Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
လက်တွေ့အသုံးဝင်မယ့် macOS Monterey ရဲ့ အကောင်းဆုံး Feature အသစ်တွေ

လက်တွေ့အသုံးဝင်မယ့် macOS Monterey ရဲ့ အကောင်းဆုံး Feature အသစ်တွေ


Apple MacBook နဲ့ တခြားသော Mac ကွန်ပျူတာတွေအတွက် macOS Monterey Update အသစ်ဟာ လာမယ့်ဇူလိုင်လအတွင်းမှာ Public Beta အနေနဲ့ စမ်းသပ်အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ macOS Monterey Update ဟာဆိုရင် iOS မှာပါဝင်တဲ့ Shortcuts နဲ့ Quick Notes လိုမျိုး လက်တွေ့တကယ်အသုံးဝင်လာမယ့် Feature တွေအပြင် Apple Device အများအပြားရှိထားတဲ့သူတွေအတွက် Universal Control လိုမျိုး Feature တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။ 

အဲ့ဒီအတွက် အခု Article မှာတော့ macOS Monterey ရဲ့ အကောင်းဆုံးလို့ ပြောနိုင်တဲ့ Feature အချို့ကို ထုတ်နှုတ်ဖော်ပြသွားပေးမှာဖြစ်ပါတယ်။ 

Universal Control 

macOS Monterey ရဲ့ အဓိက Highlight Feature လို့ပြောနိုင်တဲ့ Universal Control က ယခင်တုန်းက Apple iPad ကို MacBook နဲ့ တွဲဖက်ပြီး Sidecar အနေနဲ့ အသုံးပြုနိုင်တဲ့ Feature ကို လုံးဝအဆင့်မြှင့်တင်ထားတယ်လို့တောင် ပြောနိုင်ပါတယ်။ 

Universal Control က ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုရင်တော့ Compatible ဖြစ်တဲ့ iPad သို့မဟုတ် Mac ကွန်ပျူတာကို ကိုယ်အသုံးပြုနေတဲ့ mac ကွန်ပျူတာဘေးနားမှာ ချထားလိုက်တာနဲ့ အလိုအလျောက်သိရှိပြီး ဘေးနားက Device တွေကို ကိုယ်အသုံးပြုနေတဲ့ Keyboard နဲ့ Mouse Input နဲ့ပဲ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ File Transfer တွေကိုလည်း လုံးဝ အထစ်အငေါ့မရှိဘဲ ရွှေ့ပြောင်းနိုင်သလို MacBook ရဲ့ Trackpad ကို အသုံးပြုပြီး iPad Navigation Gesture တွေကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Universal Control ကို အသုံးပြုဖို့အတွက်ကတော့ တူညီတဲ့ Apple ID ကို အသုံးပြုဖို့လိုအပ်ပြီး အများဆုံး Device ၃ မျိုးအထိ ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။ Bluetooth ၊ Wi-Fi နဲ့ Handoff လိုမျိုး Wireless Connectivity တွေအကုန်လုံးဖွင့်ထားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

Shortcuts 

Apple iOS မှာ အောင်မြင်တဲ့ Feature တစ်ခုဖြစ်တဲ့ Shortcuts ဟာ အခုအချိန်မှာတော့ macOS Monterey ပေါ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်စိတ်ကြိုက် Webpage ၊ Application တွေနဲ့ တခြားအလုပ်အတွက် လိုအပ်တဲ့ကိစ္စတွေအကုန်လုံးကို တစ်ချက်တည်းနဲ့ ဖွင့်ခိုင်းနိုင်တော့မှာဖစ်ပါတယ်။ Shortcuts တွေကိုလည်း တခြားသော Devices တွေနဲ့ Sync ပြုလုပ်နိုင်သလို iPhone နဲ့ iPad မှာ အသုံးပြုနေတဲ့ Shortcut တွေကို M1 Mac တွေမှာလည်း အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ 

Safari

Apple Device တွေအတွက် အဓိက Browser ဖြစ်တဲ့ Safari ဟာ macOS Monterey မှာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတွေကို ရရှိလာခဲ့ပါတယ်။ ဒါကတော့ Tab Bar ဟာ Home ၊ Share ၊ Privacy Report ၊ Show Downloads စတဲ့ သီးသန့် Menu တစ်ခုပါဝင်လာတာဖြစ်ပြီး အသုံးပြုရတာ ပိုပြီးရှင်းလင်းသွားမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ကိုယ်လုပ်နေတဲ့အလုပ်ပေါ်မှုတည်ပြီး သီးသန့် Tab Groups တွေသိမ်းဆည်းထားနိုင်တော့မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အလုပ်အတွက် လိုအပ်တဲ့ Tabs တွေကို တစ်ခုချင်းလိုက်ဖွင့်နေစရာမလိုတော့ဘဲ Tab Group အနေနဲ့ တစ်ချက်တည်းဖွင့်နိုင်မှာဖြစ်ပါတယ်။ Tab Groups တွေကို Sync ပြုလုပ်ထားပြီး တခြားသော Apple Device တွေမှာပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ 

