုံးလို့တောင် ပြောနိုင်နေတာဖြစ်ပါတယ်။ Display ပိုင်းတင် အကောင်းဆုံးဖြစ်နေတာမဟုတ်ဘဲ Spatial Audio ကို ထောက်ပံ့ပေးနိုင်တဲ့ Six-speaker System ပါဝင်မှာကြောင့် Dolby Atmos ကို Support ပြုလုပ်တဲ့ရုပ်ရှင်တွေကြည့်မယ်ဆိုရင် တကယ့် Portable Theater တစ်ခုလိုမျိုးပါ ခံစားရစေမှာပါ။

ဒါကြောင့် တကယ်လို့ သင်က Apple TV ၊ Netflix လိုမျိုး Streaming Service တွေကို အကောင်းဆုံးရုပ်ထွက်နဲ့ ကြည့်ချင်တယ်ဆိုရင် ကျိန်းသေပေါက်ရွေးချယ်သင့်ပါတယ်။

Video Conferencing အမြဲလုပ်နေရတဲ့သူတွေ

MacBook Pro 14-inch နဲ့ 16-inch တွေမှာ တခြား MacBook တွေနဲ့ မတူညီတဲ့အဆင့်မြှင့်တင်မှုတစ်ခုရှိပါတယ်။ ဒါကတော့ 1080p Camera ကိုပြောင်းလဲအသုံးပြုလိုက်တာပဲဖြစ်ပါတယ်။ ဒီအတွက် Video Conferencing ပြုလုပ်နေတဲ့အချိန်မှာ ယခင်ထက် Resolution ပိုကောင်းသလို Low-light Performance ပိုင်းမှာလည်း ၂ ဆ ပိုကောင်းမွန်စေမှာပါ။



Camera ပိုင်းတင်အဆင့်မြှင့်တင်ထားတာမဟုတ်ဘဲ Studio-quality Recording ကို ရရှိစေနိုင်တဲ့ 3-Mic Array ပါဝင်တာကြောင့် ကိုယ်စကားပြောတဲ့အသံကို အပြတ်သားဆုံးဖမ်းယူပေးနိုင်သလို Directional Beamforming နည်းပညာကြောင့် နောက်ခံအသံတွေကိုလည်း ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

အခုပြောသွားတဲ့သူတွေတင်မဟုတ်ဘဲ တကယ်တမ်း စွမ်းဆောင်ရည်မြင့်မားတဲ့ Laptop တစ်လုံးကို ရေရှည်အသုံးပြုချင်တယ်ဆိုရင်လည်း ဒီ M1 Pro MacBook Pro 14-inch နဲ့ 16-inch တွေက ရွေးချယ်သင့်ပါသေးတယ်။ ဘာကြောင့်လဲဆိုရင် MacBook တွေဟာ ယခင်ထဲက အချိန်အကြာကြီးအသုံးခံသလို အခုလိုမျိုး စွမ်းဆောင်ရည်က တခြား Laptop တွေကို နောက်ကောက်ချထားနိုင်တာကြောင့် သုံးတာကြာသွားလို့ ပိုကောင်းတဲ့ Laptop တွေက ကျော်တက်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။


Next article iPad ကို Keyboard နဲ့သုံးတတ်တဲ့သူတွေအတွက်