Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 4% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
iPad ကို Keyboard နဲ့သုံးတတ်တဲ့သူတွေအတွက်

iPad ကို Keyboard နဲ့သုံးတတ်တဲ့သူတွေအတွက်

ကိုယ့် iPad ကို ပုံဆွဲဖို့ သုံးနေတတ်တဲ့သူတွေရှိသလို Social Media ၊ Entertainment ပိုင်းတွေအတွက် သုံးနေတဲ့သူတွေရှိကြမှာပါ။ ဘာကြောင့်ပဲ iPad သုံးသုံး၊ ကိုယ့်ရဲ့ iPad ကို ထိခိုက်ပွန်းပဲ့မှုတွေဖြစ်မှာကိုတော့ လိုလားကြမှာမဟုတ်ပါဘူး။

ဒီအတွက် iPad ကို Cover တွေ၊​ Case တွေတပ်သုံးတာက ကာကွယ်နိုင်ပေမယ့် တကယ်လို့ ကိုယ်က Apple Smart Keyboard Folio တွေ၊ Magic Keyboard တွေနဲ့ အသုံးပြုနေတယ်ဆိုရင် Cover တွေ၊ Case တွေကိုတပ်ဖို့အဆင်မပြေတာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် Keyboard သုံးမယ်ဆိုရင် တစ်ဖက်မှာ iPad ကို ကာကွယ်ဖို့က ခက်ခဲသွားတတ်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေအတွက် အဆင်ပြေစေမယ့် Product လေးတစ်ခုကို ညွှန်းပေးချင်ပါတယ်။

ဒါကတော့ ကိုရီးယားနိုင်ငံထုတ် Ringke Brand ကနေ ထုတ်ပေးထားတဲ့ iPad 11" အတွက် Frame Shield ပဲဖြစ်ပါတယ်။ ဒီ Ringke Frame Shield ဟာ iPad Pro 11" ကို Keyboard နဲ့တွဲဖက်အသုံဲးပြုမယ်ဆိုရင် လွတ်နေတတ်တဲ့ ကိုယ်ထည်အပေါ်ဘက်နဲ့ အောက်ဖက်ကို အဓိက ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီလိုမျိုး အရေးကြီးအစိတ်အပိုင်း ၂ ခုကို ကာကွယ်ပေးထားတာကြောင့် Ringke Frame Shield ကို တပ်ထားမယ်ဆိုရင် ပွန်းရာ၊ စင်းရာတွေတင်မဟုတ်ဘဲ ပြုတ်ကျရင်တောင် ထိခိုက်မှုကို ကာကွယ်ပေးနိုင်မှာပါ။ အကြမ်းခံနိုင်တဲ့ Polycarbonate သားအပြင် တပ်တဲ့အချိန်မှာလည်း ကပ်အားကောင်းတဲ့ Double-sided Tape တွေကြောင့် မြဲနေစေမှာဖြစ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ဖြုတ်ပြီး ပြန်တပ်မယ်ဆိုရင်လည်း အဆင်ပြေစေဖို့အတွက် Double-sided Tape အပိုတွေလည်းပါဝင်ဦးမှာပါ။

နောက်ထပ် ဒီလိုမျိုး Frame Shield ကပ်ထားပေမယ့်လည်း iPad Pro ရဲ့ ခလုတ်တွေ၊​ Charging Port ၊ Speaker Port တွေကို အတိအကျ Cutout လုပ်ပေးထားတာကြောင့် အသုံးပြုတဲ့အချိန်မှာလည်း လုံးဝ Fit ဖြစ်နေစေမှာဖြစ်ပါတယ်။

iPad ကို Keyboard နဲ့တွဲဖက်တဲ့အချိန်မှာ ကိုယ့်စိတ်ကြိုက် Viewing Experience ကို ရရှိစေဖို့အတွက် Neodymium Magnet ၂ ခုကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

ဒီလိုမျိုး အားသာချက်တွေကြောင့် ကိုယ်က iPad Pro 11" ကို Keyboard နဲ့လည်း တွဲဖက်အသုံးချင်တယ်၊ iPad ကိုလည်း ကာကွယ်ချင်တယ်ဆိုရင် ဒီ Ringke Frame Shield လေးကို အခုပဲ iSure Website နဲ့ နီးစပ်ရာ iSure ဆိုင်တွေမှာ ဝယ်ယူနိုင်ပြီနော်...။​
Previous article M1 Pro MacBook Pro 14-inch နဲ့ 16-inch ကို ဘယ်သူတွေဝယ်သင့်သလဲ
Next article နေ့စဥ်အသုံးပြုမှုတွေမှာ iPhone 13 mini ရဲ့ Battery က တကယ်ပိုကောင်းလာသလား