Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
ကိုယ့်အတွက် အသင့်တော်ဆုံး Mac က ဘာဖြစ်မလဲ?

ကိုယ့်အတွက် အသင့်တော်ဆုံး Mac က ဘာဖြစ်မလဲ?

Apple ရဲ့ Mac ကွန်ပျူတာတွေထဲက တစ်ခုခုလည်းဝယ်ချင်တယ်၊ ဘယ် Mac က ကိုယ်နဲ့ သင့်တော်မလဲဆိုတာကို ဝေခွဲမရဖြစ်နေတဲ့သူတွေအတွက် ယခု Article က အသုံးဝင်မှာပါ။ ဒါကတော့ လက်ရှိ iMac 24” ၊ MacBook Pro ၊ MacBook Air နဲ့ Mac Mini တွေထဲက ဘယ်သူတွေအတွက် ဘယ် Mac ကွန်ပျူတာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ 

အရင်ဆုံးအနေနဲ့ ကိုယ်က ဘယ်လိုမျိုးနေရာတွေမှာ အသုံးပြုမလဲဆိုတာက အရင်ဆုံးစဥ်းစားရမယ့်အချက်ဖြစ်ပါတယ်။ အိမ်မှာ ဒါမှမဟုတ် ရုံးမှာပဲ အထိုင်အနေနဲ့ အသုံးပြုမယ်ဆိုရင် iMac 24” နဲ့ Mac Mini တွေကို စဥ်းစားသင့်ပြီး၊ အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲဖြစ်ဖြစ် ထသွားထလာယူသွားပြီး အသုံးပြုဖို့အတွက်ဆိုရင်တော့ MacBook Pro သို့မဟုတ် MacBook Air ကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ 

ဒီနေရာမှာ MacBook တွေကို အိမ် ဒါမှမဟုတ် ရုံးမှာလည်း အထိုင်အနေနဲ့ USB-C ကနေတစ်ဆင့် External Display ချိတ်ဆက်ပြီးအသုံးပြုနိုင်တဲ့အတွက် တကယ်လို့ Laptop ရှိပြီးသားမဟုတ်ရင်တော့ MacBook တွေက ပိုပြီးအဆင်ပြေနိုင်ပါတယ်။ 

M1 iMac 24” 

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ iMac 24” ကတော့ အိမ် ဒါမှမဟုတ် ရုံးမှာပဲ အထိုင်ချပြီးအသုံးပြုမယ့်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်ပါတယ်။ ယခင် Generation တွေနဲ့ယှဥ်မယ်ဆိုရင် အရောင်အများအပြားပိုပြီးရွေးချယ်လာနိုင်သလို အထူကလည်း 11.5mm ပဲရှိတဲ့အတွက် အလွန်ပါးလွှာတယ်လို့ ပြောနိုင်ပါတယ်။ အလေးချိန်ကလည်း 10lb အောက်ပဲရှိပြီး Magnetic Power Connector ကိုအသုံးပြုထားတဲ့အတွက် တကယ်လို့ နေရာရွေ့ပြောင်းဖို့ လိုအပ်တယ်ဆိုရင်တောင် ယခင်ထက်ပိုပြီး လွယ်ကူမှာဖြစ်ပါတယ်။ 

Performance ပိုင်းအနေနဲ့ကတော့ Apple M1 Chip ကိုပဲ အသုံးပြုထားတဲ့အတွက် ယခင် 21.5” iMac ထက် CPU ပိုင်းမှာ ၈၅ ရာခိုင်နှုန်းနဲ့ GPU ပိုင်းမှာ ၂ ဆဝန်းကျင်ပိုကောင်းမွန်မှာပါ။ အမြင့်ဆုံး 16GB Memory နဲ့ 2TB SSD အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

Display အနေနဲ့ကတော့ 24” 4.5K Retina Display ကိုအသုံးပြုထားပြီး 1080p FaceTime Camera ၊ Six-Speaker Sound System နဲ့ Studio-quality Three-microphone Array တွေလည်း ပါဝင်တဲ့အတွက် Photo ၊ Video Editing တွေ၊ Video Conferencing အပြင် ပုံမှန်အတိုင်း Web Browsing နဲ့ ရုပ်ရှင်ကြည့်ဖို့အတွက်လည်း အကောင်းဆုံးရွေးချယ်စရာဖြစ်မှာပါ။ 

M1 Mac Mini 

M1 Mac Mini ကတော့ လက်ရှိဝယ်ယူနိုင်တဲ့ Mac ကွန်ပျူတာတွေထဲမှာ စျေးနှုန်းအရ အသက်သာဆုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း သီးသန့် Monitor နဲ့ Keyboard ၊ Mouse တွေပါ ဝယ်ယူဖို့လိုအပ်မှာဖြစ်တဲ့အတွက် Overall စျေးနှုန်းအရ M1 iMac 24” နီးပါးအထိ ရွေးချယ်တဲ့ပေါ်မှုတည်ပြီး ကျသွားနိုင်ပါတယ်။ အဲ့ဒီအတွက် M1 Mac Mini က ကိုယ့်ဆီမှာ Desktop PC တစ်ခုရှိနေပြီး နောက်ထပ် MacOS Device တစ်ခုအနေနဲ့ သုံးစွဲချင်တဲ့သူတွေအတွက် ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။  

M1 Mac Mini ရဲ့ အားသာချက်ကတော့ အရွယ်အစားပဲဖြစ်ပြီး စာအုပ်တစ်အုပ်လောက်ပဲရှိတဲ့အတွက် စားပွဲပေါ်မှာတင်ထားမယ်ဆိုရင်တောင် သိသိသာသာနေရာယူမှာမဟုတ်ပါဘူး။ စွမ်းဆောင်ရည်ပိုင်းမှာလည်း တခြား iMac 24” ၊ MacBook Air ၊ MacBook Pro 13-inch တို့လိုမျိုး Apple M1 Chip ကိုပဲ အသုံးပြုထားတဲ့အတွက် တကယ်ကိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို ရရှိဦးမှာဖြစ်ပါတယ်။ 

