Skip to content
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၁၀) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
iPad အတွက် ပိုကောင်း၊ ပိုတန်တဲ့ SwitchEasy EasyPencil Pro 3 ကို စမ်းသပ်သုံးစွဲကြည့်ခြင်း

iPad အတွက် ပိုကောင်း၊ ပိုတန်တဲ့ SwitchEasy EasyPencil Pro 3 ကို စမ်းသပ်သုံးစွဲကြည့်ခြင်း

Apple iPad တွေမှာ အသုံးပြုဖို့အတွက် Pencil လို့ပြောလိုက်တာနဲ့ Apple Pencil ကို ပြေးမြင်မိကြမှာပါ။​ ဒါပေမယ့် Apple Pencil 2nd Gen ဟာ ကိုယ့်အတွက် စျေးနှုန်းမြင့်မားနေတယ်ဆိုရင် Function နဲ့ Feature အတူတူနီးပါးသုံးနိုင်မယ့် Pencil လေးတစ်ခုရှိပါတယ်။ 

ဒါကတော့ နာမည်ကြီး SwitchEasy Brand ကနေ ထုတ်ပေးထားတဲ့ EasyPencil Pro 3 Stylus Pencil ပဲဖြစ်ပါတယ်။​ စျေးနှုန်းအနေနဲ့လည်း အလွန်သက်သာပြီး Apple Pencil 2nd Gen နဲ့ ယှဥ်ရင် ဘယ်လိုမျိုးကွာခြားသလဲ၊​ ဘယ်လိုမျိုး Feature တွေ သုံးနိုင်မလဲဆိုတာကို စမ်းသပ်ထားသမျှကို ပြန်လည်ဝေမျှပေးသွားပါမယ်။​

 

အရင်ဆုံးအနေနဲ့ ဒီ​ SwitchEasy EasyPencil Pro 3 ကို Packing ကအစ သေချာလေးလုပ်ပေးထားတာကို တွေ့ရပါတယ်။ ဘူးခွံမှာဆိုရင်လည်း အသုံးပြုနိုင်တဲ့ Feature တွေ၊​ Support ပြုလုပ်တဲ့ iPad Model တွေကအစ ရေးထားပေးထားကြောင့် တော်တော်လေးကို အသုံးပြုဖို့အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ 

ဒါတင်မဟုတ်သေးဘဲ ဘူးထဲမှာဆိုရင် EasyPencil Pro 3 အပြင် USB-A to USB-C Charging Cable ၊​ Extra Pencil Tip တစ်ခုကိုပါ ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် နောက်ပိုင်း Pencil Tips က ပုံဆွဲရတာအဆင်မပြေတော့ဘူးဆိုရင်လည်း အလွယ်လဲလှယ်နိုင်တာက အားသာချက်တစ်ခုဖြစ်မှာပါ။​

Quality ပိုင်းကို ကြည့်မယ်ဆိုရင် တကယ်လို့ မျက်လုံးပိတ်ထားပြီး Apple Original Pencil 2nd Gen နဲ့ ယှဥ်ကိုင်ကြည့်မယ်ဆိုရင် ခွဲခြားဖို့ ခက်ခဲရလောက်တဲ့အထိကို ပုံစံရော၊​ လက်က ကိုင်ထားရတဲ့ Texture ပိုင်းအရပါ အတူတူနီးပါးဖြစ်နေစေမှာဖြစ်ပါတယ်။​ ကွာခြားတဲ့အချက်ကတော့ EasyPencil Pro 3 က လက်ထဲမှာ ကိုင်ထားရတာ ပိုပေါ့ပါးနေတာဖြစ်ပြီး တကယ်လို့ Pencil ကို ပေါ့ပေါ့ပါးပါးကိုင်ရတာကြိုက်တယ်ဆိုရင် သဘောတွေ့စေမှာဖြစ်ပါတယ်။​ ဒီလိုမျိုး ပေါ့ပါးနေတာကလည်း Aviation-grade Lightweight Premium Aluminum ကိုယ်ထည်ကို အသုံးပြုထားတာကြောင့်ဖြစ်ပါတယ်။ 

