Skip to content
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
(၈) သိန်းနှင့်အထက် Order များကို Digital Payment များဖြင့် ပေးချေလိုပါက ကျသင့်ငွေအပေါ်တွင် 6% ထပ်ပေါင်း၍ ‌ဝယ်ယူနိုင်ပါသည်။
Kase Lens Filter တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးချကြမလဲ

Kase Lens Filter တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးချကြမလဲ

အခုနောက်ပိုင်းမှာ iPhone အသစ်တွေအပါအဝင် စမတ်ဖုန်းအများအပြားဟာ Multiple Camera Setup တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် Telephoto ၊ Ultrawide လိုမျိုး ဓါတ်ပုံတွေရိုက်ကူးချင်တယ်ဆိုရင် သီးသန့် Lens ကို ကျိန်းသေဝယ်ယူဖို့မလိုအပ်ဘဲ ရိုက်ကူးနိုင်မှာပါ။ 

ဒါပေမယ့်လည်း ဒီလိုမျိုး Lens တွေပြောင်းလဲရိုက်ကူးနိုင်ပေမယ့် လက်ရှိ iPhone တွေအပါအဝင် စမတ်ဖုန်းတွေအများအပြားမှာ ပြုလုပ်နိုင်ခြင်းမရှိသေးတဲ့အရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ Lens Filter တွေကို အသုံးပြုပြီး ဓါတ်ပုံရိုက်ကူးတာပဲဖြစ်ပါတယ်။ 

ဒီလိုမျိုး Lens Filter တွေက Professional DSLR/Mirrorless Camera ရိုက်ကူးသူတွေအတွက်ကတော့ ရင်းနှီးနေမှာဖြစ်ပေမယ့် စမတ်ဖုန်းအသုံးပြုသူတွေအနေနဲ့ကတော့ အနည်းငယ်စိမ်းနေနိုင်ပါတယ်။ Lens Filter တွေဟာ Instagram Filter နဲ့ Camera App အတွင်းက Filter တွေနဲ့ တူညီခြင်းမရှိဘဲ ဓါတ်ပုံကို အရောင်ပြောင်းလဲတာထက် ပိုတဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါတွေက အသုံးပြုတဲ့ Filter ပေါ်မှုတည်ပြီး ရောင်ပြန်ဟပ်မှုတွေကို ဖယ်ရှားတာ၊ Long Exposure ရိုက်ကူးတဲ့အချိန်မှာ Overexposed မဖြစ်သွားအောင် ထိန်းညှိပေးတာလိုမျိုးတွေ စသဖြင့် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။

အခုဆိုရင် Kase Brand ကနေ ထုတ်လုပ််ထားတဲ့ Magnetic Lens Filter တွေကို iSure Website နဲ့ နီးစပ်ရာဆိုင်ခွဲတွေမှာ ဝယ်ယူနိုင်ပြီဖြစ်ပြီး အခု Article မှာတော့ ဘယ် Kase Lens Filter တွေကို ဘယ်နေရာမှာ အသုံးချနိုင်တယ်ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Smartphone Lens Filter တွေကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် ဘယ် Lens Filter က ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ရွေးချယ်နိုင်မှာပါ။ 

Kase ကနေ လက်ရှိရောင်းချပေးနေတဲ့ Lens Filter တွေအနေနဲ့ကတော့ CPL Filter ၊ GND Filter ၊ Light Pollution Filter နဲ့ ND Filter တွေပဲဖြစ်ပါတယ်။ ဒီ Lens Filter တွေဟာ အရွယ်အစားကြီးမားတဲ့ 35mm Diameter ရှိတဲ့အတွက် Triple Camera Setup ဖုန်းတွေမှာတောင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကိုယ်အသုံးမပြုတဲ့ Camera Lens ကို ကွယ်ထားဖို့အတွက်လည်း Rubber Pad တစ်ခုပါဝင်မှာပါ။ 