M1 MacBook Air 

Apple M1 Chip ကြောင့် MacBook Air ဟာ လက်ရှိအချိန်မှာ ပေးရတဲ့စျေးနဲ့ အတန်ဆုံး MacBook ဖြစ်လာတယ်လို့ပြောရင်မမှားပါဘူး။ 

ယခင်ထဲက ပါးလွှာပေါ့ပါးတဲ့ Design နဲ့ ရွေးချယ်စရာများပြားတဲ့အရောင်တွေကြောင့် လူကြိုက်များခဲ့တဲ့ MacBook Air ဟာ M1 Chip ကြောင့် စွမ်းဆောင်ရည်ပိုင်းမှာရော၊ Battery Life အနေနဲ့ပါ အကောင်းဆုံး Laptop တစ်ခုဖြစ်လာပါတယ်။ နောက်ထပ် MacBook Air ရဲ့ အားသာချက်ကတော့ Fanless Design ကို အသုံးပြုထားတဲ့အတွက် လုံးဝကို အသုံးပြုရတာ တိတ်ဆိတ်နေပြီး ပန်ကာသံကြားရမှာမဟုတ်ပါဘူး။ 

ပုံမှန် Web Browsing ၊  Content Writing ဒါမှမဟုတ် Coding ပြုလုပ်ဖို့အတွက်နဲ့ အပြင်ကိုအမြဲတမ်း သယ်သွားဖို့လိုအပ်တဲ့သူတွေအတွက် MacBook Air က အကောင်းဆုံးရွေးချယ်စရာလို့ ပြောနိုင်ပါတယ်။ ဒါမှမဟုတ် မိန်းကလေးတွေနဲ့ အခုမှ MacBook ကို စတင်အသုံးပြုချင်တဲ့သူတွေအတွက် လက်ဆောင်ပေးဖို့လည်း သင့်တော်ပါတယ်။ 

M1 MacBook Pro 13-inch 

M1 MacBook Pro 13-inch ကတော့ စွမ်းဆောင်ရည်ပိုင်းမှာ MacBook Air နဲ့ဆင်တူပေမယ့် Cooling Fan ပါဝင်လာတဲ့အတွက် Video Editing ၊ Rendering လိုမျိုး CPU ကို အချိန်ကြာကြာအသုံးပြုရတဲ့ Workload တွေမှာ ပိုပြီးကောင်းမွန်မှာဖြစ်ပါတယ်။ Professional တွေအဓိကရွေးချယ်ကြတဲ့ MacBook Pro 13-inch ဟာ M1 Chip ကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ ယခင်ထက်ပိုပြီး ကောင်းမွန်လာပါတယ်။ 

ဒါပေမယ့် M1 MacBook Pro 13-inch ဟာ MacBook Air လိုမျိုး M1 Chip ကို အသုံးပြုထားတာမှန်ပေမယ့် ပိုကောင်းမွန်တဲ့ Display ၊ Speakers နဲ့ Touch Bar လိုမျိုး အသုံးဝင်တဲ့ Feature တွေပါဝင်မှာဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း နာရီ ၂၀ အထိ အသုံးပြုနိုင်တဲ့အတွက် လက်ရှိ MacBook တွေအားလုံးထဲမှာ Battery သက်တမ်းအကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ 

MacBook Pro 13-inch ကတော့ Overall ပြောရမယ်ဆိုရင် Creative Application တွေကို အမြဲတမ်းအသုံးပြုနေရတဲ့သူတွေအတွက် ပိုပြီးသင့်တော်မှာပါ။ တကယ်လို့ ပုံမှန်အတိုင်းပဲ Web Browsing နဲ့ တခြား Light Usage လောက်ပဲ အသုံးပြုမယ်ဆိုရင်တော့ MacBook Air ကလည်း အဆင်ပြေမှာဖြစ်ပါတယ်။ 

MacBook Pro 16-inch 

ဒါကတော့ လက်ရှိ Apple Mac ကွန်ပျူတာတွေမှာ M1 Chip ကို ပြောင်းလဲခြင်းမရှိသေးဘဲ Intel Processor ကိုပဲ ဆက်လက်အသုံးပြုနေတဲ့ Model ဖြစ်ပါတယ်။ Processor ပိုင်းမှာ Intel i7 (9th Gen) သို့မဟုတ် Intel i9 (9th Gen) ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

MacBook Pro 16-inch ဟာ စွမ်းဆောင်ရည်ပိုင်းမှာတော့ Apple M1 Chip အသုံးပြုထားတဲ့ တခြား MacBook တွေနဲ့ယှဥ်ရင် အများကြီးပိုပြီး မသာပေမယ့် AMD Radeon Graphic Card ကိုအသုံးပြုထားတဲ့အတွက် GPU ပိုင်းလိုအပ်တဲ့ Workload တွေနဲ့ Intel Processor နဲ့ ပိုပြီးအဆင်ပြေတဲ့ Software တွေအတွက်ကတော့ အဆင်ပြေဦးမှာဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက လက်ရှိ M1 MacBook တွေထက် Port တွေလည်းပိုပြီး ပါဝင်မှာပါ။

Previous article iPad Air 4 နဲ့ M1 iPad Pro (2021) ကို နှိုင်းယှဥ်ကြည့်ခြင်း
Next article Work from Home Lifestyle နဲ့ ရုံးတွေအတွက် အလိုက်ဖက်ဆုံးဖြစ်လာမယ့် iMac 24” (2021)