Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
ကျန်းမာရေးအတွက် Ergonomic ကျကျ အလုပ်လုပ်နိုင်ဖို့ ရှိထားသင့်တဲ့ MOFT Product တွေ 

ကျန်းမာရေးအတွက် Ergonomic ကျကျ အလုပ်လုပ်နိုင်ဖို့ ရှိထားသင့်တဲ့ MOFT Product တွေ 

အခုအချိန်ဟာ လူတိုင်းနီးပါး အိမ်မှာပဲ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အိမ်မှာ ကိုယ့်ကျန်းမာရေးကို မထိခိုက်အောင် Ergonomic ကျကျ အလုပ်လုပ်နိုင်မယ့် Work From Home Setup တစ်ခုကို ဘယ်လိုမျိုး ပြုလုပ်ထားနိုင်မလဲဆိုတာကိုလည်း မကြာသေးခင်တုန်းက Article မှာ ဖော်ပြပေးခဲ့ပါတယ်။ 

ဒါပေမယ့် အခု Article မှာတော့ အိမ်မှာ အထိုင်အလုပ်လုပ်တာမျိုးမဟုတ်ဘဲ အပြင်သွားတဲ့အချိန်တွေ၊ ရုံးမှာ၊ ကော်ဖီဆိုင်တွေမှာ သွားရောက်အလုပ်လုပ်မယ်ဆိုရင်လည်း ကျန်းမာရေးအတွက် Ergonomic ဖြစ်အောင် အလုပ်လုပ်နိုင်မယ့် Product တွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါကတော့ iSure မှာလည်း ဝယ်ယူနိုင်ပြီဖြစ်တဲ့ MOFT Product တွေပဲ ဖြစ်ပါတယ်။ 

MOFT လို့ဆိုလိုက်တာနဲ့ US Brand ကုမ္ပဏီတစ်ခုဖြစ်ပြီး MacBook ၊ iPad အပြင် iPhone တွေအတွက် Quality ကောင်းပြီး Design ဆန်းသစ်တဲ့ Accessories Product တွေကို ထုတ်လုပ်ပေးနေတဲ့ Brand တစ်ခုဆိုတာကို သိကြတဲ့သူတွေလည်း ရှိကြမှာဖြစ်ပါတယ်။ MOFT ဆိုတဲ့နာမည်ကိုက “Mobile Office for Traveler” လို့ အဓိပ္ပါယ်ရတာကြောင့် On The Go Productivity ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်မယ့် Product တွေကိုပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 

အရင်ဆုံးအနေနဲ့ MOFT Product တွေထဲက ညွှန်းပေးချင်တာကတော့ Invisible Laptop Stand နဲ့ Invisible Laptop Stand Mini တွေပဲဖြစ်ပါတယ်။ ဒီ Invisible Laptop Stand Series ဟာ IF Design Award 2020 ကို ရရှိထားသလို Kickstarter မှာလည်း Funding အများဆုံးရရှိထားတဲ့ Laptop Stand ဖြစ်ပါတယ်။ ဒီလိုမျိုး အောင်မြင်မှုရရှိထားပေမယ့်လည်း စျေးနှုန်းအရ လက်ရှိစျေးကွက်ထဲမှာ ဝယ်ယူနိုင်တဲ့ Laptop Stand တွေထက် အများကြီးစျေးပိုကြီးနေမှာလည်း မဟုတ်ပါဘူး။ 

ဘာကြောင့် ဒီ MOFT Invisible Laptop Stand တွေကို ညွှန်းပေးရသလဲဆိုရင် MacBook အပြင် Laptop တွေရဲ့ အောက်ခြေမှာကပ်ထားနိုင်တာကြောင့် Laptop Stand ကို သီးသန့် သယ်ယူဖို့ မလိုအပ်တာကြောင့်ဖြစ်ပါတယ်။ အောက်ခြေမှာ ကပ်ထားပေမယ့်လည်း အလွန်ပါးလွှာတဲ့အတွက် Laptop ကို သိသိသာသာ ထူသွားစေမှာမဟုတ်ပါဘူး။ ဒါတင်မဟုတ်သေးဘဲ အကြိမ်များစွာ ဖြုတ်နိုင်၊ တပ်နိုင်တာကြောင့် အသုံးမလိုတဲ့အချိန်၊ တခြား Laptop မှာ အသုံးပြုချင်တဲ့အချိန်မှာလည်း အဆင်ပြေစေမှာပါ။ 