CPL Filter 

အရင်ဆုံး CPL Filter လို့ခေါ်တဲ့ Circular Polarizer/Linear Filter အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ CPL Filter ကို အဓိကအသုံးပြုသင့်တဲ့အချိန်ကတော့ ကိုယ်ရိုက်ကူးမယ့် Subject ဟာ ရေပြင်ပေါ်မှာ သို့မဟုတ် ဖန်ခွက်ထဲမှာဖြစ်နေပြီး ပုံမှန်အတိုင်းရိုက်ကူးမယ်ဆိုရင် ရောင်ပြန်ဟပ်နေတဲ့ ပြဿနာကို ဖယ်ရှားဖို့အတွက်ဖြစ်ပါတယ်။ ဒါမှမဟုတ် အဆောက်အဦးရဲ့ ပြတင်းပေါက်တွေကို ရိုက်ကူးတဲ့အချိန်မှာ နေရောင်ပြန်ဟပ်နေတာကို ဖယ်ရှားဖို့အတွက်လည်း ရိုက်ကူးနိုင်ပါတယ်။ အထူးသဖြင့် Outdoor Photography ပိုင်းမှာ ပိုပြီးအသုံးပြုသင့်ပြီး နေရောင်အရမ်းပြင်းတဲ့အချိန်မှာ တိမ် သို့မဟုတ် ကောင်းကင်နဲ့ တွဲဖက်ပြီး ရိုက်ကူးချင်တယ်ဆိုရင်လည်း ဒီ CPL Filter က ကူညီပေးနိုင်မှာဖြစ်ပါတယ်။ 

ဒါပေမယ့် လူလိုမျိုး Subject တွေကို ရိုက်ကူးမယ်ဆိုရင်တော့ ရောင်ပြန်ဟပ်တာနဲ့ နေအလင်းရောင်က ပိုပြီး ထင်ရှားစေတဲ့အတွက် ဒီ CPL Filter ကို အသုံးမပြုတာက ပိုအဆင်ပြေနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် Outdoor Photography ရိုက်ကူးတဲ့သူတွေနဲ့ Reflection ဝင်တဲ့ပြဿနာကို ခဏခဏကြုံနေရတယ်ဆိုရင် ဒီ CPL Filter က အဆင်ပြေစေမှာပါ။ 

GND Filter 

ဒီ GND Filter လို့ခေါ်တဲ့ Graduated Neutral Density Filter ကတော့ လူသုံးများတဲ့ ND Filter နဲ့ အလုပ်လုပ်ပုံအနည်းငယ်ဆင်တူပါတယ်။ Graduated လို့ ခေါ်ဆိုထားတဲ့အတိုင်း GND Filter ဟာ Gray နဲ့ Transparent Layer တစ်ဝက်စီပါဝင်မှာဖြစ်ပြီး အလင်းရောင်ဝင်ရောက်မှုအချိုးကို မျှတစေမှာဖြစ်ပါတယ်။ 

GND Filter ကို Landscape Photography ပိုင်းမှာ အဓိကအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဥပမာ နေဝင်ချိန်၊ နေထွက်ချိန်ကို ရိုက်ကူးမယ်ဆိုရင် နေရောင်ကို လျော့ချပေးပြီး ဓါတ်ပုံကို Overexposed မဖြစ်စေဘဲ Highlight တွေကိုပါ လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ GND Filter ရဲ့ အားသာချက်ကတော့ လိုသလိုအသုံးပြုနိုင်တာဖြစ်ပြီး ဓါတ်ပုံတစ်ခုလုံးရဲ့ အရောင်တွေကိုလည်း ပျက်စီးစေမှာမဟုတ်ပါဘူး။ 

Light Pollution Filter 

Light Pollution Filter ကို တနည်းအားဖြင့် Neutral Night Filter လို့လည်း ခေါ်ဆိုပြီးတော့ အဓိကအနေနဲ့ ညဘက်ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ အသုံးဝင်မှာဖြစ်ပါတယ်။ အဓိကအနေနဲ့ ပုံမှန်အတိုင်း ဓါတ်ပုံရိုက်မယ်ဆိုရင် ဖြစ်တတ်တဲ့ လမ်းမီး၊ ကားမီးတွေလိုမျိုး ညဘက်မှာ အဝါရောင်ဘက်အရမ်းရောက်နေတာကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ 

ဒီ Light Pollution Filter ဟာ ညဘက်ရိုက်ကူးတဲ့ဓါတ်ပုံတွေကို Natural ပိုဆန်စေမှာဖြစ်ပြီး တကယ်လို့ ကောင်းကင်ကို ရိုက်ကူးတဲ့ Astrophotography ပိုင်းမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

