Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
2021 မှာ iPad မဝယ်ခင် သိထားသင့်တဲ့ အချက်တွေ

2021 မှာ iPad မဝယ်ခင် သိထားသင့်တဲ့ အချက်တွေ

ဒီအချိန်မှာ iPad အသစ်ဝယ်မယ်ဆိုရင် စဥ်းစားရမယ့်အချက်တွေအများကြီးရှိပါတယ်။ Apple ကိုယ်တိုင်ကလည်း iPad အမျိုးအစားအများအပြားကို မိတ်ဆက်ထားပြီး ကွာခြားချက်တွေလည်း အသီးသီးရှိနေပါတယ်။ 

အဲ့ဒါကြောင့် အခု Article မှာ Apple iPad ကို ဝယ်ယူမယ်ဆိုတာနဲ့ အရင်ဆုံး သိထားရမယ့်အချက်တွေကို ဖော်ပြပေးသွားမှာပါ။ 

Apple ကနေ အခုအချိန်မှာ iPad Mini 5 ၊ iPad 8 ၊ iPad Air 4 ၊ M1 iPad Pro 11” နဲ့ 12.9” တွေကို ရောင်းချနေတာဖြစ်ပါတယ်။ အဲ့ဒီထဲကမှ iPad Mini 5 ကတော့ Screen Size 7.9” ပဲရှိတဲ့အတွက် လက်တစ်ဖက်ထဲကိုင်လို့အကောင်းဆုံး iPad ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်တဲ့အပြင် မကြာခင်မှာ Design ပြောင်းလဲပြီး အသစ်မိတ်ဆက်မယ်လို့ သိရတဲ့အတွက် လောလောဆယ်မှာ မရွေးချယ်သင့်ဘဲ ကျန်တဲ့ iPad တွေကိုပဲ ပိုပြီး ညွှန်းရမှပါ။ 

အရင်ဆုံး Apple iPad တွေအကြောင်းကို အနည်းငယ်ပြောပြသွားပါမယ်။ 

iPad 8

Apple ရဲ့ စျေးအသက်သာဆုံး iPad 8 ဟာ အခုမှစပြီး iPad ကို အသုံးပြုချင်တယ်၊ စျေးအများကြီးမသုံးချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ရဲ့ လူကြီးမိဘတွေကို အင်တာနက်အသုံးပြုဖို့ပဲဖြစ်ဖြစ်၊ ကလေးငယ်တွေကို Game တွေ၊ App တွေအသုံးပြုပြီး သင်ကြားပေးဖို့စဥ်းစားနေတယ်ဆိုရင်လည်း ကျိန်းသေရွေးချယ်သင့်ပါတယ်။

အသေးစိတ်အချက်အလက်တွေအနေနဲ့ကတော့ A12 Bionic Chip ပါဝင်ပြီး Touch ID ပါဝင်တဲ့ Home Button ၊ Stereo Speaker တွေနဲ့ 10.2” Retina Display with TrueTone Technology တွေပါဝင်မှာဖြစ်ပါတယ်။ 8MP Back Camera နဲ့ 1.2MP FaceTime Camera ပါဝင်မှာပါ။ 

iPad Air 4

စျေးလည်း အထိုက်အလျောက်သုံးမယ်၊ Design လှပဖို့လိုအပ်ပြီးတော့ လုံးဝ Performance အကောင်းဆုံးဖြစ်နေဖို့ မလိုဘူးဆိုရင် Apple iPad Air 4 က သင့်အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ 

အသေးစိတ်အချက်အလက်တွေအနေနဲ့ A14 Bionic Chip ၊ Side Power Button Touch ID ၊ Stereo Speaker 10.9” Liquid Retina Display တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာ 4K Video တွေရိုက်ကူးနိုင်တဲ့ 12MP Back Camera နဲ့ FaceTime Camera ကိုလည်း 7MP အထိ Upgrade ပြုလုပ်ထားတာဖြစ်ပါတယ်။ 

M1 iPad Pro 2021 (11” & 12.9”)

Apple ကနေ နောက်ဆုံးမှ Update ပြုလုပ်ပေးထားတဲ့ M1 iPad Pro 2021 (11” & 12.9”) ဟာ စွမ်းဆောင်ရည်အကောင်းဆုံး iPad ကို အသုံးပြုချင်တယ်ဆိုရင် ကျိန်းသေညွန်းရမယ့် iPad လို့ပြောရမှာပါ။ 

အသေးစိတ်အချက်အလက်တွေအနေနဲ့ MacBook Pro မှာ အသုံးပြုထားတဲ့ Apple M1 Chip အသုံးပြုထားပြီး Face ID ၊ Quad Stereo Speaker ၊ Studio-quality Microphone Setup ၊ 11” Liquid Retina Display သို့မဟုတ် 12.9” Liquid Retina XDR mini-LED Display တွေပါဝင်မှာဖြစ်ပါတယ်i။ 5G Support ၊ USB-C ကနေတစ်ဆင့် Thunderbolt/USB 4 ကို Support ပေးထားပါသေးတယ်။ 

