Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
အလန်းစား Siri Remote အပြင် Apple TV 4K (2021) က ဘာတွေထူးခြားသွားလဲ

အလန်းစား Siri Remote အပြင် Apple TV 4K (2021) က ဘာတွေထူးခြားသွားလဲ

Apple TV လို့ ဆိုလိုက်တာနဲ့ Apple User တွေအတွက် အဆင်ပြေဆုံး Smart TV Box တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ TV က Smart TV မဖြစ်နေတာပဲဖြစ်ဖြစ်၊​ Apple Device တွေနဲ့ အကောင်းဆုံးတွဲဖက်အသုံးပြုချင်တယ်ဆိုရင် Apple TV က ရွေးချယ်သင့်တဲ့ Product တစ်ခုပါ။​အခုဆိုရင် Media Streaming Service တွေကိုလည်း လူတိုင်းအသုံးပြုနေပြီဖြစ်တာကြောင့် Apple TV က Apple iPhone ၊ iPad တွေအသုံးပြုနေတယ်ဆိုရင် မရှိမဖြစ် Product တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ 

Apple TV ကို အခုမှစပြီး စိတ်ဝင်စားတဲ့သူတွေအတွက် Apple TV ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာတွေဆောင်ရွက်နိုင်မလဲဆိုတာကိုတော့ အခု Website Link မှာ အသေးစိတ်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် iSure မှာ Apple TV 4K (2021) Model အသစ်ကို ဝယ်ယူရရှိနိုင်ပြီဖြစ်တာကြောင့် ဒီ Apple TV 4K (2021) Model က ဘာတွေပိုပြီး ထူးခြားသွားသလဲဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

Faster A12 Bionic Processor 

Apple TV 4K (2021) ရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေထဲကတစ်ခုကတော့ Processor ပိုင်းကို A10X Fusion Chip ကနေ A12 Bionic ကို အဆင့်မြှင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ iPad 8 ရဲ့စွမ်းဆောင်ရည်အတိုင်းရရှိနိုင်တာကြောင့် နောက်ပိုင်း ရေရှည် Update တွေအတွက် ပိုပြီး အဆင်ပြေစေမှာပါ။​ လောလောဆယ်မှာတော့ Apple tvOS ဟာ အတူတူပဲဖြစ်တာကြောင့် သိသိသာသာကြီး အသုံးပြုရတာ ယခင် Apple TV 4K ထက် ပြောင်းလဲသွားမှာတော့မဟုတ်ပါဘူး။ 

All New Siri Remote 

ယခင် Apple TV 4K ရဲ့ အားနည်းချက်တစ်ခုက Remote ကို အသုံးပြုရတဲ့အချိန်မှာ အခက်အခဲတချို့ကို ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။​ ဒါပေမယ့် Apple TV 4K 2021 မှာတော့ Siri Remote ကို လုံးဝ Design ပြောင်းလဲခဲ့ပါတယ်။ 

အဲ့ဒါကြောင့် အခု Siri Remote ဟာ One-piece Aluminum Design ကို အသုံးပြုထားပြီး လက်ထဲကိုင်ထားရတာက အစ သိသိသာသာကို ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ “Five-way Directional Button”  ကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဲ့ဒါကြောင့် Scrolling Motion ကို အသုံးပြုပြီး Rewind သို့မဟုတ် Fast-forward ကို လွယ်လွယ်ကူကူပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

Siri Remote အသစ်ဟာ Apple TV 4K တင်မဟုတ်ဘဲ TV အတွက်ပါ Controls တွေပါဝင်တာကြောင့် TV ကိုပါ Remote တစ်ခုထဲနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားမှာပါ။ အဲ့ဒါကြောင့် ယခင် Apple TV မှာ ပါဝင်တဲ့ Remote ကို အသုံးပြုရတာနဲ့ ယှဥ်ရင် အရမ်းကို လွယ်ကူမြန်ဆန်စေမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်တိုင် Navigate မပြုလုပ်ချင်ဘူးဆိုရင်လည်း Siri ကနေလည်း ကိုယ့်အသံနဲ့ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ 

Wi-Fi 6 Support 

အခုဆိုရင် Apple iPhone တွေအပြင် Mac ကွန်ပျူတာတွေပါ Next Gen Wi-Fi Standard ဖြစ်တဲ့ Wi-Fi 6 ကို Support ပြုလုပ်နေပြီဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Apple TV 4K (2021) ကလည်း Wi-Fi 6 ကို Support ပြုလုပ်ထားတာကြောင့် နောက်ပိုင်းမှာ ကိုယ်က Wi-Fi 6 ကို အဆင့်မြှင့်တင်ဖို့ရှိတယ်ဆိုရင် Apple TV 4K (2021) က ပိုပြီး Long Term အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ 

HDMI 2.1 

Apple TV 4K (2021) ဟာ HDMI Version ကိုလည်း အဆင့်မြှင့်တင်ထားပြီး HDMI 2.1 Port ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။​ အဲ့ဒါကြောင့် နောက်ဆုံးထွက်ရှိထားတဲ့ HDMI 2.1 Support ပြုလုပ်တဲ့ TV တွေနဲ့ အလိုက်ဖက်ဆုံးအသုံးပြုနိုင်မှာဖြစ်ပါတယ်။​ Frame Rate အနေနဲ့ကတော့ လောလောဆယ်မှာ Apple TV 4K (2021) က 60fps ကိုပဲ ထောက်ပံ့ပေးနိုင်ပေမယ့် နောက်ပိုင်းမှာ 120Hz Refresh Rate ကို Application တွေမှာ Support ပေးလာရင်လည်း Apple TV 4K (2021) ဟာ အဆင်ပြေပြေနဲ့ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ 

ဒီလိုမျိုး အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာတဲ့ Apple TV 4K (2021) နဲ့ ကိုယ့်ရဲ့ TV ကို အလန်းစား Smart TV အဖြစ်ပြောင်းလဲချင်တယ်ဆိုရင်တော့  iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Delivery Service ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article Mac ကွန်ပျူတာသုံးရင် Virus ပြဿနာ မကြုံတွေ့ရတာက ဘာကြောင့်ဖြစ်မလဲ 
Next article Apple Product တွေအတွက် အကောင်းဆုံး Premium Charging Accessories များ