Design ပိုင်းအရလည်း Apple Pencil 2nd Gen နဲ့ ဆင်တူပြီးတော့ Pencil နောက်ဖက်ထိပ်မှာ SwitchEasy Logo နဲ့ USB-C Charging Port ပါဝင်တာပဲ ကွာခြားသွားမှာဖြစ်ပါတယ်။​​ ဒီလိုမျိုး USB-C Charging Port ပါဝင်တာကြောင့် ပြန်လည်အားသွင်းတဲ့အချိန်မှာ တော်တော်လေးကို လွယ်ကူသွားမှာဖြစ်ပါတယ်။​ 

SwitchEasy EasyPencil Pro 3 ကို စတင်အသုံးပြုဖို့အတွက်ကတော့ Power ဖွင့်လိုက်ပြီး iPad Setting ထဲမှာရှိတဲ့ Draw Only With Apple Pencil ကို Off ထားလိုက်တာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။​ Bluetooth တွေ၊​ App တွေအသုံးပြုစရာမလိုတာကြောင့် လုံးဝ Plug & Play Experience ကို ရရှိနိုင်တာက အားသာချက်ဖြစ်မှာပါ။​

EasyPencil Pro 3 ဟာ Feature တွေအနေနဲ့ Palm Rejection ၊  Tilt Sensitivity တွေကို Support ပြုလုပ်ထားသလို High Accuracy ဖြစ်တာကြောင့် Apple Original Pencil အတိုင်းပဲ တိတိကျကျ ပုံဆွဲတဲ့နေရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ iPadOS ရဲ့ Feature အသစ်တွေဖြစ်တဲ့  Scribble ကိုလည်း အသုံးပြုနိုင်သလို ProCreate အပါအဝင် Professional App တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။​နောက်ထပ် Feature တွေအနေနဲ့ကတော့ iPad Pro ၊ iPad Air လိုမျိုး iPad တွေမှာ Magnetic အနေနဲ့ Attach ပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Apple Pencil 2nd Gen လိုမျိုးတော့ ပြန်လည်အားသွင်းပေးမှာမဟုတ်ပါဘူး။​

Battery Life အနေနဲ့လည်း SwitchEasy EasyPencil Pro 3 ဟာ ၁ နာရီအားသွင်းထားတာနဲ့ ၁၀ နာရီဆက်တိုက်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။​ Battery အားကို ချွေတာဖို့အတွက်လည်း ၅ မိနစ်ခန့် အသုံးမပြုဘဲနေလိုက်တာနဲ့ Auto Sleep ဖြစ်သွားမှာပါ။​ 

ဒါကတော့ အခုနောက်ပိုင်း လူစိတ်ဝင်စားမှုအလွန်များပြားလာတဲ့ SwitchEasy Brand ကနေ ထုတ်ပေးထားတဲ့ EasyPencil Pro 3 ကို စမ်းသပ်ကြည့်ပြီး User Experience ကို မျှဝေပေးထားတာဖြစ်ပါတယ်။​ ကိုယ်က တကယ်အကောင်းဆုံးဆိုတဲ့ Experience ကို လိုချင်တယ်၊ Apple Original မှဆိုရင်လည်း Apple Pencil ကိုပဲ ဝယ်နိုင်သလို သာမန်လောက်ပဲ ပုံဆွဲဖို့နဲ့ တခြား​ရုံးသုံး၊​ Notes မှတ်ဖို့အတွက်ဆိုရင် ဒီ SwitchEasy EasyPencil Pro 3 က တကယ်ကို ပေးရတဲ့စျေးနဲ့တန်တဲ့ Product တစ်ခုလို့ ပြောရမှာပါ။​

Previous article နေ့စဥ်အသုံးပြုမှုတွေမှာ iPhone 13 mini ရဲ့ Battery က တကယ်ပိုကောင်းလာသလား
Next article ကိုယ့် Workspace မှာ Monitor Arm ရှိနေတာက ဘာတွေအားသာချက်ရှိနိုင်မလဲ