အခုပြောသွားတာကတော့ လက်ရှိ Apple ကနေ ရောင်းချနေတဲ့ iPad တွေရဲ့ အသေးစိတ်အချက်အလက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် iPad တွေကိုရွေးချယ်တဲ့အချိန်မှာ Specification တင်မဟုတ်ဘဲ ထပ်ပြီးသိရှိဖို့လိုအပ်တဲ့အချက်တွေလည်းရှိပါသေးတယ်။ 

Apple Pencil Support 

လက်ရှိ iPad 8 အပါအဝင် iPad တွေအကုန်လုံးဟာ Apple Pencil ကို Support ပေးထားပါတယ်။ အဲ့ဒီအတွက် ပုံဆွဲချင်တဲ့သူတွေ၊ Pencil အနေနဲ့ အသုံးပြုချင်တဲ့သူတွေအနေနဲ့ ဘယ် iPad ပဲရွေးရွေးအဆင်ပြေမှာပါ။ 

ဒါပေမယ့် iPad Mini 5 နဲ့ iPad 8 ဟာ Lightning Port ကိုပဲ အသုံးပြုထားတဲ့အတွက် Apple Pencil 1st Gen ကို အသုံးပြုရမှာဖြစ်ပြီး iPad Air 4 နဲ့ M1 iPad Pro တွေကလည်း Magnetic Charging Support ပြုလုပ်တဲ့ Apple Pencil 2nd Gen ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Keyboard & Touchpad Support

Apple iPad Mini 5 ကလွဲပြီး ကျန်တဲ့ iPad တွေအားလုံးဟာ Apple Original Smart Keyboard Case နဲ့ တွဲဖက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် iPad Air 4 နဲ့ M1 iPad Pro တွေကပဲ နောက်ဆုံးထွက်ရှိထားတဲ့ TouchPad ပါဝင်တဲ့ Floating Design နဲ့ Magic Keyboard ကို အသုံးပြုနိုင်မှာပါ။ ဒီလိုမျိုး TouchPad Support ဟာ နောက်ပိုင်း iPad တွေမှာ ကောင်းကောင်းအသုံးချနိုင်ပြီဖြစ်တဲ့အတွက် ဒီအချက်ကလည်း ထည့်သွင်းစဥ်းစားသင့်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် iPad တိုင်းအတွက် Third-party Bluetooth Keyboard နဲ့ Mouse တွေကို ချိတ်ဆက်အသုံးပြုနိုင်ပြီး တချို့ Logitech Brand ထဲကဆိုရင် iPad အတွက် သီးသန့်နေရာနဲ့ Command Keys တွေပါ ပါဝင်ဦးမှာဖြစ်ပါတယ်။ 

Cellular or Wi-Fi

iPad တွေမှာ Cellular Connection ဖြစ်တဲ့ LTE သို့မဟုတ် 5G Support ပါဝင်တာက အပြင်သယ်သွားနေရတယ်ဆိုရင် အသုံးဝင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က အိမ်မှာ၊ ဒါမှမဟုတ် Wi-Fi အမြဲရရှိနေတဲ့ ရုံးလိုမျိုး နေရာတွေမှာပဲ အသုံးပြုမယ်ဆိုရင်တော့ ကျိန်းသေထည့်သွင်းစဥ်းစားဖို့မလိုအပ်ပါဘူး။ ဥပမာ iPad Air သို့မဟုတ် iPad 8 လိုမျိုးကို အိမ်မှာသုံးဖို့ပဲ ဝယ်ယူမယ်ဆိုရင် Wi-Fi Version ကို ရွေးချယ်တာက ပိုပြီး ထိခိုက်မှုမရှိဘဲ သက်သာစေမှာပါ။ 

Design & Color 

M1 iPad Pro တွေဟာ လက်ရှိမှာအကောင်းဆုံးဖြစ်နေပေမယ့် အားနည်းချက်တစ်ခုက အရောင်အနေနဲ့ Silver သို့မဟုတ် Gray ကိုပဲ ရွေးချယ်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်မှာ MacBook လိုမျိုး ကွန်ပျူတာလည်းရှိနေတယ်၊ iPad ကိုလည်း စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ဖို့မလိုဘဲ Design နဲ့ Color ကိုပိုပြီး ဦးစားပေးတယ်ဆိုရင် iPad Air 4 လိုမျိုးက ပိုပြီးအဆင်ပြေမှာပါ။

iPad Air 4 ဟာ အရောင် (၅) ရောင်အထိ ရွေးချယ်နိုင်ပြီး လူငယ်ဆန်ဆန် Fancy Color တွေလည်းပါဝင်တဲ့အတွက် လက်ဆောင်ပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။ 

အခုပြောသွားတာကတော့ Apple iPad တွေဝယ်ယူမယ်ဆိုရင် ကျိန်းသေသိထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။  iPad တွေတင်မဟုတ်ဘဲ တခြားသော Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article အခုအချိန်မှာ Mac ဝယ်ဖို့စဉ်းစားနေရင် ဘာတွေသိထားသင့်သလဲ
Next article Multi Device သုံးနေရတဲ့သူတွေ မရှိမဖြစ်ဆောင်ထားသင့်တဲ့ Logitech K480 Keyboard