ND Filter 

ဒီ ND (Neutral Density) Filter ကတော့ လူသုံးအများဆုံး Filter တစ်ခုဖြစ်ပြီးတော့ ကိုယ်က Long Exposure ဓါတ်ပုံတွေရိုက်ကူးနေကြဆိုရင် ရင်းနှီးပြီးသားဖြစ်မှာပါ။ Kase ND Filter တွေထဲမှာ ND512 နဲ့ ND4000 ဆိုပြီး ND Filter ၂ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

ND512 Filter ဟာ Exposure ကို 9 Stops လျော့ချပေးနိုင်မှာဖြစ်ပြီး ပုံမှန် နေလုံး သို့မဟုတ် ကောင်းကင်ကို နေ့လည်ဘက်ရိုက်ကူးတဲ့အချိန်မှာ အလင်းရောင်ကို လျော့ချပေးဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ND4000 Filter ကတော့ Exposure ကို 12 Stops အထိ လျော့ချပေးတဲ့အတွက် Long Exposure ရိုက်ကူးမှုတွေအတွက်ပဲ ပိုပြီးသင့်တော်မှာဖြစ်ပါတယ်။ 

ဘာကြောင့် ND Filter တွေကို စမတ်ဖုန်းမှာပိုပြီးအသုံးပြုသင့်သလဲဆိုရင် Professional Camera တွေလိုမျိုး Aperture ကို စိတ်ကြိုက်ပြင်ဆင်လို့မရတဲ့အတွက် အလင်းရောင်ကို ထိန်းညှိဖို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ND Filter တွေနဲ့ ရိုက်ကူးထားတဲ့ Long Exposure ဓါတ်ပုံတွေဟာ အမြဲတမ်းကွဲထွက်နေမှာဖြစ်ပြီး လူစိတ်ဝင်စားမှုကိုလည်း ပိုပြီးရရှိမှာဖြစ်ပါတယ်။ 

တစ်ခုရှိတာကတော့ အခု ND Filter ကို အသုံးပြုမယ်ဆိုရင် ဘေးဘက်ကို Light Bleed မဖြစ်စေဖို့အတွက် Rubber Pad နဲ့ခံပြီးအသုံးပြုသင့်ပါတယ်။ 

အခုပြောသွားတာကတော့ iPhone အပါအဝင် စမတ်ဖုန်းတိုင်းမှာအသုံးပြုနိုင်တဲ့ Lens Filter တွေအကြောင်းကို ပြောပြပေးသွားတာဖြစ်ပါတယ်။ ဒီ Lens Filter တွေကို ကိုယ့်ဖုန်းမှာ ဒီအတိုင်းအသုံးပြုနိုင်တဲ့အပြင် Kase ကနေ ထုတ်လုပ်ထားတဲ့ Lens တွေနဲ့ပါ တွဲဖက်အသုံးပြုနိုင်ပါသေးတယ်။ 

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Mobile Photography နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို စိတ်ဝင်စားတယ်ဆိုရင် iSure ရဲ့ Website ဖြစ်တဲ့ isuremyanmar.com ကနေဝယ်ယူမယ်ဆိုရင် အိမ်အရောက် Free Delivery ရရှိမှာဖြစ်ပြီး နီးစပ်ရာ iSure ဆိုင်ခွဲတွေမှာ ကိုယ်တိုင်လာရောက်ဝယ်ယူမယ်ဆိုရင်လည်း ငွေကျပ် (၁၀) သိန်းအထိ MPU​​​ ၊ Visa ၊ MasterCard ၊ Yoma​ ၊ AYA ၊ CB ၊ KBZ ၊ KPay အစရှိတဲ့ Digital Payment များဖြင့်လည်းပေးချေဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

Previous article M1 MacBook Air နဲ့ M1 MacBook Pro ကို အရိုးရှင်းဆုံး နှိုင်းယှဥ်ကြည့်ခြင်း
Next article လက်တွေ့အသုံးဝင်မယ့် macOS Monterey ရဲ့ အကောင်းဆုံး Feature အသစ်တွေ