နောက်ထပ်အားသာချက်ကတော့ Laptop Stand အနေနဲ့ အသုံးပြုတဲ့အချိန်မှာ 15° နဲ့ 25° ဆိုပြီး Angle ၂ မျိုး အသုံးပြုနိုင်တာကြောင့် ကိုယ့်အတွက် Comfort ဖြစ်တဲ့ Level တစ်ခုမှာ ထားပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့လည်း အများဆုံး ၁၈ ပေါင်အထိ ခံနိုင်ရည်ရှိတာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Invisible Laptop Stand နဲ့ Invisible Laptop Stand Mini မှာ ဘာကွာခြားသလဲဆိုရင်တော့ Invisible Laptop Stand ဟာ အရွယ်အစားပိုမိုကြီးမားပြီး 15” နဲ့ 17” Laptop တွေအတွက် ပိုသင့်လျော်မှာဖြစ်ပါတယ်။ Invisible Laptop Stand Mini ကတော့ 13” MacBook Air ၊ MacBook Pro နဲ့ Ultrabook တွေမှာ အသုံးပြုဖို့အတွက် ပိုသင့်လျော်ပါတယ်။

ဒီ MOFT Invisible Laptop Stand ကတော့ အပြင်သွားတဲ့အချိန်မှာ Laptop Stand ကို သီးသန့်မသယ်သွားချင်တဲ့သူတွေအတွက် သင့်လျော်သလို အခုပြောသွားမယ့် Product ကတော့ Stand ကို သယ်သွားရမှာဖြစ်ပေမယ့် အလုပ်လုပ်တဲ့အချိန်မှာ ပိုပြီး Ergonomic ဖြစ်စေမှာပါ။ ဒါကတော့ MOFT Z Sit-Stand Laptop Desk ပဲဖြစ်ပါတယ်။ 

MOFT Z Sit-Stand Laptop Desk ဟာ Origami Z Structure ကို အခြေခံပြီး တည်ဆောက်ထားတဲ့ ပထမဆုံး Sit-Stand Desk ဖြစ်ပြီး တခြားသော Laptop Stand တွေအားလုံးထက် ကွဲထွက်နေမှာဖြစ်ပါတယ်။ စားပွဲပေါ်မှာ အထိုင်အနေနဲ့ အသုံးပြုမယ်ဆိုရင် ပုံစံ ၄ မျိုးအထိ သုံးစွဲနိုင်တာကြောင့် ကိုယ်အတွက် အကောင်းဆုံး Angle မှာ ထားပြီး အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ 

ဒါပေမယ့် ဒီ MOFT Z Sit-Stand Desk ရဲ့ အားသာချက်ကတော့ Stand Mode ဖြစ်ပြီး Laptop ကို စားပွဲပေါ်မှာ သီးသန့်စင်တစ်ခုအနေနဲ့ ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Stand Mode နဲ့ အသုံးပြုတာက မတ်တပ်ရပ်ပြီး Laptop ကို အသုံးပြုဖို့အတွက် အသင့်တော်ဆုံးအနေအထားကို ရရှိစေမှာဖြစ်ပါတယ်။ 

ဒီလိုမျိုး အမြဲတမ်းထိုင်ပြီး အလုပ်လုပ်တာထက် ခဏပုံစံပြောင်းလဲပြီး မတ်တပ်ရပ်ပြီး အလုပ်လုပ်တာက တကယ်ကို ကိုယ့်ကျန်းမာရေးနဲ့ Productivity ကို ကောင်းကျိုးတွေပေးနိုင်ကြောင်း Research တွေလည်း အများအပြားရှိတာကြောင့် ဒီ MOFT Sit-Stand Desk က စျေးကြီးပေးပြီး Sit-Stand Function ပါဝင်တဲ့ စားပွဲတွေဝယ်ယူစရာမလိုသလို Portable ဖြစ်တဲ့အားသာချက်ကိုလည်း ရရှိစေဦးမှာဖြစ်ပါတယ်။ မတ်တပ်ရပ်ပြီး အလုပ်လုပ်တာကနေ ရရှိနိုင်တဲ့ ကောင်းကျိုးအချို့ကို ဖော်ပြရမယ်ဆိုရင် ခါးနာခြင်းကို လျော့ကျစေခြင်း၊ Productivity ကို ပိုမြင့်တက်စေခြင်း၊ အာရုံစိုက်နိုင်စွမ်းကို တိုးတက်စေခြင်း၊ စိတ်ဖိစီးမှုကို လျော့ကျစေခြင်းအပြင် ကယ်လိုရီတွေကိုပါ လောင်ကျွမ်းပေးနိုင်တာကြောင့် ကျန်းမာတဲ့ကိုယ်ခန္တာကို ရရှိစေတာတွေပဲဖြစ်ပါတယ်။ 