AirPlay to Mac 

တစ်ခါတလေ ကိုယ့် iPhone ၊ iPad မှာကြည့်နေတဲ့ Video ကို TV လိုမျိုး Screen အကြီးပေါ်ပို့ပြီး ကြည့်ချင်ပေမယ့် TV က အနားမှာမရှိတာမျိုး ကြုံဖူးကြမှာပါ။ အဲ့ဒီအတွက် Apple ကနေ Mac ကွန်ပျူတာတွေမှာ AirPlay အနေနဲ့ Video တွေဖွင့်ကြည့်နိုင်တဲ့ AirPlay to Mac Feature ကို macOS Monterey မှာ ထည့်သွင်းပေးလိုက်ပါပြီ။ 

အဲ့ဒါကြောင့် ကိုယ့် iPhone ထဲက Video ကို အချိန်မရွေး MacBook သို့မဟုတ် တခြား Mac ကွန်ပျူတာတွေဆီကို AirPlay ကနေတစ်ဆင့် သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့အတူ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီ AirPlay to Mac Feature ဟာ Wireless အနေနဲ့ရော၊ USB Connection နဲ့ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Focus Mode

iOS 15 မှာ Apple ကနေ အဓိကထားပြီးမိတ်ဆက်သွားတဲ့ Focus Feature ဟာ macOS Monterey မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Focus Mode ကိုအသုံးပြုမယ်ဆိုရင် ကိုယ့်အလုပ်ခွင်နဲ့ မသက်ဆိုင်တဲ့ Application တွေက ဝင်ရောက်လာတဲ့ Notification တွေကို အလိုအလျောက်ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး အနှောင့်အယှက်မရှိဘဲ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ Apple ကနေ ကိုယ်အသုံးပြုတဲ့အပေါ်မှုတည်ပြီး Focus Mode တွေကို အလိုအလျောက် သတ်မှတ်ပေးမှာဖြစ်သလို ကိုယ်တိုင်လည်း စိတ်ကြိုက် Focus Mode ကို Create ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

Quick Notes

Apple ရဲ့ iPadOS 15 မှာ Notes တွေကို အလွယ်တကူမှတ်နိုင်ဖို့ မိတ်ဆက်ခဲ့တဲ့ Quick Notes Feature ဟာ macOS Monterey မှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Quick Notes Feature ကို အသုံးပြုနိုင်တာက Web Page ထဲက ကိုယ်မှတ်ထားချင်တဲ့ Link တွေ၊ ဒါမှမဟုတ် ဓါတ်ပုံတွေကို အလွယ်တကူသိမ်းဆည်းထားနိုင်မှာပါ။ ကိုယ်မျှဝေချင်တဲ့သူကိုလည်း Notes ထဲမှာ Mention ပြုလုပ်နိုင်ပြီး တခြားသော Apple Device တွေနဲ့လည်း Sync ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 

Low Power Mode

Apple က တရားဝင်ပြောကြားခဲ့ခြင်းမရှိပေမယ့် macOS Montery မှာ MacBook တွေအတွက် အသုံးဝင်တဲ့ Low Power Mode Feature ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး Low Power Mode ကို အသုံးပြုမယ်ဆိုရင် System Clock Speed နဲ့ Brightness ကိုလျော့ချပေးပြီး Battery ပိုခံအောင် ဆောင်ရွက်ပေးမှာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Feature က ကိုယ့် MacBook အတွက် Charger ကျန်ခဲ့ပြီး အပြင်သွားနေရတယ်ဆိုရင် အသုံးဝင်လာမှာပါ။ 

ဒီ Feature တွေကတော့ macOS Monterey ရဲ့ များပြားလှတဲ့ Feature အသစ်တွေထဲကမှ လက်တွေ့အသုံးဝင်လာမယ့် အကောင်းဆုံး Feature အချို့ကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ macOS Monterey ကိုတော့ အောက်ပါ Mac ကွန်ပျူတာတွေ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

  • MacBook (2016 and later)
  • MacBook Air (Early 2015 and later)
  • MacBook Pro (Early 2015 and later)
  • Mac mini (Late 2014 and later)
  • iMac (Late 2015 and later)
  • iMac Pro (Late 2017 and later)
  • Mac Pro (Late 2013 and later)

တကယ်လို့ Apple M1 MacBook Pro ပဲဖြစ်ဖြစ်၊ တခြား Mac ကွန်ပျူတာတွေနဲ့ MacBook Accessories တွေကို လိုအပ်တယ်ဆိုရင်လည်း iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com မှာ Free Delivery နဲ့ မှာယူနိုင်သလို နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လောလောဆယ် ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

Previous article Kase Lens Filter တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးချကြမလဲ
Next article စျေးအများကြီးမသုံးဘဲ iPhone အသစ်ဝယ်ချင်တဲ့သူတွေအတွက် အကောင်းဆုံး iPhone