Skip to content
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
Customer Care Hot Line - 09969911666 (9:00AM - 8:00PM)
အခုအချိန်မှာ Mac ဝယ်ဖို့စဉ်းစားနေရင် ဘာတွေသိထားသင့်သလဲ

အခုအချိန်မှာ Mac ဝယ်ဖို့စဉ်းစားနေရင် ဘာတွေသိထားသင့်သလဲ

Apple ရဲ့ Mac ကွန်ပျူတာတွေဟာ ရေရှည်အသုံးပြုဖို့အတွက် အသင့်တော်ဆုံးဖြစ်သလို ကိုယ့်အတွက်လည်း ကောင်းမွန်တဲ့ Impression တစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Apple ရဲ့ macOS မှာအသုံးပြုနိုင်တဲ့ Software တွေဟာလည်း တကယ်ကို Professional တွေအတွက် စိတ်ကြိုက်ဖြစ်စေမှာပါ။ 

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Apple ကနေ Laptop တွေအနေနဲ့ M1 MacBook Air ၊ M1 MacBook Pro 13 တွေအပြင် Intel Version MacBook Pro 13 နဲ့ Intel version MacBook Pro 16 တွေကို ထုတ်လုပ်ထားသလို အထိုင်အသုံးပြုချင်တဲ့သူတွေအတွက်လည်း M1 Mac Mini နဲ့ M1 iMac 24” လိုမျိုးကို မိတ်ဆက်ထားပါတယ်။ အဲ့ဒီအတွက် ကိုယ်က ဘယ် Mac ကို ဝယ်ယူအသုံးပြုသင့်သလဲ၊ ဘယ် Mac ကို ဝယ်မယ်ဆိုရင် ဘာတွေသိထားသင့်သလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ 

အရင်ဆုံး Apple ကနေ လက်ရှိအချိန်မှာ အဝယ်ယူသင့်ဆုံး Mac ကွန်ပျူတာတွေအကြောင်းကို အနည်းငယ်ပြောပြပေးသွားပါမယ်။ 

M1 MacBook Air

Apple MacBook ကို အခုမှစပြီးအသုံးပြုမယ်၊ ဒါမှမဟုတ် ပုံမှန် Web Browsing ၊ Office အတွက်ပဲ အသုံးပြုဖို့ရည်ရွယ်ထားတယ်ဆိုရင် M1 MacBook Air က Recommend ပေးလို့အကောင်းဆုံးဖြစ်ပါတယ်။ Apple ရဲ့ ကိုယ်ပိုင် M1 Chip ကို အသုံးပြုထားတဲ့အတွက်ကြောင့် စွမ်းဆောင်ရည်ပိုင်းမှာ အကောင်းဆုံးဖြစ်နေသလို Fanless Design ကြောင့် အသုံးပြုတဲ့အချိန်မှာလည်း လုံးဝကို Silent ဖြစ်နေစေမှာပါ။ 

Display အနေနဲ့လည်း 13.3” Retina Display ပါဝင်ပြီး Magic Keyboard အသစ်ကိုလည်း အသုံးပြုပေးထားပါတယ်။ Touch Bar ပါဝင်ခြင်းမရှိပေမယ့်လည်း Touch ID ကို ထည့်သွင်းထားတဲ့အတွက် Login ပြုလုပ်တဲ့အချိန်မှာ ပိုပြီးစိတ်ချရစေမှာဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း M1 Chip ကြောင့် ၁8 နာရီအထိ အသုံးပြုနိုင်မှာပါ။ 