MOFT Z Sit-Stand Desk ဟာ Laptop ကို တင်သုံးတဲ့အချိန်မှာ ခိုင်ခံ့အောင်ပြုလုပ်ပေးထားသလို အလေးချိန်ကိုလည်း ၂၂ ပေါင်အထိ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ အပြင်ကို သယ်သွားတဲ့အချိန်မှာလည်း ခေါက်ပြီး သယ်သွားနိုင်တဲ့အပြင် ပုံမှန် File တစ်ခုထက်တောင် ပါးလွှာနေမှာဖြစ်ပါတယ်။ နောက်ဆုံးအားသာချက်ကတော့ Sitting Mode သို့မဟုတ် Stand Mode ကိုပြောင်းလဲမယ်ဆိုရင် အချိန်စက္ကန့်ပိုင်းအတွင်း ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်။ 

နောက်ထပ် ဒီလိုမျိုး MacBook နဲ့ Laptop တွေအတွက်တင်မဟုတ်ဘဲ iPad အသုံးပြုသူတွေအတွက်လည်း အကောင်းဆုံး iPad Stand တစ်ခုရှိပါသေးတယ်။ ဒါကတော့ MOFT Float iPad Stand ပဲဖြစ်ပါတယ်။ 

MOFT Float iPad Stand ကိုတော့ iPad Air အပြင် iPad Pro တွေမှာ အသုံးပြုနိုင်ပြီး Float ဆိုတဲ့ နာမည်အတိုင်း ကိုယ့် iPad ကို လေထဲမှာ ဝဲနေသလိုမျိုး Stand အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အမြင့်ဆုံး ၃.၁၅ လက်မအထိ မြှင့်တင်ပေးနိုင်တာကြောင့် တခြားသော Magic Keyboard အပါအဝင် iPad Stand တွေထက် ပိုပြီး မျက်လုံးအတွက် အဆင်ပြေတဲ့ Angle တစ်ခုကို စိတ်ကြိုက်ထားနိုင်မှာဖြစ်ပါတယ်။ 

ဒီလိုမျိုး Float Mode အနေနဲ့ အသုံးမပြုချင်တဲ့သူတွေအတွက်လည်း ပုံမှန်အတိုင်း Stable Mode နဲ့ Portrait Mode ဆိုပြီး ထားပြီး အသုံးပြုနိုင်ဦးမှာပါ။ လုံးဝအသုံးမပြုတဲ့အချိန်မှာဆိုရင်လည်း iPad ရဲ့ နောက်ကျောဘက်မှာ ကပ်ထားနိုင်မှာဖြစ်တာကြောင့် သီးသန့်အနေနဲ့ သယ်သွားဖို့လိုအပ်မှာမဟုတ်ပါဘူး။ ကျန်တဲ့ Feature အနေနဲ့လည်း Apple Pencil ကို အားသွင်းပေးနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ 

ဘာပဲဖြစ်ဖြစ် ကိုယ်က iPad ကို External Keyboard နဲ့ အလုပ်လုပ်တတ်တယ်ဆိုရင် ဒီ MOFT Float iPad Stand ဟာလည်း ကိုယ့်ကျန်းမာရေးကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံး Product တစ်ခုဖြစ်ပါတယ်။ 

 

ဒီလိုမျိုးပဲ iPhone အပါအဝင် တခြားသော စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ MOFT O - Snap Phone Stand & Grip (For iPhone 12 Series) နဲ့ MOFT X Invisible Phone Stand & Wallet (3M Adhesive Pad Included) တွေကိုပါ ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ ဒီ Phone Stand တွေဟာလည်း အသုံးမပြုတဲ့အချိန်မှာ ဖုန်းအနောက်မှာ ကပ်ထားနိုင်သလို ကိုယ်စိတ်ကြိုက် Angle ကို ပြောင်းလဲအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ အသုံးပြုတဲ့အချိန်မှာလည်း Grip အနေနဲ့ အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ Wallet အနေနဲ့ အသုံးပြုဖို့အတွက်ပဲဖြစ်ဖြစ် အဆင်ပြေစေမှာဖြစ်ပါတယ်။ 

အခုပြောသွားတဲ့ MOFT Product တွေကို iSure Website ကနေတစ်ဆင့် Pre-Order မှာယူထားနိုင်ပြီဖြစ်သလို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မတိုင်ခင်မှာ ပို့ဆောင်သွားပေးမှာဖြစ်ပါတယ်။ အရေအတွက် အကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးဝယ်ယူပြီး ကိုယ့်အတွက် ဘယ်သွားသွား Ergonomic ဖြစ်တဲ့ Workspace လေးကို ဖန်တီးဖို့ တိုက်တွန်းလိုက်ပါတယ်။

Previous article M1 iMac 24" နဲ့အတူ ကျိန်းသေဆောင်ထားသင့်တဲ့ Accessories များ
Next article Apple MagSafe Battery Pack နဲ့ ပတ်သက်ပြီး သင်ဘာတွေသိထားသင့်သလဲ