M1 MacBook Pro 13

M1 MacBook Pro 13 ဟာ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် Apple M1 Chip ကိုပဲ အသုံးပြုထားတဲ့အတွက် MacBook Air နဲ့ စွမ်းဆောင်ရည်တူတူပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် M1 MacBook Pro မှာ Cooling Fan ပါဝင်တဲ့ Active Cooling Design ကို အသုံးပြုထားတဲ့အတွက် Video Editing ၊ Rendering လိုမျိုး CPU ကို အချိန်ကြာကြာအသုံးပြုရတဲ့ Workload တွေမှာ ပိုပြီးကောင်းမွန်မှာဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းတွေအနေနဲ့ကတော့ 13.3” Retina Display ဟာ MacBook Air ထက် Brightness ပိုင်းပိုကောင်းမွန်သလို ပိုပြီးအသံထွက်ကောင်းမွန်တဲ့ Stereo Speaker Setup ပါဝင်မှာဖြစ်ပါတယ်။ Touch ID အပြင် Touch Bar ကိုပါ ထည့်သွင်းထားပြီး Battery Life အနေနဲ့လည်း နာရီ ၂၀ အထိ အသုံးပြုနိုင်တဲ့အတွက် လက်ရှိ MacBook တွေအားလုံးထဲမှာ အကောင်းဆုံးလို့ပြောနိုင်ပါတယ်။ 

MacBook Pro 16

ဒါကတော့ လက်ရှိ Apple Mac ကွန်ပျူတာတွေမှာ M1 Chip ကို ပြောင်းလဲခြင်းမရှိသေးဘဲ Intel Processor ကိုပဲ ဆက်လက်အသုံးပြုနေတဲ့ Model ဖြစ်ပါတယ်။ Processor ပိုင်းမှာ Intel i7 (9th Gen) သို့မဟုတ် Intel i9 (9th Gen) ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

MacBook Pro 16-inch ဟာ စွမ်းဆောင်ရည်ပိုင်းမှာတော့ Apple M1 Chip အသုံးပြုထားတဲ့ တခြား MacBook တွေနဲ့ယှဥ်ရင် အများကြီးပိုပြီး မသာပေမယ့် AMD Radeon Graphic Card ကိုအသုံးပြုထားတဲ့အတွက် GPU ပိုင်းလိုအပ်တဲ့ Workload တွေနဲ့ Intel Processor နဲ့ ပိုပြီးအဆင်ပြေတဲ့ Software တွေအတွက်ကတော့ အဆင်ပြေဦးမှာဖြစ်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက လက်ရှိ M1 MacBook တွေထက် Port တွေလည်းပိုပြီး ပါဝင်မှာပါ။ 

M1 Mac Mini 

M1 Mac Mini ကတော့ macOS ကိုလည်း အထိုင်အနေနဲ့ အသုံးပြုချင်တယ်၊ ပုံမှန် Desktop PC လိုမျိုး စားပွဲမှာလည်း နေရာသိပ်မယူစေချင်တဲ့သူတွေအတွက် အဆင်ပြေမှာဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဆီမှာ Monitor နဲ့ Keyboard/Mouse တွေရှိနေပြီးဖြစ်နေတဲ့အတွက် စွမ်းဆောင်ရည်ကောင်းပြီး ရေရှည်စိတ်ချရတဲ့ ကွန်ပျူတာတစ်လုံးဆင်ထားချင်တဲ့သူတွေအတွက်လည်း Recommend ပေးလို့ရပါတယ်။ 

Apple M1 Chip ကြောင့် M1 Mac Mini ဟာ စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိ M1 MacBook Pro နဲ့ အတူတူပဲလို့တောင် ပြောနိုင်ပါတယ်။ Port တွေအနေနဲ့လည်း ပိုမိုစုံလင်ပြီး Wi-Fi 6 ၊ Bluetooth 5 လိုမျိုး Connectivity ပိုင်းမှာလည်း အကောင်းဆုံးဖြစ်နေမှာပါ။ အားသာချက်အနေနဲ့ကတော့ M1 Mac Mini ဟာ စာအုပ်တစ်အုပ်လောက်ပဲ အရွယ်အစားရှိတဲ့အတွက် ကိုယ့်စားပွဲပေါ်မှာထားရင်တောင် ပျောက်နေမှာဖြစ်ပါတယ်။ 

M1 iMac 24” 

Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ iMac 24” ကတော့ အိမ် ဒါမှမဟုတ် ရုံးမှာပဲ အထိုင်ချပြီးအသုံးပြုမယ့်သူတွေအတွက် အကောင်းဆုံးရွေးချယ်စရာဖြစ်ပါတယ်။ ယခင် Generation တွေနဲ့ယှဥ်မယ်ဆိုရင် အရောင်အများအပြားပိုပြီးရွေးချယ်လာနိုင်သလို အထူကလည်း 11.5mm ပဲရှိတဲ့အတွက် အလွန်ပါးလွှာတယ်လို့ ပြောနိုင်ပါတယ်။ အလေးချိန်ကလည်း 10lb အောက်ပဲရှိပြီး Magnetic Power Connector ကိုအသုံးပြုထားတဲ့အတွက် တကယ်လို့ နေရာရွေ့ပြောင်းဖို့ လိုအပ်တယ်ဆိုရင်တောင် ယခင်ထက်ပိုပြီး လွယ်ကူမှာဖြစ်ပါတယ်။ 

Performance ပိုင်းအနေနဲ့ကတော့ Apple M1 Chip ကိုပဲ အသုံးပြုထားတဲ့အတွက် ယခင် 21.5” iMac ထက် CPU ပိုင်းမှာ ၈၅ ရာခိုင်နှုန်းနဲ့ GPU ပိုင်းမှာ ၂ ဆဝန်းကျင်ပိုကောင်းမွန်မှာပါ။ အမြင့်ဆုံး 16GB Memory နဲ့ 2TB SSD အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

Display အနေနဲ့ကတော့ 24” 4.5K Retina Display ကိုအသုံးပြုထားပြီး 1080p FaceTime Camera ၊ Six-Speaker Sound System နဲ့ Studio-quality Three-microphone Array တွေလည်း ပါဝင်တဲ့အတွက် Photo ၊ Video Editing တွေ၊ Video Conferencing အပြင် ပုံမှန်အတိုင်း Web Browsing နဲ့ ရုပ်ရှင်ကြည့်ဖို့အတွက်လည်း အကောင်းဆုံးရွေးချယ်စရာဖြစ်မှာပါ။ 

အခုပြောသွားတာကတော့ Mac ကွန်ပျူတာဝယ်မယ်ဆိုရင် လက်ရှိအချိန်မှာ ရွေးချယ်ဝယ်ယူနိုင်တဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အဓိကထားပြီး စဥ်းစားရမယ့်အချက်တွေကို ဖော်ပြပေးသွားပါမယ်။ 

အသုံးပြုမယ့်နေရာကို အရင်ဆုံးစဥ်းစားပါ

MacBook တွေကိုရွေးချယ်မယ်ဆိုရင် အထိုင်အနေနဲ့ အသုံးပြုနိုင်သလို ထသွားထလာ အသုံးပြုဖို့အတွက်ပါ သင့်တော်မှာဖြစ်ပါတယ်။ ဒါပေမယ့် MacBook တွေဟာ တကယ်တမ်း အထိုင်အသုံးပြုတာပဲများမယ်ဆိုရင် သီးသန့် External Monitor ကိုပဲ ချိတ်ဆက်ပြီး အလုပ်လုပ်တာက ပိုပြီး Productive ဖြစ်တာကြောင့် External Monitor အတွက် စရိတ်ထပ်မံကုန်ကျနိုင်ပါတယ်။ 

အဲ့ဒီအတွက် တကယ်လို့ ကိုယ်က အိမ်မှာ သို့မဟုတ် အလုပ်မှာပဲ ထိုင်ပြီးအလုပ်လုပ်ဖြစ်တယ်ဆိုရင် M1 iMac 24” သို့မဟုတ် M1 Mac Mini ကိုပဲရွေးချယ်လိုက်တာက ပိုပြီးအဆင်ပြေမှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ Work From Home အနေနဲ့ ပြန်လည်အလုပ်လုပ်ရတာများလာတဲ့အတွက် M1 iMac 24” လိုမျိုးဆိုရင် အိမ်မှာရှိထားသင့်တယ်လို့တောင် ပြောနိုင်ပါတယ်။ 

Apple M1 Chip ရွေးရမလား၊ Intel Processor ပါတဲ့ Mac ပဲရွေးသင့်သလား 

ဒါကတော့ Apple ဟာ လာမယ့်နှစ်ပိုင်းအတွင်းမှာ ကိုယ်ပိုင် Apple Chipset ကိုပဲ Mac ကွန်ပျူတာတွေထဲမှာ အသုံးပြုသွားမှာဖြစ်တဲ့အတွက် နောက်ထပ် Intel Processor အသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေကို မြင်တွေ့ရဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါပြီ။ အဲ့ဒီအတွက် လူအများစုအတွက်ကတော့ Apple M1 Chip ပါဝင်တဲ့ Mac ကွန်ပျူတာတွေက စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုကောင်းမွန်သလို Battery Life လည်း ပိုမြင့်မားတဲ့အတွက် ရွေးချယ်သင့်တယ်လို့ ပြောနိုင်ပါတယ်။ 

ဒါပေမယ့် တချို့သော Software တွေဟာ Apple M1 Chip နဲ့အဆင်မပြေသေးတာ၊ ဒါမှမဟုတ် သီးသန့် Graphic Card လိုအပ်တာတွေရှိနိုင်ပြီးတော့ ကိုယ်အသုံးပြုရမယ့် Software က M1 Chip အတွက် ကောင်းကောင်း Support ပြုလုပ်ခြင်းမရှိသေးဘူးဆိုရင်တော့ Intel Processor အသုံးပြုထားတဲ့ Mac ကွန်ပျူတာတွေကို ပြန်လည်စဥ်းစားသင့်ပါတယ်။ နောက်ပိုင်းမှာ Software အကုန်လုံးနီးပါးကို M1 Chip အတွက် ထုတ်ပေးသွားမယ်ဆိုပေမယ့် ကိုယ်က တရားဝင်ဝယ်ယူအသုံးပြုတာမဟုတ်ဘဲ Crack အသုံးပြုတာမျိုးဆိုရင်တော့ Support ပြုလုပ်မယ့်အချိန်က အနည်းငယ်နောက်ကျနိုင်ပါတယ်။ 

MacBook Air နဲ့ MacBook Pro ဘာပိုရွေးချယ်သင့်သလဲ

အမှန်အတိုင်းပြောရမယ်ဆိုရင် ဒါက ကိုယ့်အနေနဲ့ CPU Intensive ဖြစ်တဲ့ Heavy Workload တွေ၊ Productive Software တွေဘယ်လောက်အသုံးပြုနေသလဲဆိုတဲ့အပေါ်မှာပဲ အဓိကမူတည်မှာဖြစ်ပါတယ်။ ပုံမှန် ရုံးသုံးနဲ့ Web Browsing အတွက်ကတော့ MacBook Air ဟာလည်း လုံလောက်တာထက် ပိုတဲ့စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ 

တဖက်မှာလည်း MacBook Air ဟာ ရွေးချယ်နိုင်တဲ့အရောင်တွေနဲ့ Design ပိုင်းပိုလှပသလို MacBook Pro ကို ရွေးချယ်မယ်ဆိုရင်လည်း Display ၊ Speaker နဲ့ Touch Bar လိုနေရာမျိုးမှာ အနည်းငယ်ပိုအားသာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ MacBook ၂ မျိုးစလုံးဟာ ကိုယ့်အသုံးပြုမှုအပေါ်ပြီး ရွေးချယ်ရမှာပါ။ သေချာတာကတော့ ဘယ် MacBook ကိုပဲ ရွေးချယ်ပါစေ၊ လုံးဝ စွမ်းဆောင်ရည်ပိုင်းမှာတော့ နောင်တရမှာမဟုတ်ပါဘူး။ 

အခုပြောသွားတာကတော့ Apple Mac ကွန်ပျူတာတွေဝယ်ယူမယ်ဆိုရင် ကျိန်းသေသိထားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။  Mac ကွန်ပျူတာတွေတင်မဟုတ်ဘဲ တခြားသော Apple Product တွေကို စိတ်ချလက်ချဝယ်ယူချင်တယ်ဆိုရင် နီးစပ်ရာ iSure ဆိုင် သို့မဟုတ် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူနိုင်ပြီး အိမ်အရောက် Free Delivery ရရှိနိုင်မယ့်အပြင် နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Previous article ကိုယ့်အတွက် အကိုက်ညီဆုံး Apple Watch ကို ဘယ်လိုရွေးချယ်မလဲ
Next article 2021 မှာ iPad မဝယ်ခင် သိထားသင့်တဲ့ အချက်တွေ